လှည်းတန်းမှာ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့ ကိုညီညီအောင်ထက်နိုင်ရဲ့ နာရေး

မတ် ၂-၂၀၂၁
TRK

ဖေဖော်ဝါရီ ၂၈ရက်နေ့က ရန်ကုန်မြို့ ကမာရွတ် အ.ထ.က(၅) ရှေ့မှာ ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန်သေဆုံးသွားတဲ့ကိုညီညီအောင်ထက်နိုင်ရဲ့ နာရေးကို ရွှေပြည်သာမြို့နယ်ရှိ လှော်ကားသုဿန်မှာ ဒီနေ့ မတ်လ ၂ရက်နေ့ မွန်းလွဲ ၁နာရီက ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့ လှော်ကားသုဿန်မှာ ပြုလုပ်တဲ့ နာရေးကို လူဦးရေ ထောင်နဲ့ချီပြီး လိုက်ပါပို့ဆောင်ပေးခဲ့တာကို တွေ့ရပါတယ်။

ကိုညီညီအောင်ထက်နိုင်ဟာ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာနေထိုင်သူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၂၃နှစ်သာ ရှိပါသေးတယ်။

#VoiceOfMyanmar #VOM #ကိုညီညီအောင်ထက်နိုင် #နာရေး

Related posts

Leave a Comment

VOM News

FREE
VIEW