ဒလ- မတ် ၁-၂၀၂၁ မင်းဝဿန်(VOM) CDM လုပ်နေတဲ့ ဒလသင်္ဘောကျင်း ဝန်ထမ်းတွေကို အလုပ်ပြန်ဆင်းဖို့ မဆင်းရင် အရေးယူမှုတွေရှိလာမယ်ဆိုပြီး ခြိမ်းခြောက်ခံနေရတယ်လို့ CDM ဝန်ထမ်းတစ်ဦးကပြောပါတယ်။ “ညီငယ် ညီမ ငယ်တွေရဲ့သွေးမြေကျနေပြီ ဒီလိုအဖြစ်ဆိုးမျိုးတွေ ဆက်မဖြစ်စေချင်တော့ဘူး။ ဒါကြောင့်သူတို့ ဘယ်လောက်ပဲ၊ ဘာတွေနဲ့ပဲခြိမ်းခြောက်၊ခြိမ်းခြောက် ကျွန်မတို့ ပြည်တွေအတွက် CDM မှာ ပါဝင်မှာပါ။ CDM မလုပ်သူတွေက သူတို့သမိုင်းသူတို့ရေးတာပဲ လိပ်ပြာလုံလုံနေနိုင်ပါစေလို့ ဆုတောင်းပါတယ်”လို့ ဒလသင်္ဘောကျင်း ဝန်ထမ်းတဦးကပြောပါတယ်။ CDMမှာ ပါဝင်တဲ့ဝန်ထမ်းတွေကို ဒလသင်္ဘောကျင်းတာဝန်ရှိသူတွေက CDM လုပ်ကြောင်းအတင်းအဓ္ဓမလက်မှတ်ထိုးခိုင်နေမှုအပေါ် ကြောက်ရွံ့နေမှာမဟုတ်ဘဲ လက်မှတ်ထိုးပေးသွားမည်ဖြစ်ကြောင်း CDMတွင်ပါဝင်သူတွေက ပြောပါတယ်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဒလသင်္ဘောကျင်း ဝန်းထမ်းပေါင်း(၁၉၀)ကျော်ရှိတဲ့အထဲက ဝန်ထမ်း( ၆၀)ဟာ CDMလုပ် နေတဲ့ အပေါ်တာဝန်ရှိသူတွေက မတရားဥပဒေတွေနဲ့ ခြိမ်းခြောက်ခြင်းခံနေရခြင်းကြောင့် ဒလမြို့နယ်သူ၊မြို့နယ်သားတွေအနေနဲ့ ဝန်းရံပေးဖို့လည်း CDM အောင်မြင်ရေးကြိုးပမ်းသူများက တောင်းဆိုထားကြပါတယ်။ #voiceofmyanmar #VOM…
Read MoreMonth: March 2021
ကျည်ထိမှန်သေဆုံးခဲ့တဲ့ ကိုဟိန်းထွဋ်အောင်ရဲ့ ရုပ်အလောင်းကို နေအိမ်ပြန်သယ်လာ
မတ် ၁-၂၀၂၁ ယဉ်ပပထွန်း(VOM) ဖေဖော်ဝါရီ ၂၈ရက်နေ့ မနေ့က သင်္ဃန်းကျွန်း လေးထောင့်ကန်လမ်း ဘဝမြင့်မှတ်တိုင်နားမှာ ကျည်မှန်ပြီးသေဆုံးသွားတဲ့ ကိုဟိန်းထွဋ်အောင်ကို စံပြဆေးရုံကနေ တောင်ဒဂုံနေအိမ်ကို ဒီနေ့ မတ်လ ၁ရက်နေ့ နေ့လယ်ပိုင်းက ပြန်သယ်လာခဲ့ပါတယ်။ ပြန်သယ်လာတဲ့လမ်းတလျှောက် ကားကိုဖြည်းညင်းစွာ မောင်းနှင်ခဲ့ပြီး ဓာတ်ပုံရိုက်သူတွေကိုလည်း ခွင်ပြုပေးခဲ့တာ တွေ့ရပါတယ် ။ ဒီနေ့ နေ့လယ် ၂နာရီ ပတ်ဝန်းကျင်အထိ လေးထောင့်ကန်လမ်း စံပြဈေးမှတ်တိုင်ကနေ ဇဝနအထိ လမ်းတွေကိုပိတ်ဆို့ပြီး ထိုင်သပိတ် ဆန္ဒပြနေကြတာကိုလည်း တွေ့ရပါတယ်။ ဖေဖော်ဝါရီ ၁ရက်နေ့မှာ န.စ.အ ကောင်စီက အာဏာရယူပြီးနောက် ရန်ကုန်က ဆန္ဒပြပွဲတွေအတွင်း ရဲနဲ့ စစ်တပ်ရဲ့ ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၅ဦးထိရှိနေပြီး တနိုင်ငံလုံးမှာတော့ ၂၀ဦးကျော်အထိ သေဆုံးခဲ့ပြီဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ကိုဟိန်းထွဋ်အောင် #ရုပ်အလောင်း #နေအိမ်ပြန်သယ်
Read Moreစစ်တပ်နဲ့ ရဲတွေရောက်လာလို့ တပ်ပေါင်းစုသပိတ်စစ်ကြောင်း လူစုခွဲခဲ့ရ
မန္တလေး၊ မတ်- ၁- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ မြတောင်ကျောင်းတိုက်က သံ ဃာတွေ ဦးဆောင်တဲ့ တပ်ပေါင်းစုသပိတ်စစ်ကြောင်းဟာ ၃၁ ရွှေတချောင်းလမ်းအရောက်မှာ စစ်တပ်နဲ့ ရဲတွေရောက်လာလို့ လူစုခွဲခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #Mandalay #တပ်ပေါင်းစုသပိတ်စစ်ကြောင်း #လူစုခွဲ #ဆန္ဒပြ
Read Moreကလေးမြို့က ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးပစ်ကာ လူစုခွဲ
ကလေး-မတ်၁-၂၀၂၁ သိမ်မွေ့ကဗျာ ကလေးမြို့မှာ ဆန္ဒပြပြည်သူလူထုနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့မှုဖြစ်ပွားခဲ့ရာကနေ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးပစ်ကာ လူစုခွဲခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြသပိတ်စစ်ကြောင်း ချီတက်နေစဉ် ရဲတပ်ဖွဲ့နဲ့ စစ်ကားများ မလာနိုင်အောင် JCB ယာဉ်တစ်စီးက တားဆီးပေးခဲ့ရာကနေ JCB ယာဉ်မောင်းနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့တာပါ။ ဖမ်းခံလိုက်ရတဲ့ JCB ယာဉ်မောင်းနှစ်ဦးကို ပြန်ထုတ်ပေးဖို့ ဆန္ဒပြပြည်သူလူထုကနေ တောင်းဆိုခဲ့ကြပြီး ညနေ ၄ နာရီနောက်ဆုံးထားကာ ပြန်လည်လွှတ်ပေးမယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပေမယ့် လက်မခံတဲ့ ပြည်သူအချို့နဲ့ ထိပ်တိုက်တွေ့မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ အသံဗုံးတို့နဲ့ လူစုခွဲခဲ့ပြီး ဆက်လက်တင်းမာနေချိန်မှာပဲ သံဃာတော်တွေ ဝင်ရောက်ညှိနှိုင်းပေးခဲ့ပြီး ဆန္ဒပြပြည်သူလူထုလည်း လူစုခွဲပေးလိုက်ပါတယ်။ နောက်ဆုံးစုံစမ်းမှုအရ အခု နေ့လည် ၁ နာရီခန့်မှာပဲ ရဲတပ်ဖွဲ့က ဖမ်းထားတဲ့ JCB ယာဉ်မောင်းနှစ်ဦးကို ပြန်လည်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။ #voiceofmyanmar #VOM…
Read Moreအတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပုဒ်မ ၂ ခုစီထပ်တိုး
မတ် ၁-၂၀၂၁ ဦးထွန်း(VOM) အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇တို့နဲ့ ဒက္ခိဏခရိုင်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ ထပ်မံတရားစွဲဆိုခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ ဦးသဲမောင်မောင်ကနေ သိရပါတယ်။ သူတို့နှစ်ဦးကို video conferencing နဲ့ ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ဒီနေ့ မတ်လ ၁ရက်နေ့က ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။ သမ္မတ ဦးဝင်းမြင့်ကို သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ၂၅နဲ့ တရားစွဲထားပြီးအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈အပြင် ပုဒ်မ ၂၅ နဲ့ပါ တရားစွဲထားတာဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #ဦးဝင်းမြင့် #အမှု၂ခုစီထပ်တိုး
Read Moreဖျာပုံမြို့မှာ တားဆီးတာတွေရှိပေမယ့် ဆက်လက်ဆန္ဒပြ
မတ် ၁-၂၀၂၁ ST ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ ရဲတပ်ဖွဲ့နဲ့ တပ်မတော်သားတွေ ပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ပိတ်ဆို့တားဆီးတာတွေရှိပေမယ့် ပြည်သူတွေက သပိတ်စစ်ကြောင်း(၂)ခုခွဲပြီး ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #ဖျာပုံမြို့ #ဆန္ဒပြ
Read Moreတောင်ငူဆေးရုံကြီး ပြန်ဖွင့်မယ့်သတင်းကြားလို့ ဝိုင်းလာတဲ့လူထုကို ရဲနဲ့စစ်တပ်က ဖြိုခွဲ
မတ် ၁-၂၀၂၁ ကောင်းလက်ျာ(VOM) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ခရိုင်အဆင့် ပြည်သူ့ဆေးရုံကြီးကို ဒီနေ့ မတ် ၁ရက်နေ့ မနက်ပိုင်းက ပြန်ဖွင့်မယ်ဆိုတဲ့သတင်းတွေကြောင့် ဆန္ဒပြလူအုပ်ကြီးက ဆေးရုံကို ပြန်ဝိုင်းလာရာမှာ ရဲနဲ့စစ်တပ်က ဖြိုခွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ဆေးရုံကို သန့်ရှင်းရေးလုပ်နေတာမြင်လို့ လူအုပ်က ပြန်ဝိုင်းတာပါ။ သိပ်ပြီးမကြာဘူး ဆေးရုံထဲက တပ်အပြင် တပ်ကူတွေ၊ ရဲတွေ ရေကားတွေရောက်လာပြီး သိပ်မကြာဘူး၊ လူစုခွဲခံရတာပါ။ ထိခိုက်ဒဏ်ရာမရပေမယ့် အသံဗုံးတစ်လုံးဖောက်တယ်။ မကွဲဘူး” လို့ အခင်းဖြစ်နေရာရောက်နေသူ တစ်ဦးက ပြောပါတယ်။ တောင်ငူခရိုင် ဆေးရုံကြီးကို ရန်ကုန်-မန္တလေးလမ်းဘက်နဲ့ ကန်လမ်းဘက်ခြမ်းမှာ ဒေသခံ လူအုပ်စု ငါးရာကျော်ခန့်က ဝိုင်းဝန်းပိတ်ဆို့ပြီးနောက် မကြာခင် ရဲနဲ့တပ်အင်အားစုစုပေါင်း ၁၀၀ ခန့်က ကျားထိုးတက်ကာ လူစုခွဲခဲ့လို့ လူအုပ်စုဟာ နီးစပ်ရာနေရာတွေကို ဝင်ရောက်ပုန်း ခိုထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။ မနေ့ ဖေဖော်ဝါရီ ၂၈ရက်နေ့က…
Read Moreဦးခေါင်းကို ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးရဲ့ နာရေး
မန္တလေး၊ မတ် ၁ -၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်သားနဲ့ ရဲတွေနဲ့ ချီတက်ရာလမ်းကြောင်းတစ်လျှောက် ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် ၃၅ လမ်းနဲ့ ၇၆ လမ်းဒေါင့်မှာ အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦး ဦးခေါင်းကို ကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့ပါတယ်။ သေဆုံးသူအမျိုးသမီးဟာ သူ့သားအတွက်မုန့်သွားဝယ်ရာကနေ လူတွေပြေးလာတာကို ရပ်ကြည့်နေရင်း အရပ်ဝတ်နဲ့ လူတစ်ဦးက လာရောက်ပစ်ခတ်သွားတာဖြစ်လို့ မိသားစုဝင်တွေကပြောပါတယ်။ အဲ့ဒီအမျိုးသမီးဟာ ၃၂ နှစ်အရွယ် အမျိုး သားနဲ့ကွဲနေသူဖြစ်ပြီး အသက် ၆နှစ်အရွယ်သားတစ်ဦးရှိတယ်လို့သိရပါတယ်။သူ့ရဲ့ ရုပ်အလောင်းကတော့ ရင်ခွဲရုံမှာထားရှိတယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဆန္ဒပြသူတွေကို ကျည်အစစ်တွေနဲ့ ပစ်ခတ်ပြီး အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှာ သေဆုံးခဲ့သူတွေရှိကာ ကျည်ဆံထိမှန်လို့ ဒဏ်ရာရသူ အများအပြား ရှိခဲ့တယ်လို့ သိရပါတယ်။ #VOM #voicemofmyanmar #Mandalay #ဆန္ဒပြ #သေဆုံး #အကြမ်းဖက်ဖြိုခွင်း…
Read Moreငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ရန်ကုန်မှာသေဆုံးသူ ၅ဦးအထိ ရှိလာ
ရန်ကုန်၊ မတ် ၁-၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းရာမှာ ကျည်ထိမှန် သေဆုံးခဲ့သူ ၅ဦးရှိကြောင်း သိရပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကမာရွတ်မြို့နယ် လှည်းတန်း အ.ထ.က(၅) ရှေ့မှာ ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ရင်ဘတ်အောက်ဝမ်းဗိုက်အစပ်နား ကျည်ဖောက်ထွက်ကာသေဆုံးခဲ့ရသူမှာ ရွှေပြည်သာလှော်ကား ဈေပိုင်းမှာနေထိုင်တဲ့ အသက်၂၃နှစ်အရွယ် Network Engineerအလုပ်လုပ်ကိုင်တဲ့ ကိုညီညီအောင်ထက်နိုင်ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကပဲ ရန်ကုန်တိုင်းပညာရေးမှူးရုံးအနီးမှာ ကျောင်းဆရာဆရာမတွေဦးဆောင်ပြီး ဆန္ဒပြနေတဲ့ ပညာရေးသပိတ်ကို ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းခဲ့ရာ လှိုင်သာယာ အမှတ်(၁၀)အခြေခံပညာအလယ်တန်းကျောင်းခွဲမှ အသက်၅၉နှစ်အရွယ်ရှိ အလယ်တန်းပြဆရာမ ဒေါ်တင်နွဲ့ရီဟာ လက်ကို ကျည်ထိမှန်ခဲ့ပြီး Heart Attack ဖြစ်ကာ သေဆုံးခဲ့ရပါတယ်။ အလားတူ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကမာရွတ်မြို့နယ် လှည်တန်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက အကြမ်ဖက်ဖြိုခွင်းခဲ့ရာ လှိုင်သာယာစက်မှုဇုန်ရှိ…
Read Moreမနေ့ ဖေဖေါ်ဝါရီ ၂၈ ရက်က လှည်းတန်းမှာ ဈေးနားမှာကျဆုံးခဲ့ ကိုညီညီအောင်ထက်နိုင် ကျဆုံးတဲ့နေရာကို ပြည်သူများလာရောက်ဂုဏ်ပြု
ဓါတ်ပုံ-HA #voiceofmyanmar #VOM #လှည်းတန်း #ညီညီအောက်ထက်နိုင်
Read More