ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ အစိုးရဖွဲ့ပြီ

မတ် ၂-၂၀၂၁ Voice Of Myanmar ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေဟာ တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ အခြေအနေ မရှိတာကြောင့် နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေရဲ့ ကိုယ်စား ဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဝန်ကြီးဌာန ၉ ခုမှာ ခေတ္တပြည်ထောင်စုဝန်ကြီးတွေကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ဒီနေ့ မတ်လ ၂ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဒေါ်ဇင်မာအောင်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဦးလွင်ကိုလတ်ကို သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဦးတင်ထွန်းနိုင်ကို စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒေါက်တာဇော်ဝေစိုးကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနတို့မှာ ခေတ္တဝန်ကြီးတွေအဖြစ် တာဝန်ပေးလိုက်တာပါ။ ခုလိုမျိုး ခေတ္တဝန်ကြီးတွေ ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး CRPH အဖွဲ့ဝင် သန်လျင်မြို့နယ်…

Read More

မန္တလေးမှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတွေက လိုက်လံဖြိုခွဲ

မန္တလေး၊ မတ်- ၂- ၂၀၂၁ (VOICE OF MYANMAR) မန္တလေးမှာ ဆန္ဒထုတ်ဖော်နေတဲ့ တပ်ပေါင်းစု သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ ရဲတွေက လိုက်လံဖြိုခွင်းရင်း လမ်းဘေးက ဆိုင်ကယ်၊ CCTVနဲ့ ကွမ်းယာဆိုင်တွေကိုပါ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #Mandalay #ဆန္ဒပြ #ဖြိုခွဲ #ဖျက်စီး

Read More

ပဲခူးမြို့ ပစ်ခတ်ဖြိုခွဲမှုဖြစ်စဉ်မှ သေဆုံးသူနှစ်ဦးရဲ့ နာရေးအခမ်းအနား လူထုသောင်းနဲ့ချီ တက်ရောက်

မတ် ၂-၂၀၂၁ ကောင်းလက်ျာ(VOM) ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ရက်နေ့က ပဲခူးမြို့နယ် ဘူတာကုန်း‌ကျော်တံတားနဲ့ မြစ်ကူးတံတားအနီး ဆန္ဒဖော်ထုတ်နေကြစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့ရသူ လူငယ်နှစ်ဦးကို ဒီနေ့ မတ်လ ၂ရက်နေ့ မွန်းတည့် ၁၂ နာရီက တစ်ပြိုင်နက် သင်္ဂြိုလ်ခဲ့ပြီး အဲ့ဒီ ဈာပနအခမ်းနားကို မြို့ခံသောင်းနဲ့ချီ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ “နာရေးအိမ်တွေကနေ တစ်ပြိုင်နက်ထဲမှာပဲ ဆင်ဖြူကွင်းသုသာန်ကိုပို့ဆောင်သင်္ဂြိုလ်ခဲ့တာပါ။ လိုက်ပါပို့ဆောင်သူပြည့်ကြပ်နေပါတယ်။ အခု ဂူသွင်းနေပြီ” လို့ ပဲခူးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းက ပဲခူးမြို့ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်‌နေသူတွေကို ပစ်ခတ်ဖြိုခွဲခဲ့ရာမှာ မဇင်းရပ်ကွက် ဒိုဘီ ၁ လမ်းနေ ကိုကြည်လှိုင်မင်း(ခ) ဂေါင်းကြီး(၁၈ နှစ်)နဲ့ ဇိုင်းမြောက်ရပ်ကွက်နေ စည်သူစိုး(ခ)ကိုစိုး (၁၇နှစ်)တို့ သေဆုံးခဲ့ပြီး ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ…

Read More

လှည်းတန်းမှာ ကျဆုံးခဲ့တဲ့ ကိုဇင်လင်းထက်ရဲ့ ဈာပနကို ကျိုက်ထိုမြို့မှာ ပြုလုပ်

မတ် ၁-၂၀၂၁ TRK ဖေဖော်ဝါရီ ၂၈ရက်နေ့က ရန်ကုန်မြို့ လှည်းတန်းက ဆန္ဒပြပွဲကို ရဲနဲ့ စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျည်ထိမှန်ပြီး သေဆုံးခဲ့တဲ့ ကိုဇင်လင်းထက်ရဲ့ ဈာပနကို ဒီနေ့ မတ်လ ၂ရက်နေ့က ကျိုက်ထိုမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ကိုဇင်လင်းထက်ဟာ ကျိုက်ထိုမြို့၊ ကွင်းကလေးကျေးရွာအုပ်စု၊ အင်းဝကျေးရွာဇာတိဖြစ်ပြီး ရန်ကုန်မှာ အဆောင်နေရင်း အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။ ကိုဇင်လင်းထက်ဟာ ကွယ်လွန်ချိန်မှာ အသက် ၂၀နှစ်သာ ရှိပါသေးတယ်။ ဓါတ်ပုံ – ကိုမောင်ကျော် #VoiceOfMyanmar #VOM #ကိုဇင်လင်းထက်ရဲ့နာရေး #ကျိုက်ထို

Read More

ကလေးမြို့က ဆန္ဒပြပြည်သူလူထု ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခံရ

ကလေး၊ မတ်၂ -၂၀၂၁ သိမ်မွေ့ကဗျာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြတဲ့ ကလေးမြို့က ပြည်သူလူထုကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။ မနက် ၁၀ နာရီမတိုင်ခင် ကတည်းက ရဲတပ်ဖွဲ့နဲ့ စစ်တပ်ဟာ မြို့လယ်ခေါင် လမ်းဆုံမီးပွိုင့်မှာ နေရာယူကာ ဆန္ဒပြပြည်သူလူထုကို တားဆီးခဲ့သလို နောက်ပိုင်းမှာတော့ မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရေကားတို့နဲ့ လူစုခွဲခဲ့ပါတယ်။ အဲ့ဒီလို လူစုခွဲခဲ့ပေမယ့် ဆန္ဒပြပြည်သူလူထုနဲ့ တင်းမာနေချိန်မှာပဲ ရာဘာကျည်၊ ကျည်အစစ်တို့နဲ့ ပစ်ခတ်ခဲ့သလို ဒဏ်ရာရသူ ၁၅ ဦးခန့်ရှိခဲ့ပြီး စိုးရိမ်ရသူ ၄ ဦးကိုတော့ ပုဂ္ဂလိကဆေးရုံတစ်ခုမှာဆေးရုံတင်လိုက်ရတယ်လို့ ဆေးကုသပေးနေတဲ့ သူနာပြုတွေက ပြောပြပါတယ်။ ကလေးမြို့မှာ ဆန္ဒပြမှုတွေကို ဖေဖော်ဝါရီလ ၇ ရက်ကစတင်ခဲ့တဲ့နောက်ပိုင်း ဒီနေ့ဟာ ပထမဦးဆုံးသွေးမြေကျရတဲ့နေ့ဖြစ်ခဲ့သလို ဗိုက်နဲ့ပေါင်မှာ ကျည်အစစ်မှန်လို့ စိုးရိမ်ရတဲ့လူနာတွေလည်း ရှိနေပါတယ်။ #voiceofmyanmar #VOM #ကလေးမြို့

Read More

မြစ်ကြီးနားက ဆိုင်ကယ်သပိတ် ရဲလိုက်ခွဲလို့ လူစုကွဲ

မတ် ၂-၂၀၂၁ YAT မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် နောင်ရာကွင်းကနေစပြီး လူငယ်တွေဟာ ဆိုင်ကယ်တွေနဲ့ ဒီနေ့ မတ်လ ၂ ရက်နေ့မှာ အာဏာသိမ်းမှုကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ အဲ့ဒီလူငယ်တွေရဲ့ သပိတ်နောက်ကို ရဲကားနဲ့ လိုက်လံပြီး ဖြိုခွင်းခဲ့လို့ အင်ဂျန်တုံ ရပ်ကွက် ရာဒါကောင်းလမ်းဆုံက ဘောလုံးကွင်းအနီးမှာ လူငယ်သပိတ်တွေ ရပ်ကွက်အတွင်းဝင်ပြေးပြီး သပိတ်ခွဲခဲ့ရပါတယ်။ #VoiceOfMyanmar #VOM #မြစ်ကြီးနား #ဆိုင်ကယ်သပိတ် #လူစုကွဲ

Read More

ဖျာပုံမြို့က ဆန္ဒထုတ်ဖော်ပွဲ

မတ် ၂-၂၀၂၁ ဓါတ်ပုံ – ST စစ်အာဏာရှင်အလိုမရှိကြောင်း ဒီနေ့ မတ်လ ၂ရက်နေ့မနက်ပိုင်းက ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ ၂၃ရက်မြောက် ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ #VoiceOfMyanmar #VOM #ဖျာပုံမြို့ #၂၃ရက်မြောက် #ဆန္ဒပြ

Read More

လှည်းတန်းမှာ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့ ကိုညီညီအောင်ထက်နိုင်ရဲ့ နာရေး

မတ် ၂-၂၀၂၁ TRK ဖေဖော်ဝါရီ ၂၈ရက်နေ့က ရန်ကုန်မြို့ ကမာရွတ် အ.ထ.က(၅) ရှေ့မှာ ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန်သေဆုံးသွားတဲ့ကိုညီညီအောင်ထက်နိုင်ရဲ့ နာရေးကို ရွှေပြည်သာမြို့နယ်ရှိ လှော်ကားသုဿန်မှာ ဒီနေ့ မတ်လ ၂ရက်နေ့ မွန်းလွဲ ၁နာရီက ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ လှော်ကားသုဿန်မှာ ပြုလုပ်တဲ့ နာရေးကို လူဦးရေ ထောင်နဲ့ချီပြီး လိုက်ပါပို့ဆောင်ပေးခဲ့တာကို တွေ့ရပါတယ်။ ကိုညီညီအောင်ထက်နိုင်ဟာ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာနေထိုင်သူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၂၃နှစ်သာ ရှိပါသေးတယ်။ #VoiceOfMyanmar #VOM #ကိုညီညီအောင်ထက်နိုင် #နာရေး

Read More

ပြည်မှာ ဆန္ဒပြသူ၃ဦး ဖမ်းခံရပြီးနောက် ပျောက်ကြားပုံစံနဲ့ဆန္ဒဆက်ပြ

မတ် ၂-၂၀၂၁ TG(VOM) ပြည်မြို့ အ.ထ.က ၁ ကျောင်းမှာ စုရပ်လုပ်နေတဲ့ ကျောင်းသားပြည်သူ သပိတ်စစ်ကြောင်းကို ဒီနေ့ မတ်လ ၂ရက် မနက်ပိုင်းမှာ ရဲနဲ့စစ်တပ်က ဖြိုခွဲခဲ့ပြီး ဖမ်းဆီးခံလိုက်ရသူ ၃ ဦးရှိတယ်လို့ ကနဦး သိရပါတယ်။ ဖြိုခွဲ၊ ဖမ်းဆီးခံလိုက်ရပြီးနောက် သပိတ်စစ်ကြောင်းစုစည်းပြီး ထပ်ဆန္ဒပြဖို့ လုပ်ခဲ့ပေမယ့် သပိတ်စစ်ကြောင်းလှည့်လည်ဖို့ မဖြစ်တာကြောင့် ပျောက်ကြားပုံစံနဲ့ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ “ကျောင်းသားတွေစုနေတဲ့အချိန် ရဲကားတွေရောက်လာတယ်။ သူတို့လူစုခွဲတယ် လိုက်ရှာတယ်။ နောက်သူတို့ ကားပေါ်ပြန်တက်သွားတယ်၊ နောက်ဆိုင်ကယ်ပေါ်ကအမျိုးသမီးကိုဆွဲချတယ်”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပြပါတယ်။ ဒီနေ့မနက်ပိုင်း ဖမ်းဆီးခံလိုက်ရသူတွေရဲ့ အချက်အလက်တွေကို စုံစမ်းနေဆဲဖြစ်ပါတယ်။ လက်ရှိ ပြည်မြို့ထဲမှာတော့ အရပ်ဝတ်တွေနဲ့ စစ်ဆေးတာတွေ၊ စောင့်ကြည့်နေသူတွေကို တွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ #VoiceOfMyanmar #VOM #ပြည် #ဆန္ဒပြသူ၃ဦး #ဖမ်းခံရ #ပျောက်ကြားပုံစံနဲ့ဆန္ဒဆက်ပြ

Read More
VOM News

FREE
VIEW