အာဖဂန် ကာကွယ်ရေး၀န်ကြီးရဲ့အိမ်ကို သေနတ်သမားတွေ ဝင်ရောက်တိုက်ခိုက်

ကဘူး၊ သြဂုတ်-၄-၂၀၂၁
မျိုးဆက် (VOM
 
အာဖဂန်ကာကွယ်ရေးဝန်ကြီးရဲ့ နေအိမ်ကို သေနတ်သမားတွေ၀င်ရာက် တိုက်ခိုက်ပြီးနောက် လူလေးဦးသေဆုံးသွားတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။
 
သေနတ်သမားတွေက ကားဗုံးဖောက်ခွဲပြီး ကဘူးမြို့ရဲ့လုံခြုံရေးအခိုင်အမာယူထားတဲ့ နေရာအနီး ပစ်ခတ်မှုတွေပြုလုပ်ချိန် သြဂုတ်၃ရက်မှာ ကာကွယ်ရေးဝန်ကြီး ဘစ်မေးလက်ခန်မိုဟမ်မာဒီဟာ နေအိမ်မှာ ရှိမနေခဲ့ပါဘူး။
 
သူ့ရဲ့မိသားစုကိုလည်း အန္တရာယ်ကင်းတဲ့နေရာကို ပြောင်းရွှေ့ပေးထားကြပြီး တိုက်ခိုက်တဲ့ သေနတ်သမားတွေကတော့ သေဆုံးသွားတယ်လို့ဆိုပါတယ်။
 
ထိခိုက်ဒဏ်ရာရရှိထားတဲ့ လူ၁၁ဦးကို သေဆုံးသူလေးဦးရဲ့ ရုပ်အလောင်းတွေနဲ့အတူ ကဘူးမြို့ရှိ အရေးပေါ်ဌာနကို ပို့ဆောင်လိုက်တယ်လို့ ဆေးဘက်ဆိုင်ရာအဖွဲ့က အတည်ပြုထားပါတယ်။
 
အခြားသော အာဖဂန် အထင်ကရမြို့ကြီးတွေမှာလည်း တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေချိန်မှာ ကာကွယ်ရေး ဝန်ကြီးရဲ့နေအိမ်ကိုလည်း တိုက်ခိုက်ခံရတာဖြစ်ပါတယ်။
 
ဒီတိုက်ခိုက်မှုဟာ တာလီဘန်အဖွဲ့ရဲ့ ခြေရာလက်ရာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက ပြောပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကတော့ အာဖဂန် နိုင်ငံတွင်း အကြမ်းဖက်မှုကို ချက်ချင်းအဆုံးသတ်ဖို့ တိုက်တွန်းပြောဆိုထားပါတယ်။
 
Ref : BBC
Photo: Getty Images
 
#voiceofmyanamar #vom #အာဖကန

Related posts

Leave a Comment

VOM News

FREE
VIEW