မတ် ၂၉-၂၀၂၁ Voice Of Myanmar စစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ ထိတွေ့တိုက်ခိုက်မှုအချို့ အခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့ပြီးနောက် ဒီနေ့ မတ် ၂၉ရက် မနက်ပိုင်းက စတင်ပြီး ကျောက်ကြီးမြို့နယ် အရှေ့ဆင်မတောင်အနီး KNU တပ်မဟာ ၃လက်အောက်ခံ တပ်ရင်း၉ မြေနီကုန်းစခန်းတဝိုက်ကို စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ “လက်တစ်လော ထိတွေ့တိုက်ခိုက်နေကြတာမဟုတ်ဘဲ အနီးနားမှာရှိတဲ့ အခြေစိုက်တပ်စခန်းကနေလက်နက်ကြီးတွေနဲ့ ပစ်ခတ်တွေနဲ့ ပစ်ခတ်နေတာလို့သိတယ်။ စစ်ဘေးရှောင်တွေက တပ်မဟာ ၃ ဂွင်မှာ မရှိပေမယ့် မူတြောခရိုင် တပ်မဟာ ၅ ဘက်မှာ ရှိနေတယ်” လို့ဒေသခံ အရပ်ဖက် အဖွဲ့စည်းတစ်ခုမှ အမျိုးသားတစ်ဦးက ပြောပါတယ်။ KNU တပ်ရင်း ၉က အနီးဝန်းကျင်က စစ်တပ်ဗျူဟာကုန်းတွေကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ပြီးနောက် စစ်တပ်က အခုလို တုံ့ပြန်တိုက်ခိုက်တာဖြစ်တယ်လို့ ကျောက်ကြီးမြို့ခံတဦးဆီက…
Read MoreMonth: March 2021
မုံရွာ ပစ်ခတ်မှုမှာ ဒဏ်ရာရသူ ၂ ဒါဇင်ကျော်နဲ့ သေဆုံးသူ ၅ ဦးအထိရှိလာ
မတ် ၂၉-၂၀၂၁ KTG (VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ ရတနာပုံရပ်ကွက် အမှတ် ၅ လမ်း နဲ့ သာစည်လမ်းအနီး မနေ့ မတ် ၂၈ရက် မနက်ပိုင်းကစလို့ ညနေခင်းအထိ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီ ပစ်ခတ်မှုတွေကြောင့် ကျည်ဆံထိမှန်ပြီး လူ ၅ ဦး သေဆုံးကာ ဒဏ်ရာရသူ ၂ ဒါဇင်နီးပါးရှိတယ်လို့ ဆေးကုသရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။ မတ် ၂၉ ဒီမနက် ၉ အချိန်ထိ နောက်ဆုံးရရှိတဲ့ သေဆုံးစာရင်းတွေအရ သူနာပြု/ သားဖွား သင်တန်းကျောင်းက ဒုတိယနှစ် ကျောင်းသူ မသဉ္ဇာဟိန်း အသက် (၁၉) နှစ်၊ မုံရွာ တက္ကသိုလ် ဒုတိယနှစ် ကျောင်းသား ကိုအောင်ဆန်းဦး (ခ) ကိုငယ်လေး အသက် (၁၉) နှစ်၊ မုံရွာ ခရိုင် NLD…
Read Moreတောင်ဒဂုံမှာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသူနှစ်ဦး အလောင်းသာပြန်ရ
ရန်ကုန်၊မတ် ၂၉-၂၀၂၁ အေးချမ်းသူ(VOM) တောင်ဒဂုံမြို့နယ် ၁၈ ကွေ့မှာ မနေ့ မတ် ၂၈ရက် ညပိုင်းက စစ်တပ်မှ ပစ်ခတ်ခဲ့ရာမှာ ဒဏ်ရာရရှိသူနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီနေ့ မတ် ၂၉ရက် မနက်ပိုင်းမှာ အလောင်းလာပစ်ထားခဲ့ကြောင်း ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။ ရပ်ကွက်နေပြည်သူတစ်ဦးက “၁၈ ကွေ့မှာပဲလာချသွားတာပါ မနက်ပိုင်းက သုံးဦးထိတာ နှစ်ဦးဖမ်းမိသွားပြီး အလောင်းပဲ ပြန်လာပစ်သွားတာ” လို့ VOMကို ပြောပါတယ်။ သေဆုံးသူနှစ်ဦးမှာ ကိုပြည့်ဖြိုးမောင်(ခ)ပေတိုး (၃၉)နှစ်နဲ့ ကိုမောင်မောင်အေး (၃၇)နှစ်တို့ဖြစ်ကြောင်းဒေသခံများထံမှ သိရပါတယ်။ တောင်ဒဂုံမြို့နယ်မှာ မနေ့က စစ်တပ်က ဖြိုခွင်းခဲ့ရာ နှစ်ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရရှိခဲ့သလို ညပိုင်းမှာ ထပ်မံပစ်ခတ်မှုကြောင့် ပြည်သူသုံးဦး ပေါင်ထိမှန်ခဲ့ပြီး နှစ်ဦးကို ဒီနေ့မနက်ပိုင်းလေးနာရီမှာ ဖမ်းဆီးပြီးနောက် အလောင်းလာပစ်သွားတာလို့ သိရပါတယ်။ တောင်ဒဂုံမြို့နယ်ဟာ ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ၆မြို့နယ်ထဲမှာ ပါဝင်နေပါတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကာလ…
Read Moreဖားကန့် ဆန္ဒပြပွဲမှာ ကျဆုံးခဲ့တဲ့ မောင်သန့်ဇော်ရဲ့ ဈာပန
ဖားကန့်၊မတ်-၂၉ -၂၀၂၁ နောင်ရိုး ဖားကန့်မှာ မတ်လ(၂၇)ရက်နေ့က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အေးမြသာယာသပိတ်စစ်ကြောင်းက မောင်သန့်ဇော်(၁၉)နှစ်ရဲ့ ဈာပနအခမ်းအနား။ #voiceofmyanmar #vom #ဖားကန့်
Read Moreစစ်ကိုင်တိုင်း၊ တန့်ဆည်မြို့နယ် ပင်မသပိတ်စစ်ကြောင်း ပုံမှန်အတိုင်း ချိတက်ဆန္ဒတာကို ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
မတ် ၂၉ -၂၀၂၁ Photo-CJ #voiceofmyanmar #VOM #တန့်ဆည်
Read Moreမြိတ်မြို့မှာ မတ် ၂၆ ရက်က ဖမ်းခံရတဲ့ အမျိုးသမီး မမို့မို့အောင်ကို မိသားစုတွေ့ခွင့်နဲ့ ရှေ့နေအကူအညီလိုအပ်နေကြောင်း မိသားစုဝင်တယောက် အကူညီတောင်းခံ
မြိတ်၊ မတ်၂၉ -၂၀၂၁ ” 26.3.2021ကဘိတ်မြို့က သပိတ်စခန်းမှာ ဒဏ်ရာရတဲ့သူတွေကို ဆေးကုဖို့ ညီမလေးငွေသွားလှူမိတယ် သူရဲ့fbစာမျက်နာမှာလည်း ဒဏ်ရာရတဲ့သူဆက်သွယ်ပေးပါ၊ ကူညီပါမယ်လို့ postတင်ပြီးရေးသားဖော်ပြမိပါတယ်။ အဲ့ဒီနေ့ညနေမှာသူကိုယ်တိုင်လည်းသွားလှူခဲ့ပါတယ်။ 26.3.2021ညဘက်11ထိုးအချိန်မှာ ရဲနဲ့စစ်သားတွေအိမ်ထဲထိဝင်လာပြီး စစ်ဆေးပြီးဖမ်းသွားပါတယ် ။ ငွေတွေလည်းယူသွားတယ်သေနတ်နဲ့ချိန်ပြီးမီးခံသေတ္တာကိုဖွင့်ခိုင်းပြီးရှိတဲ့ငွေတွေအကုန်ယူသွားတယ်လူလည်းဖမ်းသွားပါတယ်။ စုစုပေါင်း ထိုင်းဘတ်ငွေနဲ့ မြန်မာငွေစုစုပေါင်း သိန်းတသောင်းခွဲနီးပါး သိမ်းဆည်းသွားပါတယ်ရှင်။ အခုဆို၄ရက်ရှိပါပြီ ဘိတ်ကရှေနေတွေကိုလည်း အကူညီတောင်းတာ သူတို့ကအကြံပဲပေးတယ် ရဲစခန်းကိုလည်းမလိုက်ပေးပါဘူး။ ဒါ့ကြောင့် လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေလည်း လိုအပ်နေပါတယ်ရှင့်။ ကျမတို့လည်းဘာဆက်လုပ်ရမှန်းမသိလိုကူညီပေးကျပါရှင် ။ ကျမညီမက ကလေးငယ်နဲ့မို့ပါ အခုလိုမတရားဖမ်းဆီးခံရတာအမြန်လွတ်မြောက်အောင်ကူညီပေးကျပါရှင်။” လို့ ရေးသားပေးပို့လာတာကို ပြည်သူ့အသံ အစီအစဉ်ကနေ ထပ်ဆင့်တင်ပြလိုက်ပါတယ်။ #voiceofmyanmar #vom #မြိတ် #ဘိတ် #ပြည်သူ့အသံ
Read Moreကသာမြို့ မတ်လ(၂၉)ရက် ဆန္ဒပြပွဲ
မတ် ၂၉ -၂၀၂၁ စပ်ခွန်သာ #voiceofmyanmar #VOM #ကသာ
Read Moreမော်လမြိုင်မှာ ဖမ်းဆီးအမှုဖွင့်တာတွေ ရှိနေပေမယ့်လည်း ဆက်လက်ဆန္ဒပြ
မတ် ၂၉ -၂၀၂၁ KLY(VOM) မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှာ ဆန္ဒဖော်ထုတ်နေသူတွေကို ပစ်ခတ် ၊ဖမ်းဆီးနာတွေရှိနေပေမယ့်လည်း ဒီကနေ့မနက်ပိုင်းမှာ လူထုက ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။ ” အတားဆီးတွေကို ဖျက်ဆီးခံထားရပေမယ့် ဒီကနေ့မနက်လည်း ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့ကြတယ်။ ဒီကနေ့တော့ ထိပ်တိုက်တွေ့တာမျိုးမရှိဘူး” လို့ မော်လမြိုင်မြို့ခံတစ်ဦးက ပြောပါတယ်။ မော်လမြိုင်မှာ ဆန္ဒဖော်ထုတ်နေသူတွေကို ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် တပ်မတော်နေ့က အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ သေနတ်ထိမှန်သေဆုံးခဲ့လို့ ပိန္နဲကုန်းသုဿန်မှာ သင်္ဂြိုဟ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဓါတ်ပုံ-မော်လမြိုင်အသံ #voiceofmyanmar #VOM #မော်လမြိုင်
Read Moreမုံရွာက ရေဦးဝက်အူချောင်းဆိုင်ပိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးပြီး (၅၀၅)က နဲ့ တရားစွဲ
မုံရွာ၊ မတ်-၂၈-၂၀၂၁ Suu စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ အမှတ်(၁) ရဲစခန်းအနီးမှာရှိတဲ့ ( ရေဦး- ဝက်အူချောင်းဆိုင်) ကို မတ်လ ၂၇ ရက်နေ့မနက် (၈) နာရီဝန်းကျင်မှာရဲအင်အား(၃၀)ဝန်းကျင်နဲ့ ဆိုင်အတွင်းဝင်ရောက်ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး PPH ဟိုတယ်နဲ့ ရေဦးဝက်အူချောင်းဆိုင်ပိုင်ရှင်ဖြစ်တဲ့ မနန္ဒာဆွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ ” အခုလိုဆိုင်ထဲကို ဝင်ရောက်ရှာဖွေဖမ်းဆီးသွားတာက ဆိုင်ရှေ့မှာဒေါ်အောင်ဆန်းစုကြည် ပုံနဲ့ NLD အလံတွေထောင်ထားတာကြောင့်ထင်တယ်။ ဒါပေမယ့် ဒီအချိန်မှာအခုလိုအကြမ်းဖက် ဖမ်းဆီးတာတွေက မဖြစ်သင့်ဘူးလို့” လို့ဖမ်းဆီးခံရသူမနန္ဒာဆွေရဲ့ အမျိုးသားကပြောပါတယ်။ အခုလိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒီကနေ့ မတ်လ(၂၈) ရက်နေ့မှာ ပုဒ်မ(၅၀၅)ကနဲ့ တရားစွဲဆိုပြီး ဆိုင်ကိုလည်းဒီကနေ့အပြီးရွေ့ခိုင်းနေတယ်လို့ မနန္ဒာဆွေအမျိုးသားကပြောပါတယ်။ “အမှုက(၅၀၅)ကနဲ့တရားစွဲဆိုလိုက်တယ်၊ ဆိုင်ကိုလည်း ဒီကနေ့အပြီးရွေ့ခိုင်းနေတယ်၊ မရွေ့ရင်ဆုံးရှုံးမှုများမယ်” လို့ ရဲအရာရှိတဦးကပြောပါတယ်။ ဆိုင်အတွင်းဝင်ရောက်ရှာဖွေရာမှာ NLD အလံ၊လက်သုံးချောင်းအကျီတွေနဲ့ ဈေးဝယ်လာသူတဦးကျန်ရစ်ခဲ့တဲ့စာရွက်စာတမ်းတွေကို ရဲတပ်ဖွဲ့ကယူဆောင်သွားတယ်လို့သိရပါတယ်။ မနန္ဒာဆွေမိသားစုဝင်တွေအနေနဲ့ မနန္ဒာဆွေနဲ့တွေ့ဆုံဖို့ကြိုးစားရာမှာ ဖမ်းဆီးသွားစဉ်အချိန်ကတည်းက အခုအချိန်အထိ တွေ့ဆုံခွင့်မရသေးဘူးလို့လည်း…
Read Moreတောင်ကြီးမှာ စစ်တပ်က ညဘက်ဝင်ရောက်ပစ်ခတ်လို့ ၇ ယောက် ကျည်ထိမှန်
မတ် ၂၈-၂၀၂၁ နေနန်းနွယ် (VOM) တောင်ကြီးမြို့မှာ မနေ့ မတ် ၂၇ ည ၁၀ နာရီလောက်က စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၇ ဦး ကျည်အစစ်ထိမှန် ဒါဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ည ၁၀ နာရီဝန်းကျင်လောက်က စပြီး ရတနာသီရိ၊ မြေဖြူ၊ ရွှေတောင်ရပ်ကွက်တွေထဲကို စစ်တပ်က ကျည်အစစ်တွေနဲ့ တရပ်စပ်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ပစ်ခတ်မှုကြောင့် ရတနာသီရိရပ်ကွက်မှာ ပေါင်ကျည်မှန်သူ ၁ ဦး၊ ခြေသလုံးကျည်မှန်သူ ၁ ဦး၊ ကျောကျည်မှန်သူ ၁ ဦး၊ ဗိုက်ကျည်မှန်သူ ၁ ဦး၊ ရွှေတောင်ရပ်ကွက်မှာ လက်ကျည်မှန်သူ ၁ ဦးနဲ့ ခြေထောက် ကျည်မှန်သူ ၂ ဦး စသဖြင့် ဒါဏ်ရာရရှိသူ ၇ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။ #VoiceOfMyanmar…
Read More