ရန်ကုန်မြို့က စက်ရုံမီးလောင်မှုမှာ တိုင်းမီးသတ်က ဒု-ညွန်မှူး နဲ့ ဒု-တပ်ကြပ်တစ်ဦး ဒဏ်ရာရရှိ

ရန်ကုန်၊သြဂုတ် ၄၊၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ (၁၄၄)ရပ်ကွက်၊ ရွာသာကြီးစက်မှုဇုန်ရှိ ရွှေလှေမုန့်စက်ရုံ မီးလောင်ကျွမ်းမှုကို မီးငြိမ်းသတ်ရင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ ဒု-ညွန်ကြားရေးမှူးနဲ့ဒု-တပ်ကြပ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
 
” ဒီကနေ့မနက် ၄နာရီခွဲက မီးစတင်လောင်ကျွမ်းခဲ့တယ်၊ မီးလောင်မှုအဆင့် Level 3နဲ့ တစ်နာရီကြာ မီးငြိမ်းသတ်ခဲ့တယ်၊ မနက်၅နာရီ၅၀မှာ မီးငြိမ်းခဲ့တယ်”လို့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
 
မီးငြိမ်းသတ်ရာမှာ ရန်ကုန်တိုင်းဒေသကြီး၊မီးသတ်ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးသိန်းမြင့်ဟာ ၁၅ပေအမြင့်ကနေ ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒု-တပ်ကြပ်တစ်ဦးကလည်း ပေါင်ကိုသွပ်ပြားထိကာ ပြတ်ရှဒဏ်ရာရရှိခဲ့တယ်လို့ သူကရှင်းပြပါတယ်။
 
အဲ့ဒီမီးလောင်မှုကြောင့် ရွာသာကြီးစက်မှုဇုန်၊ရာဇသင်္ကြန်လမ်းနဲ့ဝက်မစွပ်ဝန်ထောက်လမ်းထောင့်ရှိ ရွှေရွက်လှေမုန့်တိုက်နဲ့ တံဆပ်ရိုက်လုပ်ငန်းမှာရှိတဲ့ အဆောက်ဦးသုံးလုံးနဲ့ အတွင်းရှိပစ္စည်းတွေ မီးလောင်ကျွမ်းခဲ့တယ်လို့လည်း သိရပါတယ်။
 
လက်တလောမှာတော့ ရွှေလှေမုန့်တိုက်က မန်နေဂျာဖြစ်သူကို တောင်ဒဂုံမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
 
#voiceofmyanamr #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW