မတ် ၂-၂၀၂၁ ဓါတ်ပုံ – ST စစ်အာဏာရှင်အလိုမရှိကြောင်း ဒီနေ့ မတ်လ ၂ရက်နေ့မနက်ပိုင်းက ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ ၂၃ရက်မြောက် ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ #VoiceOfMyanmar #VOM #ဖျာပုံမြို့ #၂၃ရက်မြောက် #ဆန္ဒပြ
Read MoreMonth: March 2021
လှည်းတန်းမှာ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့ ကိုညီညီအောင်ထက်နိုင်ရဲ့ နာရေး
မတ် ၂-၂၀၂၁ TRK ဖေဖော်ဝါရီ ၂၈ရက်နေ့က ရန်ကုန်မြို့ ကမာရွတ် အ.ထ.က(၅) ရှေ့မှာ ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန်သေဆုံးသွားတဲ့ကိုညီညီအောင်ထက်နိုင်ရဲ့ နာရေးကို ရွှေပြည်သာမြို့နယ်ရှိ လှော်ကားသုဿန်မှာ ဒီနေ့ မတ်လ ၂ရက်နေ့ မွန်းလွဲ ၁နာရီက ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ လှော်ကားသုဿန်မှာ ပြုလုပ်တဲ့ နာရေးကို လူဦးရေ ထောင်နဲ့ချီပြီး လိုက်ပါပို့ဆောင်ပေးခဲ့တာကို တွေ့ရပါတယ်။ ကိုညီညီအောင်ထက်နိုင်ဟာ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာနေထိုင်သူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၂၃နှစ်သာ ရှိပါသေးတယ်။ #VoiceOfMyanmar #VOM #ကိုညီညီအောင်ထက်နိုင် #နာရေး
Read Moreပြည်မှာ ဆန္ဒပြသူ၃ဦး ဖမ်းခံရပြီးနောက် ပျောက်ကြားပုံစံနဲ့ဆန္ဒဆက်ပြ
မတ် ၂-၂၀၂၁ TG(VOM) ပြည်မြို့ အ.ထ.က ၁ ကျောင်းမှာ စုရပ်လုပ်နေတဲ့ ကျောင်းသားပြည်သူ သပိတ်စစ်ကြောင်းကို ဒီနေ့ မတ်လ ၂ရက် မနက်ပိုင်းမှာ ရဲနဲ့စစ်တပ်က ဖြိုခွဲခဲ့ပြီး ဖမ်းဆီးခံလိုက်ရသူ ၃ ဦးရှိတယ်လို့ ကနဦး သိရပါတယ်။ ဖြိုခွဲ၊ ဖမ်းဆီးခံလိုက်ရပြီးနောက် သပိတ်စစ်ကြောင်းစုစည်းပြီး ထပ်ဆန္ဒပြဖို့ လုပ်ခဲ့ပေမယ့် သပိတ်စစ်ကြောင်းလှည့်လည်ဖို့ မဖြစ်တာကြောင့် ပျောက်ကြားပုံစံနဲ့ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ “ကျောင်းသားတွေစုနေတဲ့အချိန် ရဲကားတွေရောက်လာတယ်။ သူတို့လူစုခွဲတယ် လိုက်ရှာတယ်။ နောက်သူတို့ ကားပေါ်ပြန်တက်သွားတယ်၊ နောက်ဆိုင်ကယ်ပေါ်ကအမျိုးသမီးကိုဆွဲချတယ်”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပြပါတယ်။ ဒီနေ့မနက်ပိုင်း ဖမ်းဆီးခံလိုက်ရသူတွေရဲ့ အချက်အလက်တွေကို စုံစမ်းနေဆဲဖြစ်ပါတယ်။ လက်ရှိ ပြည်မြို့ထဲမှာတော့ အရပ်ဝတ်တွေနဲ့ စစ်ဆေးတာတွေ၊ စောင့်ကြည့်နေသူတွေကို တွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ #VoiceOfMyanmar #VOM #ပြည် #ဆန္ဒပြသူ၃ဦး #ဖမ်းခံရ #ပျောက်ကြားပုံစံနဲ့ဆန္ဒဆက်ပြ
Read Moreအာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ကျွန်းလှမြို့မှာ ဆက်လုပ်
မတ် ၂-၂၀၂၁ ဓါတ်ပုံ – ကိုအောင်နိမိတ် #VoiceOfMyanmar #VOM #ကျွန်းလှမြို့ #ဆန္ဒပြပွဲ
Read Moreပုသိမ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ(၂၄)ရက်မြောက်နေ့မြင်ကွင်း
မတ် ၂ -၂၀၂၁ KA ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတာ ဒီနေ့နဲ့ဆိုရင် ၂၄ရက်မြောက် နေ့အဖြစ် ဆန္ဒပြနေကြပါတယ်။ ဖေဖော်ဝါရီ၂၈ရက်နေ့က ပုသိမ်မြို့မှာ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကိုဖြိုခွင်းခဲ့ပြီး မြို့ထဲလမ်းတွေကို ပိတ်ဆို့ထားတာကြောင့် ရပ်ကွက်တွေအတွင်းမှာပဲ သပိတ်စစ်ကြောင်းတွေ လှည့်လည်ဆန္ဒပြခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က အင်အားအများအပြားနဲ့ လိုက်လံလူစုခွဲဖို့ကြိုးစားခဲ့ပြီးပြည်သူတွေက ရဲတပ်ဖွဲ့မဝင်ရောက်နိုင်အောင် လမ်းတွေကိုပိတ်ဆို့ပေးခဲ့ပါတယ်။ #voiceofmyanmar #VOM #ပုသိမ် #အာဏာရှင်ဆန့်ကျင်ရေး #၂၄ရက်မြောက်နေ့
Read Moreလှိုင်ဘူတာရုံလမ်းမှာ ဆက်တိုက်ပစ်ခတ်ဖြိုခွဲသော်လည်း ဆန္ဒပြမှုအားကောင်းနေဆဲပါ။
ဓါတ်ပုံ MHS #voiceofmyanmar #VOM #လှိုင်
Read Moreတောင်ငူသပိတ်စစ်ကြောင်းကို တပ်နဲ့ရဲက လိုက်လံဖြိုခွဲဖို့ ကြိုးပမ်းလို့ လူစုခွဲခဲ့ရ
မတ် ၂-၃-၂၀၂၁ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း တောင်ငူမြို့နယ်က အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ဒီနေ့ မတ်လ ၂ရက်နေ့ မနက် ၉ နာရီကျော်မှာ တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက နောက်ကလိုက်လံပြီး အကြမ်းဖက်ဖြိုခွဲဖို့ ကြိုးစားလာတာကြောင့် နာရီဝက်အကြာမှာ လူစုပြန်ခွဲခဲ့ရတယ်လို့ ဦးဆောင်သူလူငယ်အချို့ဆီကနေ သိရပါတယ်။ “ပညာရေးအဖွဲ့နဲ့ ကျောင်းသားလူငယ်တွေ၊ ဒေသခံတွေဟာ လုံခြုံရေးတင်းကြပ်နေတဲ့ကြားက လမ်းပေါ် တက်လာကြတာပါ။ တပ်နဲ့ရဲတွေက ရေကားတွေနဲ့ တပ်ဖွဲ့ဝင်တွေနဲ့ နောက်ကလိုက်ပြီးဖြိုခွင်းဖို့ ကြိုးပမ်းလာတာကြောင့် သိပ်မကြာခင်လူစုခွဲလိုက်ရတယ်” လို့ ဆန္ဒပြရာမှာပါတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက် ၈ နာရီခန့်က သပိတ်စစ်ကြောင်းကြီး နှစ်ခုဟာ သီးခြားတစ်နေရာစီ လူစုခဲ့ကြပြီး ကိုးနာရီကျော်ခန့်မှာ ကျောင်းသားတွေနေရာကို တပ်နဲ့ရဲကလာဝိုင်းခဲ့တာကြောင့် နောက်ဘက်အပေါက်ကနေ စနစ်တကျ ဆုတ်ခွာပြီး ကျန်တဲ့ ဆရာဆရာမတွေရှိတဲ့ စစ်ကြောင်းနဲ့ပေါင်းကာ လမ်းပေါ်ထွက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ ဆရာဆရာမတွေ ကျောင်းသားတွေနဲ့လူငယ်တွေ လမ်းပေါ်ထွက်လာချိန် ဒေသခံပြည်သူတွေက…
Read Moreပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဝန်ထမ်း ၁၂ဦးကို ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်
မတ် ၂-၂၀၂၁ Voice Of Myanmar CDM ပြုလုပ်နေတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဝန်ထမ်း ၁၂ဦးကို ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီဝန်ထမ်းတွေဟာ န.စ.အ ကောင်စီလက်အောက်မှာ အလုပ်မလုပ်လိုတာကြောင့် CDM ပြုလုပ်ခဲ့တာလို့သိရပြီး သူတို့မဲပေးရွေးချယ်ထားတဲ့ အစိုးရလက်အောက်မှာသာ အလုပ်လုပ်လိုကြောင်း VOM ကို ပြောခဲ့ပါတယ်။ #VoiceOfMyanmar #VOM #ပြည်ထောင်စုအစိုးရအဖွဲ့ရုံး #ဝန်ထမ်းအဖြစ်ကနေထုတ်ပယ်
Read Moreကောလင်းမြို့က မြန်မာ့မီးရထား အထွေထွေသပိတ်စစ်ကြောင်း
မတ် ၂-၂၀၂၁ စိုင်းလူမင်း (MRN) ကောလင်းမြို့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ဒီနေ့ မတ်လ၂ရက်နေ့ မနက်ပိုင်းမှာ မြန်မာ့မီးရထား အထွေထွေသပိတ်စစ်ကြောင်း စတင်ချီတက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ #VoiceOfMyanmar #VOM #ကောလင်းမြို့ #အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု
Read Moreနေပြည်တော်က ဒုရဲအုပ်တဦးအပါအဝင် ရဲလေးဦး CDM ပြုလုပ်
မတ် ၁-၂၀၂၁ Voice Of Myanmar အမှတ်(၁၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(နေပြည်တော်)က ဒုရဲအုပ်တဦးအပါအဝင် ရဲတပ်သားလေးဦးဟာ စစ်အာဏာရှင်လက်အောက်မျာ တာဝန်မထမ်းဆောင်လိုတာကြောင့်ဆိုပြီး ရဲတပ်ဖွဲ့က နုတ်ထွက်ခွင့်ပြုဖို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။ ဒုရဲအုပ်မျိုးမင်းသူ၊ ရဲတပ်သားခွန်ချစ်မောင်၊ ရဲတပ်သားမျိုးလှိုင်ဝင်းနဲ့ ရဲတပ်သားအောင်နိုင်တို့ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ လေးဦးဟာ စစ်အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့်သာဖြစ်ပြီး တပ်ဖွဲ့အပေါ် သစ္စာဖောက်တာမဟုတ်သလို လက်နက်ခဲယမ်းနဲ့ ဆက်သွယ်ရေးစက်တွေလည်း ယူဆောင်မသွားဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပေးပို့တဲ့ နုတ်ထွက်စာမှာ ရေးထားတာကို တွေ့ရပါတယ်။ ဖေဖော်ဝါရီ ၁ရက်နေ့မှာ န.စ.အကောင်စီက အာဏာရယူပြီးနောက်ပိုင်း ဌာနဆိုင်ရာက ဝန်ထမ်းအချို့ဟာ ရုံးမတက်ဘဲ CDM ပြုလုပ်နေကြသလို အခုနောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့ဝင်တွေပါ CDM မှာ ပါဝင်လာကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ မန္တလေးတိုင်း အမရပူရရဲစခန်းနဲ့ မန္တလေးအောင်မြေသာစံမြို့နယ် အမှတ်(၅)ရဲစခန်းက စခန်းမှူးနဲ့ တပ်သားအချို့ ရဲတပ်ဖွဲ့ကနေ နုတ်ထွက်ခဲ့ပါသေးတယ်။…
Read More