ရေဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ကိုဗစ်ကာကွယ်ဆေးထိုးပြီး အပြန်လမ်းမှာ မီးရှို့သတ်ခံရ

သြဂုတ် ၊ ၄ -၂၀၂၁ ရွှေဘုန်းမြတ်စံ(VOM)   စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့နယ် ၊မန်ကျည်းကုန်းကျေးရွာနဲ့ အုတ်ဖိုကျေးရွာ အကြား မန်ကျည်းကုန်းတံတားအကျော်နေရာမှာ ဒီနေ့ သြဂုတ် ၄ ရက် နေ့လယ်ပိုင်းက ရေဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူး တစ်ယောက် မီးရှို့သတ်ခံရတယ်လို့ ရေဦးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ရေဦးမြို့ခံ တစ်ယောက်က ” ဒီကနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က အဲ့ဒီကိစ္စသိရတာပါ၊ သူက ညောင်နီကန်ကျေးရွာ အုပ်စု ၊ အုပ်စုအုပ်ချုပ်ရေးမှူး တစ်ယောက်ဖြစ်ပြီး ၊ ဝက်ဖြူရွာမှာနေတယ် ၊ ကိုဗစ်ကာကွယ်ဆေးထိုး အပြန်မှာဖြစ်တာပါ ၊ ဆိုင်ကယ်ရော လူပါ မီးရှို့ထားခဲ့တာဖြစ်တယ် ၊ ဘယ်သူတွေ သတ်တယ်ဆိုတာ မသိဘူး ၊…

Read More

ဖေဖေါ်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအခြေခံကိစ္စတွေကြောင့် အမှုဖွင့်ခံရသူတွေကို ရုတ်သိမ်းပေးဖို့ လုပ်ပေးမယ့်အကြောင်း န.စ.က ကနေ အိမ်စောင့်အစိုးရ အမည်ပြောင်းပြီးနောက် သတင်းစာကနေ အသိပေးကြေညာ

ရေးဖွင့်ထားသည့် အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်သဖြင့် ဆက်သွယ်သတင်းပို့နိုင်ရန် အသိပေးကြေညာခြင်း   နေပြည်တော်၊ ဩဂုတ် ၃ တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ သွေးထိုး လှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သောကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ၊ နိုင်ငံ့ ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် ဆူပူဆန္ဒပြခြင်းများ၊ ဆန့်ကျင်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ မှုများကြောင့် အရေးယူခံရမည်ကို စိုးရိမ်ခဲ့ပြီး တိမ်းရှောင်နေကြကြောင်း တွေ့ရှိရပါသည်။ ယခုအခါ ၎င်းတို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏…

Read More

ရန်ကုန်မြို့က စက်ရုံမီးလောင်မှုမှာ တိုင်းမီးသတ်က ဒု-ညွန်မှူး နဲ့ ဒု-တပ်ကြပ်တစ်ဦး ဒဏ်ရာရရှိ

ရန်ကုန်၊သြဂုတ် ၄၊၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ (၁၄၄)ရပ်ကွက်၊ ရွာသာကြီးစက်မှုဇုန်ရှိ ရွှေလှေမုန့်စက်ရုံ မီးလောင်ကျွမ်းမှုကို မီးငြိမ်းသတ်ရင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ ဒု-ညွန်ကြားရေးမှူးနဲ့ဒု-တပ်ကြပ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။   ” ဒီကနေ့မနက် ၄နာရီခွဲက မီးစတင်လောင်ကျွမ်းခဲ့တယ်၊ မီးလောင်မှုအဆင့် Level 3နဲ့ တစ်နာရီကြာ မီးငြိမ်းသတ်ခဲ့တယ်၊ မနက်၅နာရီ၅၀မှာ မီးငြိမ်းခဲ့တယ်”လို့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။   မီးငြိမ်းသတ်ရာမှာ ရန်ကုန်တိုင်းဒေသကြီး၊မီးသတ်ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးသိန်းမြင့်ဟာ ၁၅ပေအမြင့်ကနေ ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒု-တပ်ကြပ်တစ်ဦးကလည်း ပေါင်ကိုသွပ်ပြားထိကာ ပြတ်ရှဒဏ်ရာရရှိခဲ့တယ်လို့ သူကရှင်းပြပါတယ်။   အဲ့ဒီမီးလောင်မှုကြောင့် ရွာသာကြီးစက်မှုဇုန်၊ရာဇသင်္ကြန်လမ်းနဲ့ဝက်မစွပ်ဝန်ထောက်လမ်းထောင့်ရှိ ရွှေရွက်လှေမုန့်တိုက်နဲ့ တံဆပ်ရိုက်လုပ်ငန်းမှာရှိတဲ့ အဆောက်ဦးသုံးလုံးနဲ့ အတွင်းရှိပစ္စည်းတွေ မီးလောင်ကျွမ်းခဲ့တယ်လို့လည်း သိရပါတယ်။   လက်တလောမှာတော့ ရွှေလှေမုန့်တိုက်က မန်နေဂျာဖြစ်သူကို တောင်ဒဂုံမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။  …

Read More

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံဒုနိုင်ငံခြားရေး၀န်ကြီးကို ခန့်အပ်

ဗန်ကောက်၊ သြဂုတ်-၄-၂၀၂၁ မျိုးဆက် (VOM)   မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေး၀န်ကြီး Erywan Yusof ကိုအာဆီယံအဖွဲ့က ခန့်အပ်လိုက်တယ်လို့ သံတမန်သတင်းရင်းမြစ်လေးဦးက ရိုက်တာကိုပြောပါတယ်။   ဒါပေမယ့် မြန်မာအာဏာပိုင်တွေကတော့ အထူးသံတမန်အဖြစ် ထိုင်းလက်ထောက်နိုင်ငံခြားရေး၀န်ကြီးဟောင်း Virasakdi Futrakul ကိုခန့်အပ်ဖို့လိုလားနေတာကြောင့် Erywan Yusof ကိုခန့်အပ်ရေး နှောင့်နှေးနေတာဖြစ်ပါတယ်။   မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ခန့်အပ်ရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့အတွင်းမှာလည်း မတူကွဲပြားမှုတွေ လအတန်ကြာဖြစ်ပေါ်ခဲ့ပါတယ်။   အထူးသံတမန်ဟာ မြန်မာစစ်ဘက်တာ၀န်ရှိသူတွေနဲ့ အတိုက်အခံတွေကြားမှာ အကြမ်းဖက်မှုတွေလျှော့ချဖို့နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ပေးဖို့ အားထုတ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။   မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိဖို့အတွက် အဖွဲ့၀င် ၁၀ နိုင်ငံပါ၀င်တဲ့ အာဆီယံအဖွဲ့က သံတမန်ရေးရာအားထုတ်မှုတွေကို ဦးဆောင်မှုပြုဖို့ တရုတ်၊ အမေရိကန်အပါအ၀င် ကုလသမဂ္ဂနဲ့ နိုင်ငံအများအပြားက တိုက်တွန်းထားပါတယ်။   Ref : Reuters Photo:…

Read More

တန့်ဆည်မြို့နယ် ဝါးရငယ် မူးဘောင်တံတားအနီးမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေတွေ့

သြဂုတ် ၊ ၄ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ် ၊ ရေဦး – ကလေးဝ ကားလမ်း ဝါးရငယ် မူးဘောင်တံတားရဲ့ တောင်ဘက်အောက်ခြေအနီးမှာ သြဂုတ် ၄ ရက် ဒီမနက် ၁၀ ဝန်းကျင်က သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရတယ်လို့ တန့်ဆည်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   သေဆုံးနေတဲ့ ရုပ်အလောင်းတွေတွေ့ရတာနဲ့ ပတ်သက်လို့ ” အလောင်းတွေ့ရတာက ၂ လောင်းဖြစ်တယ် ၊ မူးမြောင်းရေစပ်ထဲမှာ တွေ့ရတာက ခန့်မှန်း အသက် ၂၅ နှစ်ဝန်းကျင် ၊ အသားဖြူ ၊ ကိုယ်ခန္ဓာ ပိန်ပါး ၊ ဘယ်ဘက် လက်ကောက်ဝတ်နေရာမှ…

Read More

အာဖဂန် ကာကွယ်ရေး၀န်ကြီးရဲ့အိမ်ကို သေနတ်သမားတွေ ဝင်ရောက်တိုက်ခိုက်

ကဘူး၊ သြဂုတ်-၄-၂၀၂၁ မျိုးဆက် (VOM   အာဖဂန်ကာကွယ်ရေးဝန်ကြီးရဲ့ နေအိမ်ကို သေနတ်သမားတွေ၀င်ရာက် တိုက်ခိုက်ပြီးနောက် လူလေးဦးသေဆုံးသွားတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။   သေနတ်သမားတွေက ကားဗုံးဖောက်ခွဲပြီး ကဘူးမြို့ရဲ့လုံခြုံရေးအခိုင်အမာယူထားတဲ့ နေရာအနီး ပစ်ခတ်မှုတွေပြုလုပ်ချိန် သြဂုတ်၃ရက်မှာ ကာကွယ်ရေးဝန်ကြီး ဘစ်မေးလက်ခန်မိုဟမ်မာဒီဟာ နေအိမ်မှာ ရှိမနေခဲ့ပါဘူး။   သူ့ရဲ့မိသားစုကိုလည်း အန္တရာယ်ကင်းတဲ့နေရာကို ပြောင်းရွှေ့ပေးထားကြပြီး တိုက်ခိုက်တဲ့ သေနတ်သမားတွေကတော့ သေဆုံးသွားတယ်လို့ဆိုပါတယ်။   ထိခိုက်ဒဏ်ရာရရှိထားတဲ့ လူ၁၁ဦးကို သေဆုံးသူလေးဦးရဲ့ ရုပ်အလောင်းတွေနဲ့အတူ ကဘူးမြို့ရှိ အရေးပေါ်ဌာနကို ပို့ဆောင်လိုက်တယ်လို့ ဆေးဘက်ဆိုင်ရာအဖွဲ့က အတည်ပြုထားပါတယ်။   အခြားသော အာဖဂန် အထင်ကရမြို့ကြီးတွေမှာလည်း တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေချိန်မှာ ကာကွယ်ရေး ဝန်ကြီးရဲ့နေအိမ်ကိုလည်း တိုက်ခိုက်ခံရတာဖြစ်ပါတယ်။   ဒီတိုက်ခိုက်မှုဟာ တာလီဘန်အဖွဲ့ရဲ့ ခြေရာလက်ရာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက ပြောပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကတော့ အာဖဂန် နိုင်ငံတွင်း အကြမ်းဖက်မှုကို ချက်ချင်းအဆုံးသတ်ဖို့ တိုက်တွန်းပြောဆိုထားပါတယ်။…

Read More

ဖယ်ခုံမြို့မှာ ကိုဗစ်ကာကွယ်ဆေးထိုးနေချိန် ဗုံးပေါက်လို့ ရဲနှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရရှိ

ဩဂုတ် ၄-၂၀၂၁ KK(VOM)   ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း(၄)ရပ်ကွက်ရှိ၊ မြို့တော်ခန်းမမှာ မနေ့ ဩဂုတ်လ ၃ရက်နေ့ နေ့လယ်ပိုင်းက ကိုဗစ်ကာကွယ်ဆေးထိုးပေးနေချိန် ဗုံးပေါက်မှုဖြစ်ပွားခဲ့ပြီး ရဲနှစ်ဦးသေဆုံးကာ ရဲတစ်ဦးနဲ့ စေတနာ့ဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။   “ဝင်ပေါက်နားမှာပေါက်တာ ရဲတစ်ယောက်က ပွဲချင်းပြီးသေတယ်၊ တစ်ယောက်ကဆေးရုံမှာသေတာ ရဲတစ်ယောက်နဲ့ ဗော်လန်တီယာနှစ်ယောက်ကတော့ ဆေးရုံမှာပဲ”လို့ ညောင်ကုန်းရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။   ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်သားထွန်းလင်းဇော်နဲ့ ရဲတပ်သားအောင်လွင်ဖြိုးတို့ သေဆုံးခဲ့ပြီး ဗုံးစထိမှန်လို့ ဒုတပ်ကြပ်အောင်မျိုးနဲ့ စေတနာ့ဝန်ထမ်းဒေါ်မူရိန်း၊ဦးနန္ဒဝေယံတို့မှာ ဖယ်ခုံမြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။   လက်ရှိအခြေအနေမှာတော့ ဖယ်ခုံမြို့နယ်၊ မြို့တော် ခန်းမဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအင်းအားတိုးမြှင့်ကာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။   #voiceofmyanamr #VOM #ဖယ်ခုံ

Read More

တရုတ်နယ်စပ်မှာ ကွာရန်တင်းဝင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဩဂုတ် ၁ရက်စပြီး ထမင်းလာမပို့တာကြောင့် ဒုက္ခရောက်နေ

ဩဂုတ် ၄၊ ၂၀၂၁ Shy V(VOM)   တရုတ်နိုင်ငံနဲ့ မြန်မာနယ်စပ် တရုတ်ဘက်ခြမ်း ဖြစ်တဲ့ ရွှေလီက ကွာရန်တင်းစင်တာတစ်ခုမှာ ကွာရန်တင်း ဝင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဩဂုတ်လ ၁ ရက်နေ့ကစ ထမင်းလာမပို့တော့တာကြောင့် ဒုက္ခရောက်နေကြောင်း လူမှုကွန်ယက်ကတဆင့် အကူအညီတောင်းထားပါတယ်။   “စားသောက်စရိတ် မပေးနိုင်လို့ တစ်နေ့ကို ခေါက်ဆွဲ ၂ ဗူးနဲ့ ရေသန့် ၃ ဗူး ပေးပေမယ့် ပုံမှန် လာမပို့ပေးတဲ့အပြင် အကုန်လုံး မရကြဘူး။ ရေဘူးတွေလည်း မရတဲ့သူတွေက အိမ်သာ ရေချိုးခန်းက ရေကို သောက်နေရတယ်။ ကလေးငယ်တွေ နဲ့ ကိုယ်ဝန်ဆောင်တွေပါ တစ်ခန်းနဲ့ တစ်ခန်း ကူညီလို့လည်းမရဘူး၊ အမျိုးသမီးရော အမျိုးသားပါ အဲ့ဒီ ကွာရန်တင်းစင်တာမှာ မြန်မာနိုင်ငံသား အယောက် ၁၅၀ ခန့် ဒုက္ခရောက်နေကြရတယ်”လို့ Q ဝင်နေသူ…

Read More

KNU/KNLA PCရဲ့ စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ ကိုဗစ်နဲ့ ကွယ်လွန်

ရန်ကုန်၊သြဂုတ် ၄၊၂၀၂၁ KK(VOM)   ကိုဗစ်-၁၉ရောဂါကူးစက်ခံထားရတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PCရဲ့ စစ်ရေးချုပ် ဗိုလ်ချုပ် စောနေစိုးမြဟာ ထိုင်းနိူင်ငံ၊မဲဆောက်မြို့နယ်မှာ မနေ့ည ၁၀ နာရီခွဲက ကွယ်လွန်သွားတယ်လို့ KNU /KNLA PCအသိုင်းအဝိုင်းကနေ သိရပါတယ်။   “ကွယ်လွန်သွားတာကတော့မှန်ပါတယ်။စျာပန အစီအစဥ်တော့မသိရသေးဘူး ဆွေးနွေးနေဆဲပါပဲ”လို့ KNU/KNLA PCမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   KNU/KNLA PCရဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနေစိုးမြဟာ KNU-ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီးစောဘိုမြ(ကွယ်လွန်)နဲ့ ကရင်အမျိုးသမီးအစည်းအရုံး(KWO) ဥက္ကဌဟောင်း ပဒိုနော်လားဖိုးတို့ ရဲ့သားအငယ်ဆုံးလည်းဖြစ်ပါတယ်။   ကွယ်လွန်ချိန်မှာ အသက် ၄၆နှစ်သာရှိသေးတဲ့ ဗိုလ်ချုပ်စောနေစိုးမြမှာ ဇနီးနဲ့သားသမီး(၄)ဦးကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။   #voiceofmyanamr #VOM #KNU/KNLA PCစစ်ဦးစီးချုပ် #ဗိုလ်ချုပ်စောနေစိုးမြ #ကွယ်လွန်

Read More

စစ်ကိုင်းတိုင်းထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့ တာဝန်က အနားယူဖို့ ထွက်စာတင်

သြဂုတ် ၄ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်းမှာရှိတဲ့ မြို့နယ် ၃၇ မြို့နယ်ထဲက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေဟာ အခုရက်ပိုင်းအတွင်း တာဝန်ကနေ နှုတ်ထွက် အနားယူခွင့် ပေးဖို့ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးဆီ လိပ်မူပြီး တင်ပြစာတွေ နေ့တိုင်းလိုလို ပေးပို့နေကြတယ်လို့ သိရပါတယ်။   အဲ့ဒီ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်ခွင့် တင်ပြကြတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်က ” စစ်ကိုင်းခရိုင်ထဲက မြောင်မြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့နဲ့ ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ၊ဆားလင်းကြီးမြို့နယ် ၊ မုံရွာခရိုင် ဘုတလင်မြို့နယ် အရာတော်နဲ့ မုံရွာမြို့ပေါ် ရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေ အပါအဝင် ကောလင်းခရိုင် ကောလင်းမြို့နယ်ထဲက အုပ်ချုပ်ရေးမှူး တချို့ အနားယူခွင့် တင်ပြကြတာ ” လို့ ဖြစ်ပါတယ်…

Read More
VOM News

FREE
VIEW