တန့်ဆည်မြို့နယ် ဝါးရငယ် မူးဘောင်တံတားအနီးမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေတွေ့

သြဂုတ် ၊ ၄ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ် ၊ ရေဦး – ကလေးဝ ကားလမ်း ဝါးရငယ် မူးဘောင်တံတားရဲ့ တောင်ဘက်အောက်ခြေအနီးမှာ သြဂုတ် ၄ ရက် ဒီမနက် ၁၀ ဝန်းကျင်က သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရတယ်လို့ တန့်ဆည်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
သေဆုံးနေတဲ့ ရုပ်အလောင်းတွေတွေ့ရတာနဲ့ ပတ်သက်လို့ ” အလောင်းတွေ့ရတာက ၂ လောင်းဖြစ်တယ် ၊ မူးမြောင်းရေစပ်ထဲမှာ တွေ့ရတာက ခန့်မှန်း အသက် ၂၅ နှစ်ဝန်းကျင် ၊ အသားဖြူ ၊ ကိုယ်ခန္ဓာ ပိန်ပါး ၊ ဘယ်ဘက် လက်ကောက်ဝတ်နေရာမှ ကနုတ်ပန်း ဆေးမှင်ကြောင်းတွေထိုးထားတယ် ၊ နိုင်လွန်ကြိုး အဖြူရောင်နဲ့ လက်နောက်ပြန် တုတ်ထားပြီး လည်ပင်အထက် ဆံပင်စပ်နေရာကနေ နားနောက်ဘက်နေရာအထိ ဦးခေါင်းပိုင်းဖြတ်ထားတယ် ၊ ကိုယ်ခန္ဓာ ပက်လက်အနေအထားနဲ့ သေဆုံးနေတာကို တွေ့ရတာပါ ” လို့ အဲ့ဒီ ဖြစ်စဥ်ကို သွားရောက် ကူညီပေးခဲ့တဲ့ နာမှုကူညီရေး စေတနာ့ ဝန်ထမ်းတစ်ယောက်က VOM ကိုပြောပြပါတယ်။
 
အဲ့ဒီ စေတနာ့ဝန်ထမ်း ဆက်ပြောတာက ” ဇက်ဖြတ်သတ်ထားတဲ့ အလောင်းနဲ့ ပေ ၁၅၀ အကွာလောက်နေရာက နောက်ထပ် အလောင်း ၁ လောင်းထပ်တွေ့တယ် ၊ ခန့်မှန်း အသက် ၄၀ နှစ်ဝန်းကျင် ၊ ခန္ဓာကိုယ်ဝ ၊ အသားလတ် ၊ ပုဆိုးမပါ အရပ် ၅ ပေ ၆ လက်မ ၊ သူကတော့ ခေါင်းမှာ ၄ လက်မ ပြတ်ရှ ဒဏ်ရာ ၁ ချက် ၊ နောက်ကျောဘက်က ထိုးသွင်းဒဏ်ရာ ၇ ချက်နဲ့ သေဆုံးနေတာ ” လို့ ဖြစ်ပါတယ် ။
 
တွေ့ရှိရတဲ့ အမည်မသိ အမျိုးသား ရုပ်အလောင်း ၂ လောင်းကို နဘက်ကြီး တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
 
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ VOM က တန့်ဆည် မြို့နယ်ရဲတပ်ဖွဲ့ရုံးနဲ့ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့ရုံးကို ထပ်ဆင့် အတည်ပြုချက်ရရှိဖို့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လထဲက တန့်ဆည်မြို့နယ်မှာ ဦးခေါင်းဖြတ်သတ်တဲ့ လူသတ်မှု ဖြစ်စဥ် ၂ ကြိမ် ဖြစ်ပွားခဲ့ပါသေးတယ်။ ပြည်နယ်တိုင်းတွေထဲမှာလည်း စစ်ကိုင်းတိုင်းဟာ လူသတ်မှု အများဆုံးဖြစ်နေပါတယ်။
 
#voiceofmyanmar #vom #စစ်ကိုင်းတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW