မန္တလေးမြို့က ရွှေလှံရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

မန္တလေး၊ ဩဂုတ် ၁၈-၂၀၂၁
Ko Hik(VOM)
 
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်(ရွှေလှံ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒီကနေ့မနက် ၁၁နာရီခန့် ရပ်ကွက်ရုံးထဲမှာရှိနေချိန် သေနတ်နဲ့ဝင်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
 
အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးကို ဆက်သွယ်ရာမှာတော့ “ကွန်ဖန်းဖြစ်ပါတယ် ၊ ရုံးထဲမှာ ထိုင်နေတဲ့အချိန်ပဲ ဝင်ပစ်သွားတာ”လို့ အတည်ပြုပြောပါတယ်။
 
သေနတ်ပစ်ခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ အသက် ၅၀ခန့်အရွယ်ရှိတဲ့ ဦးအောင်ဆွေထွန်းဆိုသူဖြစ်ပြီး ဦးခေါင်း ကျည်ဆံမှန်ဒဏ်ရာနဲ့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ရက်ပိုင်းလောက်က အဲ့ဒီရပ်ကွက်အတွင်းမှာ လူငယ်အချို့နဲ့ ကွန်ပျူတာဆက်စပ်ပစ္စည်းတွေကို အုပ်ချုပ်ရေးမှူးနဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေပြောပြချက်အရ သိရပါတယ်။
 
မန္တလေးမြို့မှာ ဇူလိုင် ၁၄ရက်က အမရပူရမြို့နယ်၊ မြစ်ငယ်မြို့မှာ အမျိုးသမီးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။
 
ဒါ့အပြင် ဇူလိုင်လ ၂၇ရက်နေ့ကလည်း အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ နေအိမ်ထဲရှိနေချိန် သေနတ်နဲ့ပစ်ခံရလို့ ဒဏ်ရာရပြီး ဆေးရုံတင်လိုက်ရတဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW