ကလေးမြို့က ဆန္ဒပြပြည်သူလူထု ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခံရ

ကလေး၊ မတ်၂ -၂၀၂၁
သိမ်မွေ့ကဗျာ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြတဲ့ ကလေးမြို့က ပြည်သူလူထုကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။

မနက် ၁၀ နာရီမတိုင်ခင် ကတည်းက ရဲတပ်ဖွဲ့နဲ့ စစ်တပ်ဟာ မြို့လယ်ခေါင် လမ်းဆုံမီးပွိုင့်မှာ နေရာယူကာ ဆန္ဒပြပြည်သူလူထုကို တားဆီးခဲ့သလို နောက်ပိုင်းမှာတော့ မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရေကားတို့နဲ့ လူစုခွဲခဲ့ပါတယ်။

အဲ့ဒီလို လူစုခွဲခဲ့ပေမယ့် ဆန္ဒပြပြည်သူလူထုနဲ့ တင်းမာနေချိန်မှာပဲ ရာဘာကျည်၊ ကျည်အစစ်တို့နဲ့ ပစ်ခတ်ခဲ့သလို ဒဏ်ရာရသူ ၁၅ ဦးခန့်ရှိခဲ့ပြီး စိုးရိမ်ရသူ ၄ ဦးကိုတော့ ပုဂ္ဂလိကဆေးရုံတစ်ခုမှာဆေးရုံတင်လိုက်ရတယ်လို့ ဆေးကုသပေးနေတဲ့ သူနာပြုတွေက ပြောပြပါတယ်။

ကလေးမြို့မှာ ဆန္ဒပြမှုတွေကို ဖေဖော်ဝါရီလ ၇ ရက်ကစတင်ခဲ့တဲ့နောက်ပိုင်း ဒီနေ့ဟာ ပထမဦးဆုံးသွေးမြေကျရတဲ့နေ့ဖြစ်ခဲ့သလို ဗိုက်နဲ့ပေါင်မှာ ကျည်အစစ်မှန်လို့ စိုးရိမ်ရတဲ့လူနာတွေလည်း ရှိနေပါတယ်။

#voiceofmyanmar #VOM #ကလေးမြို့

Related posts

Leave a Comment

VOM News

FREE
VIEW