KNU/KNLA PCရဲ့ စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ ကိုဗစ်နဲ့ ကွယ်လွန်

ရန်ကုန်၊သြဂုတ် ၄၊၂၀၂၁
KK(VOM)
 
ကိုဗစ်-၁၉ရောဂါကူးစက်ခံထားရတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PCရဲ့ စစ်ရေးချုပ် ဗိုလ်ချုပ် စောနေစိုးမြဟာ ထိုင်းနိူင်ငံ၊မဲဆောက်မြို့နယ်မှာ မနေ့ည ၁၀ နာရီခွဲက ကွယ်လွန်သွားတယ်လို့ KNU /KNLA PCအသိုင်းအဝိုင်းကနေ သိရပါတယ်။
 
“ကွယ်လွန်သွားတာကတော့မှန်ပါတယ်။စျာပန အစီအစဥ်တော့မသိရသေးဘူး ဆွေးနွေးနေဆဲပါပဲ”လို့ KNU/KNLA PCမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
KNU/KNLA PCရဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနေစိုးမြဟာ KNU-ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီးစောဘိုမြ(ကွယ်လွန်)နဲ့ ကရင်အမျိုးသမီးအစည်းအရုံး(KWO) ဥက္ကဌဟောင်း ပဒိုနော်လားဖိုးတို့ ရဲ့သားအငယ်ဆုံးလည်းဖြစ်ပါတယ်။
 
ကွယ်လွန်ချိန်မှာ အသက် ၄၆နှစ်သာရှိသေးတဲ့ ဗိုလ်ချုပ်စောနေစိုးမြမှာ ဇနီးနဲ့သားသမီး(၄)ဦးကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
 
#voiceofmyanamr #VOM #KNU/KNLA PCစစ်ဦးစီးချုပ် #ဗိုလ်ချုပ်စောနေစိုးမြ #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW