ဖယ်ခုံမြို့မှာ ကိုဗစ်ကာကွယ်ဆေးထိုးနေချိန် ဗုံးပေါက်လို့ ရဲနှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရရှိ

ဩဂုတ် ၄-၂၀၂၁
KK(VOM)
 
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း(၄)ရပ်ကွက်ရှိ၊ မြို့တော်ခန်းမမှာ မနေ့ ဩဂုတ်လ ၃ရက်နေ့ နေ့လယ်ပိုင်းက ကိုဗစ်ကာကွယ်ဆေးထိုးပေးနေချိန် ဗုံးပေါက်မှုဖြစ်ပွားခဲ့ပြီး ရဲနှစ်ဦးသေဆုံးကာ ရဲတစ်ဦးနဲ့ စေတနာ့ဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
 
“ဝင်ပေါက်နားမှာပေါက်တာ ရဲတစ်ယောက်က ပွဲချင်းပြီးသေတယ်၊ တစ်ယောက်ကဆေးရုံမှာသေတာ ရဲတစ်ယောက်နဲ့ ဗော်လန်တီယာနှစ်ယောက်ကတော့ ဆေးရုံမှာပဲ”လို့ ညောင်ကုန်းရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။
 
ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်သားထွန်းလင်းဇော်နဲ့ ရဲတပ်သားအောင်လွင်ဖြိုးတို့ သေဆုံးခဲ့ပြီး ဗုံးစထိမှန်လို့ ဒုတပ်ကြပ်အောင်မျိုးနဲ့ စေတနာ့ဝန်ထမ်းဒေါ်မူရိန်း၊ဦးနန္ဒဝေယံတို့မှာ ဖယ်ခုံမြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
 
လက်ရှိအခြေအနေမှာတော့ ဖယ်ခုံမြို့နယ်၊ မြို့တော်
ခန်းမဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအင်းအားတိုးမြှင့်ကာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
 
#voiceofmyanamr #VOM #ဖယ်ခုံ

Related posts

Leave a Comment

VOM News

FREE
VIEW