ဒီပဲယင်းမြို့နယ်မှာ NLDလွှတ်တော်ကိုယ်စားလှယ်တွေကိုမတွေ့လို့ မိသားစုဝင်တွေကို ဖမ်းဆီးသွား

သြဂုတ် ၁၈-၂၀၂၁
KK(VOM)
 
ဒီပဲယင်းမြို့နယ်က NLDလွှတ်တော်ကိုယ်စားလှယ်သုံးဦးကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဒီကနေ့ နေလယ်ပိုင်းမှာ လာရောက်ဖမ်းဆီးခဲ့ရာ မတွေ့တဲ့အတွက် မိသားစုဝင်တွေကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” ဒီကနေ့ နေ့လယ် ၁၂နာရီလောက်က NLDပါတီရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)နဲ့(၂)ကို စိုင်ပြင်ကျေးရွာမှာ စစ်တပ်နဲ့ရဲတွေက လာဖမ်းတာကို မတွေ့လို့ မိသားစုဝင်(၄)ဦးကို ဖမ်းဆီးသွားတယ်”လို့ စိုင်ပြင်ကျေးရွာနေသူတစ်ဦးက ပြောပါတယ်။
 
ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်အောင်ကို မတွေ့လို့ ဇနီးဖြစ်သူဒေါ်ခင်အုန်းမြင့်နဲ့သားကို ဖမ်းဆီးသွားပြီး ညီဖြစ်သူကိုဆန်းလင်းလည်း ဖမ်းဆီးခံရတယ်လို့လည်း ပြောပါတယ်။
 
“စစ်တပ်က တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ်ဦးမိုးမင်းဝင်းကိုလာရှာတာ မတွေ့လို့ မိသားစုဝင်တွေကို ဖမ်းတယ်၊ ပစွည်းတွေလည်း သိမ်းသွားတယ်၊ ကိုမိုးမင်းဝင်းကို မတွေ့လို့ အစ်ကိုဖြစ်သူ ကိုကျော်ဆန်းနဲ့တူဖြစ်သူကို ဖမ်းဆီးသွားတယ်”လို့ စိုင်ပြင်ကျေးရွာရဲ့ ရပ်ဖိရပ်ဖတစ်ဦးက ပြောပါတယ်။
 
တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်ဒေါ်နှင်းခိုင်စိုးရဲ့နေအိမ်ကိုလည်း ရှာဖွေသေးတယ်လို့ ကျေးရွာနေထိုင်သူတွေက ပြောပါတယ်။
 
လက်တလောမှာဖမ်းဆီးထားသူ လွှတ်တော်ကိုယ်စားလှယ်ရဲ့မိသားစုဝင်(၅)ဦးအား စိုင်းပြင်မြို့မရဲစခန်းမှာ ထားရှိတယ်လို့လည်း သိရပါတယ်။
 
၂၀၂၀ ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး နီးစပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးရုံးတွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွေမှာ NUG ၊CRPH၊PDF စတဲ့ အဖွဲ့အစည်းတွေနဲ့ ပါဝင်ပတ်သက်မှု ၊ကင်းရှင်းကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းတာတွေရှိပြီး ၊ အဲ့ဒီ ဝန်ခံကတိ လက်မှတ်ရေးထိုးတာ မရှိဘဲ ဆက်သွယ်ဖို့ ပျက်ကွက်နေတဲ့ ကိုယ်စားလှယ်တွေကို သြဂုတ်လဆန်းပိုင်းက စလို့ ရဲတပ်ဖွဲ့က ပိုက်စိပ်တိုက် လိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ဒီပဲယင်း

Related posts

Leave a Comment

VOM News

FREE
VIEW