ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အမှု မစစ်ဖြစ်သေး

နေပြည်တော်၊ ဩဂုတ်လ၁၈-၂၀၂၁ KT(VOM)   ဦးဝင်းမြင့်၊ဒေါ်အောင်ဆန်းစုကြည်၊ဒေါက်တာမျိုးအောင်အမှုရုံးချိန်းကို အများပြည်သူရုံးပိတ်ရက်ထဲအကျူံးဝင်တဲ့အတွက် အမှုမစစ်ဖြစ်သေးဘူးလို့ တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။   “ရုံးချိန်းကတော့ တနင်္လာ ၊ အင်္ဂါမပြောင်းပါဘူးဆိုတော့ လာမယ့်အပါတ် ၂၃ ရက်၊၂၄ ရက်ပေါ့၊ ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းမြင့်၊ဒေါက်တာမျိုးအောင်တို့ကိုတွေဆုံခွင့်ရဖို့အတွက် ရှေ့နေတွေစုပြီး စာတင်ဖို့တိုင်ပင်နေကြပါတယ်၊ သူတို့ရဲ့အခြေအနေကတော့ မတွေရတဲ့အတွက် ဘာမှမပြောနိုင်ပါ”လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်မှပြောပါတယ်။   #voiceofmyanmar #VOM #နေပြည်တော်

Read More

မောင်တော​မြို့နယ်က ကျေးရွာအုပ်စု ယာယီအုပ်ချုပ်ရေးမှူးရဲ့အိမ် ဓားပြတိုက်ခံရပြီး အုပ်ချုပ်ရေးမှူးကို ဓားစာခံအဖြစ် ခေါ်ဆောင်သွား

သြဂုတ် ၊ ၁၈ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ရခိုင်ပြည်နယ်မြောက်ပိုင်း ၊ မောင်တောမြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးကို ဒီကနေ့မနက် အစောပိုင်း ၂ နာရီဝန်းကျင်က နေအိမ်ကနေ အမည်မသိ လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။   အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းတစ်ယောက်က ” အစ္စလာမ်ဘာသာဝင်တွေနေတဲ့ ပဒင်းကျေးရွာအုပ်စု၊ကညင်တန်းကျေးရွာက ယာယီ အုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီ ဆိုတဲ့သူ ဖမ်းခံရတာဖြစ်တယ် ၊ မနက် အာရုဏ်တက် ၂ နာရီလောက်မှာ သူ့ရဲ့ အိမ်ကို အမည်မသိရသေးတဲ့ လက်နက်ကိုင်အဖွဲ့ လူ ၅ ယောက်က ဝင်ရောက် ဖမ်းခေါ်သွားတာဖြစ်တယ်”လို့ ပြောပါတယ်။   ဒါ့အပြင် အဲ့ဒီ ကညင်တန်းရွာ ယာယီ အုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီရဲ့…

Read More

ဒီပဲယင်းမြို့နယ်မှာ NLDလွှတ်တော်ကိုယ်စားလှယ်တွေကိုမတွေ့လို့ မိသားစုဝင်တွေကို ဖမ်းဆီးသွား

သြဂုတ် ၁၈-၂၀၂၁ KK(VOM)   ဒီပဲယင်းမြို့နယ်က NLDလွှတ်တော်ကိုယ်စားလှယ်သုံးဦးကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဒီကနေ့ နေလယ်ပိုင်းမှာ လာရောက်ဖမ်းဆီးခဲ့ရာ မတွေ့တဲ့အတွက် မိသားစုဝင်တွေကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” ဒီကနေ့ နေ့လယ် ၁၂နာရီလောက်က NLDပါတီရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)နဲ့(၂)ကို စိုင်ပြင်ကျေးရွာမှာ စစ်တပ်နဲ့ရဲတွေက လာဖမ်းတာကို မတွေ့လို့ မိသားစုဝင်(၄)ဦးကို ဖမ်းဆီးသွားတယ်”လို့ စိုင်ပြင်ကျေးရွာနေသူတစ်ဦးက ပြောပါတယ်။   ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်အောင်ကို မတွေ့လို့ ဇနီးဖြစ်သူဒေါ်ခင်အုန်းမြင့်နဲ့သားကို ဖမ်းဆီးသွားပြီး ညီဖြစ်သူကိုဆန်းလင်းလည်း ဖမ်းဆီးခံရတယ်လို့လည်း ပြောပါတယ်။   “စစ်တပ်က တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ်ဦးမိုးမင်းဝင်းကိုလာရှာတာ မတွေ့လို့ မိသားစုဝင်တွေကို ဖမ်းတယ်၊ ပစွည်းတွေလည်း သိမ်းသွားတယ်၊ ကိုမိုးမင်းဝင်းကို မတွေ့လို့ အစ်ကိုဖြစ်သူ ကိုကျော်ဆန်းနဲ့တူဖြစ်သူကို ဖမ်းဆီးသွားတယ်”လို့ စိုင်ပြင်ကျေးရွာရဲ့ ရပ်ဖိရပ်ဖတစ်ဦးက ပြောပါတယ်။   တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်ဒေါ်နှင်းခိုင်စိုးရဲ့နေအိမ်ကိုလည်း ရှာဖွေသေးတယ်လို့ ကျေးရွာနေထိုင်သူတွေက ပြောပါတယ်။   လက်တလောမှာဖမ်းဆီးထားသူ…

Read More

နယူးဇီလန်မှာ ကိုဗစ်လူနာသစ်တစ်ဦးတွေ့ရှိလို့ တစ်နိုင်ငံလုံးလော့ခ်ဒေါင်းချ

၀ယ်လင်တန်၊ သြဂုတ်-၁၈-၂၀၂၁ မျိုးဆက် (VOM)   နယူးဇီလန်နိုင်ငံမှာ ခြောက်လအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအမျိုးသားတစ်ဦး တွေ့ရှိခဲ့တာကြောင့် နိုင်ငံတစ်၀န်း လော့ခ်ဒေါင်းချလိုက်ကြောင်း ကြေညာလိုက်ပါတယ်။   ကူးစက်မှုတွေ့ရှိခဲ့တဲ့ အော့ကလန်ဒေသမှာ သီတင်းတစ်ပတ်ကြာ လော့ခ်ဒေါင်းချသွားမှာဖြစ်ပြီး နိုင်ငံရဲ့ အခြားဒေသတွေကိုတော့ သုံးရက်ကြာလော့ခ်ဒေါင်းချမယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။   ကူးစက်မှုဟာ ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ် ဟုတ်၊မဟုတ်ဆိုတဲ့ ယူဆချက်တွေအပေါ်မှာ အကဲဖြတ်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။   နိုင်ငံအတွင်းမှာ လက်ရှိချိန်ထိ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးအပြည့်အ၀ထိုးနှံပေးပြီးဖြစ်ပါတယ်။   လက်ရှိချမှတ်ထားတဲ့ လော့ခ်ဒေါင်းကို အဆင့်လေးအဖြစ်သတ်မှတ်ထားတာကြောင့် မဖြစ်မနေလိုအပ်တဲ့ လုပ်ငန်းတွေကလွဲပြီး စာသင်ကျောင်းတွေ၊ ရုံးတွေနဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို ပိတ်သိမ်းရမယ်လို့ ၀န်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်က ပြောပါတယ်။   ဗိုင်းရပ်ကူးစက်ခံရတဲ့ အသက် ၅၈ နှစ်အရွယ်အမျိုးသားဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်ကတည်းက ကူးစက်ခံရတာလို့…

Read More

ကျင်စန်းကျော့ဘက် ရေကြီးနေတာကြောင့် ဝမ်တိန်ဘက်က မြန်မာကုန်တင်ကားတွေ ထွက်လို့မရသေး

ဩဂုတ် ၁၈-၂၀၂၁ Shy V (VOM)   ကျင်စန်းကျော့ဘက်မှာ ရေကြီးနေတာကြောင့် တရုတ်နိုင်ငံ၊ ဝမ်တိန်ဘက်က မြန်မာကုန်တင်ကားတွေ ဒီကနေ့ ဩဂုတ်လ ၁၈ ရက်နေ့မှာ ထွက်ရမယ့်နေ့ရက်ဖြစ်ပေမယ့် ထွက်လို့မရသေးကြောင်း တရုတ်ဘက်က အစားထိုး ခေါက်တိုယာဉ်မောင်းတွေနဲ့ မြန်မာကုန်သည်‌တွေဆီက သိရပါတယ်။   “ကျွန်တော်ကုန်တင်ထားတဲ့ ကားက်ိုမောင်းပေးတဲ့ တရုတ် ရှန်တိန်သမားကတော့ ကျင်စန်းကျော့ဘက် ရေကြီးပြီး သွားလာရခက်ခဲနေလို့ ဒီနေ့ တရုတ်နိုင်ငံ ဝမ်တိန်ဘက်ကနေ မြန်မာဘက်ကို ကား ပေးမထွက်ဘူးလို့ ပြောလာပါတယ်၊” လို့ တရုတ်နိုင်ငံ၊ဝမ်တိန်ရောက် မြန်မာ ကုန်သည်တစ်ဦးက ပြောပါတယ်။   မိုးဆက်တိုက်ရွာနေတာကြောင့် မနေ့ ဩဂုတ်လ ၁၇ ရက်နေ့ ကတည်းက ရေကြီးနေတာဖြစ်ပြီး ဒီကနေ့အထိ ရေပြန်မကျသေးဘဲ မိုးရွာနေတုန်းဖြစ်တဲ့အတွက် ဖောင်စီးပြီးသွာူနေရတယ်လို့ ‌ကျင်းစန်းကျော့မှာ ကားတန်းစီနေတဲ့ မြန်မာကုန်တင်ကားသမားတစ်ဦးက ပြောပါတယ်။   COVID-19…

Read More

အာဖဂန်မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် တာလီဘန်အဖွဲ့ကြေညာ

ကဘူး၊ သြဂုတ်-၁၈-၂၀၂၁ မျိုးဆက် (VOM) အာဖဂန်နစ္စတန်နိုင်ငံမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံတကာတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းသူတွေအပါအဝင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို တာလီဘန်အဖွဲ့က သြဂုတ် ၁၇ ရက်အစောပိုင်းမှာ ကြေညာလိုက်ပြီး အမျိုးသမီးများအနေနဲ့ သူတို့ရဲ့ အစိုးရအဖွဲ့မှာ ပူးပေါင်းပါဝင်စေလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာဖဂန်နစ္စတန်ရှိ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အစ္စလာမ့်ဥပဒေမူဘောင်အတွင်းမှ လေးစားသွားမှာဖြစ်တယ်လို့လည်း နိုင်ငံကိုထိန်းချုပ်ပြီးနောက် ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ တာလီဘန်ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ အာဖဂန်အမျိုးသမီးများအနေနဲ့ လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့်ရရှိမယ်လို့ တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ ဇာဘီဟူလာမူဂျာဟစ်က ပြောပါတယ်။ အမျိုးသမီးတွေကို မိမိတို့ရဲ့ မူဘောင်အတွင်းမှ အလုပ်လုပ်ခွင့်နဲ့ ပညာသင်ကြားခွင့်ပြုသွားမှာဖြစ်တယ်လို့ သူကပြောဆိုပေမယ့် အခြားစည်းမျဉ်းနဲ့ ကန့်သတ်ချက်တွေကိုတော့ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ အာဖဂန်ပြည်သူများအနေနဲ့ အစ္စလာမ့်ဥပဒေမူဘောင်အတွင်းမှာ နေထိုင်ကြရမယ်လို့ ပြောရေးဆိုခွင့်ရှိသူက ကြိမ်ဖန်များစွာ ပြောဆိုခဲ့ပါတယ်။ တာလီဘန်တို့လက်အောက်မှ အမျိုးသမီးတွေရဲ့လွတ်လပ်ခွင့်တွေ ဆုံးရှုံးမှာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်ပူပန်နေကြပါတယ်။ Ref : BBC Photo:…

Read More

ထိုင်းမှာ ဒယ်လ်တာဗိုင်းရပ်စ်ကာကွယ်ဖို့ ကာကွယ်ဆေးနှစ်မျိုးပေါင်းစပ်ထိုးနှံမယ်လို့ ကြေညာ

ဗန်ကောက်၊ သြဂုတ်-၁၈-၂၀၂၁ မျိုးဆက် (VOM)   ထိုင်းနိုင်ငံမှာ ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေးနှစ်မျိုးပေါင်းစပ် ထိုးနှံမယ်လို့ ထိုင်းတာ၀န်ရှိသူတွေက သြဂုတ် ၁၇ ရက်မှာထုတ်ဖော်ပြောဆိုလိုက်ပြီး မတူညီတဲ့ ကာကွယ်ဆေးတွေကို ပေါင်းစပ်အသုံးပြုမယ်လို့ ကြေညာလိုက်တဲ့ ပထမဆုံးနိုင်ငံလည်းဖြစ်ပါတယ်။   Sinovac ကာကွယ်ဆေးထိုးနှံပြီးနောက် AstraZeneca ထပ်မံထိုးနှံတာဟာ ကိုယ်ခံစွမ်းအားကို သိသိသာသာမြင့်တက်စေတယ်လို့ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနမှ ထိပ်တန်းတာ၀န်ရှိသူ ဒေါက်တာ ချာ၀ပ်ဆန်နမ်၀ပ်က ထုတ်ဖော်ပြောဆိုပါတယ်။   ပြည်တွင်းမှာ ထုတ်လုပ်တဲ့ AstraZeneca ကာကွယ်ဆေးကို အဓိကအသုံးပြုဖို့ မူလက စီစဉ်ထားပေမယ့်လည်း အစိုးရရဲ့ ကာကွယ်ဆေးထုတ်လုပ်နိုင်မှု ပမာဏ ပြည့်မှီခြင်းမရှိတာကြောင့် ပြည်သူတွေကို ကာကွယ်ဆေးအလျှင်အမြန်ထိုးနှံပေးနိုင်ရေးအတွက် Sinovac ကာကွယ်ဆေးတွေကို ထိုင်းအစိုးရက အသုံးပြုနေခဲ့ပါတယ်။   ကာကွယ်ဆေးထိုးအစီအစဉ်မြှင့်တင်ရေး အားထုတ်မှုအဖြစ် Sinovac ကာကွယ်ဆေး ၁၂ သန်းကို ထပ်မံ၀ယ်ယူသွားမှာဖြစ်တယ်လို့ ထိုင်းအစိုးရ ထိပ်တန်းတာ၀န်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုထားပါတယ်။…

Read More

ကံမမြို့မှာ လူငယ်၃ ဦး လက်နက်မှုနဲ့ဖမ်းဆီးခံရ

ကံမ၊ သြဂုတ် ၁၈-၂၀၂၁ Voice Of Myanmar   မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကြို့ပင်ကျေးရွာက အသက်၂၅နှစ်ဝန်းကျင်ရှိ လူငယ် ၃ဦးကို လက်နက်မှုနဲ့ မနေ့ သြဂုတ် ၁၇ ရက်နေ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။   မနက်၁၀နာရီခန့်မှာ ပြည့်ဖြိုးအောင် ခေါ် အရှည်ကြီးနဲ့ခင်ဇော်မျိုးကို နေအိမ်မှာလာရောက်ဖမ်းဆီးတာဖြစ်ပြီး လာရှာတဲ့အချိန် လက်နက်ပြုလုပ်ထားတာတွေကိုတော့မတွေ့ဘူးလို့ သိရပါတယ်။   အခုလိုဖမ်းဆီးခံရပြီး စစ်ဆေးချက်အရ နောက်ထပ်တဦးပါ ထပ်မံဖမ်းဆီးခံရတယ်လို့ သိရပါတယ်။   ”အဲ့ဒီ ၃ ယောက်က ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလက လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာမှာ လက်လုပ်လေသေနတ်တွေနဲ့ပုံ ပရိုဖိုင်းတင်ထားတာကို သူနဲ့မတည့်သူက တိုင်လို့ လာဖမ်းတာ”လို့ဒေသခံတဦးကပြောပါတယ်။   စက်ဘီးလေထိုးပိုက်နဲ့ ပိုးသတ်ဆေးဖြန်းတဲ့ပိုက်ကို အသုံးပြုပြီးလုပ်ထားတဲ့ လက်လုပ်လေသေနတ်နဲ့ ညဘက်တွေမှာ ဂျိုးပစ်၊ ယုန်ပစ်ကြတာတွေရှိတယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။   ” နိုင်ငံရေးလုပ်တဲ့ ကလေးတွေမဟုတ်ပါဘူး၊…

Read More

မန္တလေးမြို့က ရွှေလှံရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

မန္တလေး၊ ဩဂုတ် ၁၈-၂၀၂၁ Ko Hik(VOM)   မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်(ရွှေလှံ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒီကနေ့မနက် ၁၁နာရီခန့် ရပ်ကွက်ရုံးထဲမှာရှိနေချိန် သေနတ်နဲ့ဝင်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။   အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးကို ဆက်သွယ်ရာမှာတော့ “ကွန်ဖန်းဖြစ်ပါတယ် ၊ ရုံးထဲမှာ ထိုင်နေတဲ့အချိန်ပဲ ဝင်ပစ်သွားတာ”လို့ အတည်ပြုပြောပါတယ်။   သေနတ်ပစ်ခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ အသက် ၅၀ခန့်အရွယ်ရှိတဲ့ ဦးအောင်ဆွေထွန်းဆိုသူဖြစ်ပြီး ဦးခေါင်း ကျည်ဆံမှန်ဒဏ်ရာနဲ့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။   ပြီးခဲ့တဲ့ရက်ပိုင်းလောက်က အဲ့ဒီရပ်ကွက်အတွင်းမှာ လူငယ်အချို့နဲ့ ကွန်ပျူတာဆက်စပ်ပစ္စည်းတွေကို အုပ်ချုပ်ရေးမှူးနဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေပြောပြချက်အရ သိရပါတယ်။   မန္တလေးမြို့မှာ ဇူလိုင် ၁၄ရက်က အမရပူရမြို့နယ်၊ မြစ်ငယ်မြို့မှာ အမျိုးသမီးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။   ဒါ့အပြင်…

Read More

အသုတ်မြို့က သတင်းပေးလို့အမည်ထွက်နေသူ ၁ ဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး

သြဂုတ် ၊ ၁၈ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင် ၊ အသုတ်မြို့က သတင်းပေးလို့အမည်ထွက်နေတဲ့ စီးပွားရေး လုပ်ငန်းရှင် ၁ ဦး ဒီကနေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ အသုတ်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   သေနတ်နဲ့ ပစ်ခံရသူဟာ ဆိုင်ကယ်အရောင်းဆိုင် Show Room ပိုင်ရှင်တစ်ဦးဖြစ်ပြီး သူ့ရဲ့ဆိုင်ရှေ့မှာပဲ သေနတ်နဲ့ ပစ်ခတ်ခံရတာဖြစ်ပါတယ်။   အဲ့ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး မြင်တွေ့လိုက်ရတဲ့ ဆိုင်အနီးနားနေထိုင်သူတစ်ယောက်က ” အသံကြားလိုက်လို့ လှမ်းကြည့်တဲ့အခါ ပုဆိုးဝတ် ၊ အင်္ကျီလက်ရှည်ဝတ် ၊ ဦးထုပ်စောင်း mask တပ်ထားတဲ့ လူတစ်ယောက်က ဆိုင်ဘက်ကနေ ပြေးထွက်လာပြီး ဆိုင်ရှေ့မှာ လူ ၁ ယောက် အသင့်စောင့်နေတဲ့ ဆိုင်ကယ်ပေါ်ကို…

Read More
VOM News

FREE
VIEW