ဧပြီ ၁၀ ရက်က တမူး ပစ်ခတ်မှုမှာ ရဲအရာရှိ ၁ ဦး ကျဆုံးပြီး ၃ ဦးသာ ဒဏ်ရာရတာလို့ အုပ်ချုပ်ရေးအဖွဲ့ပြော

ဧပြီ ၁၃ ၊ ၂၀၂၁ Voice Of Myanmar   ဧပြီ ၁၀ရက်က လုံခြုံရေးတပ်ဖွဲ့နဲ့ ပြည်သူတွေ အပြန်လှန်ပစ်ခတ်မှုမှာ ကဘော်ချိုင့်ဝှမ်း ဒေသ မြန်မာ အိန္ဒိယ ၂ နိုင်ငံ နယ်စပ်မှာ လှုပ်ရှားနေတဲ့ ကူကီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (KNO / KLA) က အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဒါဇင်ခွဲ ကျဆုံးခဲ့ပြီး ပြည်သူ့ဘက်တော်သား ၁ ဦး ထပ်မံကျဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။   အဲ့ဒီ ပစ်ခတ်တိုက်ခိုက်တာနဲ့ ပတ်သက်လို့ တမူးခရိုင် ကောင်စီးရုံးကို VOM က ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ရှိသူ တစ်​ယောက်ပြောတာက ” ပစ်ခတ်မှုဖြစ်စဥ် ပေါ်ပေါက်ခဲ့တာ ဟုတ်တယ် ၊ ထိခိုက် ကျဆုံးမှုက ရဲအရာရှိ ၁…

Read More

မုံရွာမြို့ပေါ်မှာ တုတ်၊ ဓား ၊ လက်နက်မှန်သမျှ အကုန်လာအပ်ပေးဖို့ ရဲကားက လော်စပီကာနဲ့လိုက်အော်

မုံရွာ-ဧပြီ ၁၃ ၊ ၂၀၂၁ ကိုတိုးကြီး (VOM)   စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က လူနေရပ်ကွက်တွေထဲမှာ တုတ် ဓား လက်နက်မှန်သမျှ ရဲစခန်းကို အကုန်လာအပ်ပေးဖို့ ရဲကားက လော်နဲ့ လိုက်အော် သတိပေးနေတယ်လို့ သိရပါတယ်။ အဲ့ဒီ သတိပေး ကြေငြာချက်မှာ ” တုတ် ဓား လက်နက်ကိုင်ဆောင်ခြင်းဟာ တရားဥပဒေက ခွင့်ပြုထားခြင်းမရှိတဲ့အတွက် မိမိတို့နေအိမ်မှာ တုတ်၊ ဓား၊ လက်နက်များ ထားရှိပါက ရဲစခန်းသို့ အမြန်ဆုံးလာရောက် အပ်နှံပေးကြရန်နှင့် သက်ဆိုင်ရာက လိုက်လံ စစ်ဆေးတဲ့အခါ တွေ့ရှိပါက တည်ဆဲ ဥပဒေအရ ပြင်းထန်စွာ အရေးယူမှာ ဖြစ်တယ် ” လို့ ကြေငြာနေတာ ဖြစ်ပါတယ်။   မုံရွာမြို့ပေါ်မှာ မြို့ပြ လူနေရပ်ကွက် ၃၁ ရပ်ကွက်ရှိပြီး  အေးသာယာရပ်ကွက်နေ ပြည်သူတစ်ယောက် ပြောတာက ”…

Read More

မုံရွာ တက္ကသိုလ်ရှေ့ ကျောက္ကာလမ်းမှာ ပေါက်ကွဲမှုဖြစ်

ဧပြီ ၁၃ ၊ ၂၀၂၁ KTG (VOM)   စစ်ကိုင်းတိုင်း မုံရွာမြို့ မုံရွာ တက္ကသိုလ်အနီး ကျောက္ကာလမ်းမှာ ဧပြီ ၁၃ ရက် ဒီမနက် ၁၀ နာရီက ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပေမယ့် ထိခိုက်ပျက်စီးမှုမရှိခဲ့ပါဘူး။   အဲ့ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ မြင်တွေ့လိုက်ရသူ တစ်ယောက်ပြောပြတာက ” ကောင်လေး ၃ ယောက်က စကူဘီဆိုင်ကယ် တစ်စီးနဲ့ တက္ကသိုလ်နားရောက်လာတယ် ၊မသင်္ကလို့  လုံခြုံရေးတပ်က တက္ကသိုလ်ထဲက ထွက်မေးတဲ့အခါ ဗုံးနဲ့ပစ်ပေါက်ပြီး ထွက်ပြေးသွားတာ.” လို့ ပြောပါတယ်။   အဲ့ဒီပေါက်ကွဲမှုကြောင့် အခြားပတ်ဝန်းကျင် လူ ၊  အ​ဆောက်အဦး ထိခိုက်ပျက်စီးတာမရှိပေမယ့် ပေါက်ကွဲတဲ့နေရာမှာ ၁၀ လက်မဝန်းကျင် ပတ်လည် မြေအက်သွားတယ်လို့ သိရပါတယ်။   မုံရွာမှာ ဆန္ဒပြလူငယ်တချို့က သင်္ကြန်သပိတ် ပြုလုပ်ဖို့ ကြေငြာထားတာကြောင့်…

Read More

မုံရွာမှာ လမ်းဘေးအမှိုက်ကန်ထဲက အမည်မသိ ရုပ်အလောင်း ၁ လောင်းတွေ့

မုံရွာ-ဧပြီ ၁၃ ၊ ၂၀၂၁ ကိုတိုးကြီး (VOM)   စစ်ကိုင်းတိုင်း မုံရွာမြို့ အလယ်ရပ်ကွက် ပြည်ထောင်စုလမ်း အရင် အခွန်လွတ်စျေး နေရာက. အမှိုက်ကန်ထဲမှာ ဒီမနက် အစောပိုင်းက အမည်မသိ ရုပ်အလောင်း တစ်လောင်းတွေ့ရတယ်လို့ စည်ပင်ဝန်ထမ်း အသိုင်းအဝိုင်းကနေ သိရပါတယ်။ သတင်းအတည်ပြုချက်ရရှိဖို့ မုံရွာမြို့မရဲစခန်းကို VOM က မေးမြန်းတဲ့အခါ ရဲအရာရှိတစ်ယောက် ပြောပြတာက ” သေဆုံးသူကအသက် ၄၀ နှစ် ဝန်းကျင် အမည်မသိ ရုပ်အလောင်းဖြစ်ပြီး ပြင်ပ ဒဏ်ရာတွေပါတယ် သေဆုံးရတဲ့အကြောင်းကတော့ ရင်ခွဲစစ်ဆေးရဦးမယ် ” လို့ ဖြစ်ပါတယ်။   အမှိုက်ကန်ထဲကတွေ့ရှိရတဲ့ အဲ့ဒီရုပ်အလောင်းကို မုံရွာပြည်သူဆေးရုံကြီး ရင်ခွဲတိုက်သို့ ပို့ဆောင်ထားရာ ရင်ခွဲတိုက်က PR 095 အရ လက်ခံထားရှိတယ်လို့ သိရပါတယ်။   ပြီးခဲ့တဲ့ မတ်ထဲကလည်း မုံရွာမြို့ရှောင်လမ်းဘေးမှာ…

Read More
VOM News

FREE
VIEW