လာအိုနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ ​ကျော် တာချီလိတ်မြို့ကို ပြန်လည်လွှဲ​​ပြောင်းပေး

ဩဂုတ် ၂၅-၂၀၂၁
Shy V (VOM)
 
လာအိုနိုင်ငံ၊ ဘိုကျောက်ပြည်နယ်၊ ရွှေတြိဂံအထူးစီးပွားရေးဇုံမှာ အလုပ်သွားရောက် လုပ်ကိုင်ခဲ့ကြပြီး ​ကပ်​ရောဂါ အ​ခြေအ​နေနဲ့ အခက်အခဲအမျိုးမျိုး​ကြောင့် ​နေရပ်ပြန်လိုတဲ့ မြန်မာရွှေ့​ပြောင်းအလုပ်သမား ၄၉၄ ဦးကို မနေ့ သြဂုတ်လ ၂၄ ရက်​နေ့ မနက်ပိုင်းက လာအိုနိုင်ငံတာဝန်ရှိသူတွေက လာအိုနိုင်ငံ၊ မိုင်းမော့ဆိပ်ကမ်ကနေ တာချီလိတ်မြို့၊ မိုင်းဖုန်း (က) ကျေးရွာ အုပ်စု၊ ဝမ်ပုံဆိပ်ကမ်းကို လွှဲပြောင်းပို့​ဆောင်​ပေးခဲ့​တယ်လို့ တာချီလိတ်ခရိုင် အ​ထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။
 
နေရပ်ကိုပြန်လိုတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၃၃၈ ဦး၊ အမျိုးသမီး ၁၅၆ ဦး၊ စုစု​ပေါင်း ၄၉၄ ဦး တို့ကို ၈ ကြိမ်​မြှောက် လွှဲပြောင်း လက်ခံခဲ့​တာဖြစ်လို့ သိရပါတယ်။
 
မြန်မာဘက်က သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ စနစ်တကျစိစစ်လက်ခံပြီး အဲ့ဒီ ပြည်​တော်ပြန် ၄၉၄ ဦးကို ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေး​ပေးခဲ့တာမှာ အအျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၉ ဦး၊စုစုပေါင်း ၁၉ဦး တို့မှာ ရောဂါပိုးတွေ့ရှိခဲ့လို့ ဝမ်လုံး Positive Center ပို့ဆောင်ကာ ဆေးကုသမှု ခံယူ​စေခဲ့တယ်လို့ သိရပါတယ်။
 
ပိုးမရှိသူတွေထဲက ရှမ်း/ရှေ့၊ တာချီလိတ်မှာ Quarantine ဝင်ရောက်မယ့်သူ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၂၂ ဦးကို ဝမ်လုံး Quarantine Center မှာထားပြီး ကင်္နတဲ့ အမျိုးသား ၃၂၅ ဦး၊ အမျိုးသမီး ၁၄၄ ဦး၊ စုစု​ပေါင်း ၄၆၉ ဦး နဲ့ တာချီလိတ်မြို့၊ ဝမ်လုံးစင်တာမှ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၈ဦး၊ စုစု​ပေါင်း ၁၆ ဦးတို့ကို သူတို့​နေထိုင်ရာ ​​ဒေသတွေကို ပြန်လည်စေလွတ်ခဲ့​တယ်လို့ သိရပါတယ်။
 
လာအိုနိုင်ငံ၊ ဘိုကျောက်ပြည်နယ်၊ ရွှေတြိဂံအထူးစီးပွားရေးဇုံက ​​နေရပ်ပြန်လိုတဲ့ မြန်မာရွှေ့​ပြောင်းအလုပ်သမားတွေကို ၂၀၂၁ ဇူလိုင်လ ၃၀ ရက်​ကနေ သြဂုတ်လ ၂၄ ရက်​နေ့ထိ နှစ်နိုင်ငံ တရားဝင်လွှဲ​ပြောင်းလက်ခံခဲ့တာ ၈ ကြိမ်မြောက်ရှိနေပြီး စုစု​ပေါင်း ​ရွှေ့​ပြောင်း လုပ်သား ၂၁၀၀ ​ကျော် ရှိပြီဖြစ်သလို အဲ့ဒီအထဲက လူ ၁၀၀ ​ကျော်မှာ ကိုဗစ်ပိုး​တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
 
Photo – K Th O
#voiceofmyanmar #VOM #တာချီလိတ်

Related posts

Leave a Comment

VOM News

FREE
VIEW