ကျင်စန်းကျော့ဘက် ရေကြီးနေတာကြောင့် ဝမ်တိန်ဘက်က မြန်မာကုန်တင်ကားတွေ ထွက်လို့မရသေး

ဩဂုတ် ၁၈-၂၀၂၁
Shy V (VOM)
 
ကျင်စန်းကျော့ဘက်မှာ ရေကြီးနေတာကြောင့် တရုတ်နိုင်ငံ၊ ဝမ်တိန်ဘက်က မြန်မာကုန်တင်ကားတွေ ဒီကနေ့ ဩဂုတ်လ ၁၈ ရက်နေ့မှာ ထွက်ရမယ့်နေ့ရက်ဖြစ်ပေမယ့် ထွက်လို့မရသေးကြောင်း တရုတ်ဘက်က အစားထိုး ခေါက်တိုယာဉ်မောင်းတွေနဲ့ မြန်မာကုန်သည်‌တွေဆီက သိရပါတယ်။
 
“ကျွန်တော်ကုန်တင်ထားတဲ့ ကားက်ိုမောင်းပေးတဲ့ တရုတ် ရှန်တိန်သမားကတော့ ကျင်စန်းကျော့ဘက် ရေကြီးပြီး သွားလာရခက်ခဲနေလို့ ဒီနေ့ တရုတ်နိုင်ငံ ဝမ်တိန်ဘက်ကနေ မြန်မာဘက်ကို ကား ပေးမထွက်ဘူးလို့ ပြောလာပါတယ်၊” လို့ တရုတ်နိုင်ငံ၊ဝမ်တိန်ရောက် မြန်မာ ကုန်သည်တစ်ဦးက ပြောပါတယ်။
 
မိုးဆက်တိုက်ရွာနေတာကြောင့် မနေ့ ဩဂုတ်လ ၁၇ ရက်နေ့ ကတည်းက ရေကြီးနေတာဖြစ်ပြီး ဒီကနေ့အထိ ရေပြန်မကျသေးဘဲ မိုးရွာနေတုန်းဖြစ်တဲ့အတွက် ဖောင်စီးပြီးသွာူနေရတယ်လို့ ‌ကျင်းစန်းကျော့မှာ ကားတန်းစီနေတဲ့ မြန်မာကုန်တင်ကားသမားတစ်ဦးက ပြောပါတယ်။
 
COVID-19 ကပ်ရောဂါ အခြေအနေကြောင့် တရုတ်ဘက်က နှစ်နိုင်ငံ အဝင်/အထွက် ကျင်စန်းကျော့ဂိတ်ပေါက်ကို ဇူလိုင်လ ၈ ရက်နေ့ကစ အကန့်အသတ်မရှိ ပိတ်လိုက်ပေမယ့် ဝမ်တိန်ဘက် ဂျူတီဆောင်ပြီးသား ပိတ်မိနေတဲ့ကားတွေနဲ့ ကျန်းမာရေးပစ္စည်းတင်တဲ့ကားတွေကို တရုတ်ဘက်က ဒဇူလိုင်လ ၂၁ ရက်နေ့ကစ မြန်မာနိုင်ငံဘက်ကို တစ်ပတ် သုံးရက် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ)တွေမှာ ထွက်ခွင့်ပြုနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
 
ဇူလိုင်လ ၂၁ ရက်နေ့ကနေ ဩဂုတ်လ ၁၆ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ဝမ်တိန်ဘက်က ဂျူတီဆောင်ပြီးသား ပိတ်မိနေတဲ့ မြန်မာကုန်တင်ကားနဲ့ ကျန်းမားရေး ဆက်စပ်ပစ္စည်းနဲ့ ဆေးဝါးပစ္စည်း တင်တဲ့ မြန်မာ ကုန်တင်ကား ၂၄၀ ဝန်းကျင် တရုတ်ဘက်ကနေ မြန်မာဘက်ပို ထွက်ခဲ့ပြီးတာလည်း ဖြစ်ပါတယ်။
 
Photo – AYK ၊ TMS
#voiceofmyanmar #VOM #ဝမ်တိန်

Related posts

Leave a Comment

VOM News

FREE
VIEW