မတ် ၃-၂၀၂၁ KKT ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကအင်အားသုံး ဖမ်းဆီးရာမှာ ဖမ်းဆီးခံရသူတချို့နဲ့ အဆက်အသွယ်မရတဲ့အပြင် ဘယ်မှာ ဖမ်းဆီးထားမှန်းမသိတဲ့အတွက် စိုးရိမ်ရတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ ဒီနေ့ မတ်လ ၃ရက်နေ့အထိ စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကအင်အားသုံးပြီး မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွင်းဖမ်းဆီးတာတွေ၊ ဆန္ဒပြပွဲအတွင်း အသွင်ယူဖမ်းဆီးတာတွေ၊ ဆန္ဒပြပွဲမှာ မပါဝင်သူတွေကိုပါ လိုက်လံဖမ်းဆီးတဲ့အတွက် လူ ၁၀၀ နီးပါး ဖမ်းဆီးခံထားရပါတယ်။ “သားက လ္ဘက်ရည်ဆိုင်မှာ အဖမ်းခံရတယ်။ သူဘယ်မှာရှိနေလဲ အခုထိမသိရဘူး။ တောင်ကလေးအကျဉ်းထောင် လိုက်တယ်။ မရှိဘူးပြောတယ်။ ရဲစခန်းလိုက်တယ်.မရှိဘူး ပြောတယ်။ အချုပ်ကားထဲမှာ ပါမလာဘူး။ ဘယ်မှာရှိလို့ ရှိနေမှန်းမသိရဘူး။ စိုးရိမ်တယ်” လို့ ဖမ်းခံရသူတဦးက မိသားစုဝင်တဦးက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်တရက်တည်းမှာ လူ ၈၀ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည့်တဲ့…
Read MoreMonth: March 2021
မတ္တရာမှာ လူစုခွဲဖို့ သတိပေးတာတွေရှိပေမယ့် သပိတ်စစ်ကြောင်းထွက်
မတ် ၃-၂၀၂၁ Voice Of Myanmar အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို မတ္တရာမှာ ဒီနေ့ ဆက်လုပ်ခဲ့ပြီး စစ်တပ်နဲ့ ရဲအင်အားတွေ အများအပြားချထားပြီး လူစုခွဲဖို့ လိုက်လံသတိပေးတာတွေရှိပေမယ့် စစ်ကြောင်းဆက်လက်ချီတက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ #VoiceOfMyanmar #VOM #မတ္တရာ #ဆန္ဒပြပွဲ
Read Moreကောလင်းမြို့က အစိုးရဌာနပေါင်းစုံပါဝင်တဲ့ ဆန္ဒပြပွဲ
မတ် ၃-၂၀၂၁ သတင်းဓာတ်ပုံ စိုင်းလူမင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့မှာ ဒီနေ့မတ်လ၃ရက်နေ့ မနက် ၁၀ နာရီအချိန်ကစလို့ အစိုးရဌာနပေါင်းစုံဝန်ထမ်းတွေနဲ့ ပြည်သူတွေဟာ ၂၄ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ကောလင်းမြို့ #ဆန္ဒပြ #၂၄ရက်မြောက်နေ့
Read Moreရန်ကုန်က ရဲတပ်သားနှစ်ဦး CDM မှာ ပါဝင်လာ
မတ် ၃-၂၀၂၁ Voice Of Myanmar အမှတ်(၉) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ လှိုင်သာယာက ရဲတပ်သား မျိုးမင်းထက် နဲ့ အမှတ်(၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ရွှေပြည်သာမှာ တာဝန်ကျနေတဲ့ ရဲတပ်သား အေးချမ်းအောင်တို့ဟာ စစ်အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့်ဆိုပြီး ရဲတပ်ဖွဲ့ကနေ နုတ်ထွက်ကာ CDM ပြုလုပ်ခဲ့ပါတယ်။ မနေ့ မတ်လ ၂ရက်နေ့ နေ့စွဲနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လိပ်မူပြီး နုတ်ထွက်ခွင့် တင်ပြခဲ့တာဖြစ်ပါတယ်။ ခုလို နုတ်ထွက်ရတာဟာ ရဲတပ်ဖွဲ့အပေါ်မှာ သစ္စာဖောက်တာမဟုတ်ဘဲ ပြည်သူလူထုနဲ့အတူ ပူးပေါင်းဖို့ CDM ပြုလုပ်ခြင်းသာဖြစ်တယ်လို့ နုတ်ထွက်စာမှာ ရေးထားတာကိုတွေ့ရပါတယ်။ အခုရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့ကနေ နုတ်ထွက်ပြီး CDM ပြုလုပ်တဲ့ ရဲအရာရှိနဲ့ တပ်သားတွေ များပြားလာတာကို တွေ့ရပါတယ်။ #VoiceOfMyanmar #VOM #ရဲတပ်သားနှစ်ဦး #CDMမှာပါဝင်လာ #ရန်ကုန်
Read Moreရွေးကောက်ပွဲအနိုင်ရ NLD ပါတီ အစိုးရဖွဲ့ပြီ
မတ် ၂-၂၀၂၁ Voice Of Myanmar ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေဟာ တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ အခြေအနေ မရှိတာကြောင့် နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေရဲ့ ကိုယ်စား ဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဝန်ကြီးဌာန ၉ ခုမှာ ခေတ္တပြည်ထောင်စုဝန်ကြီးတွေကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ဒီနေ့ မတ်လ ၂ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဒေါ်ဇင်မာအောင်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဦးလွင်ကိုလတ်ကို သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဦးတင်ထွန်းနိုင်ကို စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒေါက်တာဇော်ဝေစိုးကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနတို့မှာ ခေတ္တဝန်ကြီးတွေအဖြစ် တာဝန်ပေးလိုက်တာပါ။ ခုလိုမျိုး ခေတ္တဝန်ကြီးတွေ ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး CRPH အဖွဲ့ဝင် သန်လျင်မြို့နယ်…
Read Moreမန္တလေးမှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတွေက လိုက်လံဖြိုခွဲ
မန္တလေး၊ မတ်- ၂- ၂၀၂၁ (VOICE OF MYANMAR) မန္တလေးမှာ ဆန္ဒထုတ်ဖော်နေတဲ့ တပ်ပေါင်းစု သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ ရဲတွေက လိုက်လံဖြိုခွင်းရင်း လမ်းဘေးက ဆိုင်ကယ်၊ CCTVနဲ့ ကွမ်းယာဆိုင်တွေကိုပါ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #Mandalay #ဆန္ဒပြ #ဖြိုခွဲ #ဖျက်စီး
Read Moreပဲခူးမြို့ ပစ်ခတ်ဖြိုခွဲမှုဖြစ်စဉ်မှ သေဆုံးသူနှစ်ဦးရဲ့ နာရေးအခမ်းအနား လူထုသောင်းနဲ့ချီ တက်ရောက်
မတ် ၂-၂၀၂၁ ကောင်းလက်ျာ(VOM) ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ရက်နေ့က ပဲခူးမြို့နယ် ဘူတာကုန်းကျော်တံတားနဲ့ မြစ်ကူးတံတားအနီး ဆန္ဒဖော်ထုတ်နေကြစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့ရသူ လူငယ်နှစ်ဦးကို ဒီနေ့ မတ်လ ၂ရက်နေ့ မွန်းတည့် ၁၂ နာရီက တစ်ပြိုင်နက် သင်္ဂြိုလ်ခဲ့ပြီး အဲ့ဒီ ဈာပနအခမ်းနားကို မြို့ခံသောင်းနဲ့ချီ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ “နာရေးအိမ်တွေကနေ တစ်ပြိုင်နက်ထဲမှာပဲ ဆင်ဖြူကွင်းသုသာန်ကိုပို့ဆောင်သင်္ဂြိုလ်ခဲ့တာပါ။ လိုက်ပါပို့ဆောင်သူပြည့်ကြပ်နေပါတယ်။ အခု ဂူသွင်းနေပြီ” လို့ ပဲခူးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းက ပဲခူးမြို့ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်နေသူတွေကို ပစ်ခတ်ဖြိုခွဲခဲ့ရာမှာ မဇင်းရပ်ကွက် ဒိုဘီ ၁ လမ်းနေ ကိုကြည်လှိုင်မင်း(ခ) ဂေါင်းကြီး(၁၈ နှစ်)နဲ့ ဇိုင်းမြောက်ရပ်ကွက်နေ စည်သူစိုး(ခ)ကိုစိုး (၁၇နှစ်)တို့ သေဆုံးခဲ့ပြီး ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ…
Read Moreလှည်းတန်းမှာ ကျဆုံးခဲ့တဲ့ ကိုဇင်လင်းထက်ရဲ့ ဈာပနကို ကျိုက်ထိုမြို့မှာ ပြုလုပ်
မတ် ၁-၂၀၂၁ TRK ဖေဖော်ဝါရီ ၂၈ရက်နေ့က ရန်ကုန်မြို့ လှည်းတန်းက ဆန္ဒပြပွဲကို ရဲနဲ့ စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျည်ထိမှန်ပြီး သေဆုံးခဲ့တဲ့ ကိုဇင်လင်းထက်ရဲ့ ဈာပနကို ဒီနေ့ မတ်လ ၂ရက်နေ့က ကျိုက်ထိုမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ကိုဇင်လင်းထက်ဟာ ကျိုက်ထိုမြို့၊ ကွင်းကလေးကျေးရွာအုပ်စု၊ အင်းဝကျေးရွာဇာတိဖြစ်ပြီး ရန်ကုန်မှာ အဆောင်နေရင်း အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။ ကိုဇင်လင်းထက်ဟာ ကွယ်လွန်ချိန်မှာ အသက် ၂၀နှစ်သာ ရှိပါသေးတယ်။ ဓါတ်ပုံ – ကိုမောင်ကျော် #VoiceOfMyanmar #VOM #ကိုဇင်လင်းထက်ရဲ့နာရေး #ကျိုက်ထို
Read Moreကလေးမြို့က ဆန္ဒပြပြည်သူလူထု ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခံရ
ကလေး၊ မတ်၂ -၂၀၂၁ သိမ်မွေ့ကဗျာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြတဲ့ ကလေးမြို့က ပြည်သူလူထုကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။ မနက် ၁၀ နာရီမတိုင်ခင် ကတည်းက ရဲတပ်ဖွဲ့နဲ့ စစ်တပ်ဟာ မြို့လယ်ခေါင် လမ်းဆုံမီးပွိုင့်မှာ နေရာယူကာ ဆန္ဒပြပြည်သူလူထုကို တားဆီးခဲ့သလို နောက်ပိုင်းမှာတော့ မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရေကားတို့နဲ့ လူစုခွဲခဲ့ပါတယ်။ အဲ့ဒီလို လူစုခွဲခဲ့ပေမယ့် ဆန္ဒပြပြည်သူလူထုနဲ့ တင်းမာနေချိန်မှာပဲ ရာဘာကျည်၊ ကျည်အစစ်တို့နဲ့ ပစ်ခတ်ခဲ့သလို ဒဏ်ရာရသူ ၁၅ ဦးခန့်ရှိခဲ့ပြီး စိုးရိမ်ရသူ ၄ ဦးကိုတော့ ပုဂ္ဂလိကဆေးရုံတစ်ခုမှာဆေးရုံတင်လိုက်ရတယ်လို့ ဆေးကုသပေးနေတဲ့ သူနာပြုတွေက ပြောပြပါတယ်။ ကလေးမြို့မှာ ဆန္ဒပြမှုတွေကို ဖေဖော်ဝါရီလ ၇ ရက်ကစတင်ခဲ့တဲ့နောက်ပိုင်း ဒီနေ့ဟာ ပထမဦးဆုံးသွေးမြေကျရတဲ့နေ့ဖြစ်ခဲ့သလို ဗိုက်နဲ့ပေါင်မှာ ကျည်အစစ်မှန်လို့ စိုးရိမ်ရတဲ့လူနာတွေလည်း ရှိနေပါတယ်။ #voiceofmyanmar #VOM #ကလေးမြို့
Read Moreမြစ်ကြီးနားက ဆိုင်ကယ်သပိတ် ရဲလိုက်ခွဲလို့ လူစုကွဲ
မတ် ၂-၂၀၂၁ YAT မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် နောင်ရာကွင်းကနေစပြီး လူငယ်တွေဟာ ဆိုင်ကယ်တွေနဲ့ ဒီနေ့ မတ်လ ၂ ရက်နေ့မှာ အာဏာသိမ်းမှုကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ အဲ့ဒီလူငယ်တွေရဲ့ သပိတ်နောက်ကို ရဲကားနဲ့ လိုက်လံပြီး ဖြိုခွင်းခဲ့လို့ အင်ဂျန်တုံ ရပ်ကွက် ရာဒါကောင်းလမ်းဆုံက ဘောလုံးကွင်းအနီးမှာ လူငယ်သပိတ်တွေ ရပ်ကွက်အတွင်းဝင်ပြေးပြီး သပိတ်ခွဲခဲ့ရပါတယ်။ #VoiceOfMyanmar #VOM #မြစ်ကြီးနား #ဆိုင်ကယ်သပိတ် #လူစုကွဲ
Read More