မူဆယ်မှာ ပြည်တော်ပြန်တွေကို ငွေလဲပေးနေတဲ့ အမျိုးသီးတစ်ဦး ဓားခုတ်၊ ငွေလု ခံရ

ဩဂုတ် ၂၅-၂၀၂၁ Shy V(VOM)   မူဆယ်မြို့မှာ ပြည်တော်ပြန်တွေကို ငွေလဲပေးနေတဲ့ အမျိုးသီးတစ်ဦး ဒီကနေ့ မနက် ၁၀ နာရီခွဲခန့်က ဓားခုတ်ခံရတဲ့အပြင် ငွေပါ လုယက်ခံလိုက်ရတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။   “ငွေလဲအန်တီကြီး ပိုက်ဆံလုခံရတယ်။ အမျိုးသားတစ်ဦးက ဓားနဲ့ခုတ်ပြီး ငွေထုပ်ကိုလုပြေးသွားတာ၊ ငွေအလဲအလှယ် လုပ်နေတဲ့ အန်တီကြီးရဲ့ ညာဘက်လက် ဓားခုတ်ဒဏ်ရာရခဲ့ပြီး ငွေသား သိန်း ၄၀ ဝန်းကျင် ပါသွားတယ်၊ မူဆယ်မြို့မှာ သူခိုး၊ ဓားမြ အရမ်းပေါနေပြီ။” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။   ဒဏ်ရာရသူ အမျိုးသမီးကိုတော့ မူဆယ် ပြည်သူ့ဆေးရုံကို ပို့‌ပေးခဲ့ပြီး ဒဏ်ရာရတဲ့ လက်ဖျံကို (၅)ချက် ချုပ်လိုက်ရတယ်လို့ ကူညီပေးခဲ့သူကပြောပါတယ်။   ဓားခုတ်၊ လုယက်မှု ဖြစ်ပွားတဲ့နေရာဟာ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်က စည်ပင်လမ်းထောင့်မှာဖြစ်ပြီး ပြည်တော်ပြန်‌တွေကို…

Read More

အာဖဂန်မှာ အမေရိကန်ရဲ့ ကယ်ဆယ်ရေးအစီအစဉ်တွေ ယခုလကုန်မှာ အဆုံးသတ်တော့မယ်

၀ါရှင်တန်၊ သြဂုတ်-၂၅-၂၀၂၁ မျိုးဆက် (VOM)   အာဖဂန်မှအမေရိကန်တပ်ဖွဲ့၀င်တွေရုပ်သိမ်းမယ့် နောက်ဆုံးနေ့ရက်ကို သက်တမ်းတိုးဖို့ မဟာမိတ်နိုင်ငံတွေက တိုက်တွန်းမှုတွေရှိနေပေ့မယ့် ကယ်ဆယ်ရေးအစီအစဉ်ကို သြဂုတ် ၃၁ ရက်နောက်ဆုံးထားပြီး လုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   မ်ိမိတို့ရဲ့လုပ်ငန်းစဉ်တွေ မြန်မြန်ပြီးလေကောင်းလေလို့ ဂျိုးဘိုင်ဒင်ကပြောပါတယ်။   လက်ရှိကယ်ဆယ်ရေးအစီအစဉ်တွေအပေါ် သက်ရောက်ခြင်းမရှိပေမယ့်လည်း အာဖဂန်ရှိအမေရိကန်တပ်ဖွဲ့၀င်တွေကို ယခင်ကတည်းက ရုပ်သိမ်းမှုများပြုလုပ်နေခဲ့တာဖြစ်ပါတယ်။   အာဖဂန်တာလီဘန်တို့ထိန်းချုပ်ပြီးကိုးရက်ကြာမြင့်ချိန်မှာတော့ မြို့တော် ကဘူးမှလူပေါင်း ၇၀၇၀၀ ဦးကို အမေရိကန်က လေယာဉ်တွေနဲ့ ကယ်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။   ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ နောက်ဆုံးနေ့ရက်နဲ့ ပတ်သက်ပြီး သက်တမ်းတိုးတာကို လက်မခံဘူးလို့ တာလီဘန်အဖွဲ့က သတိပေးထားပါတယ်။   မိမိတို့လူတွေကို ကယ်ထုတ်ရေးမှာကူညီဖို့ တာလီဘန်များကလုပ်ဆောင်နေပြီး သူတို့ရဲ့လုပ်ရပ်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းက အကဲဖြတ်သွားမှာဖြစ်တယ်လို့သမ္မတဂျိုးဘိုင်ဒင်က ပြောပါတယ်။   အာဖဂန်ကို တာလီဘန်တို့ထိန်းချုပ်လိုက်ပြီးနောက် အိုင်အက်စ်အဖွဲ့ရဲ့ခြိမ်းခြောက်မှုတွေ တိုးပွားလာတာကြောင့် လေယာဉ်တွေနဲ့ကယ်ထုတ်ရေးအစီအစဉ်မှာ များမကြာမီပြီးဆုံးတော့မှာဖြစ်တယ်လို့ သူကပြောဆိုပါတယ်။…

Read More

တီးတိန် မြန်မာ့စီးပွားရေးဘဏ်ရှေ့ပစ်ခတ်မှုဖြစ်လို့ ဘဏ်စောင့် ရဲ ၃ ဦး သေဆုံး

သြဂုတ် ၊ ၂၅ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ချင်းပြည်နယ်မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ တီးတိန်မြို့ ၊ မြို့မရပ်ကွက်မှာရှိ မြန်မာ့စီးပွားရေးဘဏ်မှာ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က သေနတ်ပစ်ခတ်မှုတွေဖြစ်ပွားပြီး ဘဏ်တာဝန်ကျတဲ့ ရဲ ၃ ဦးဟာ သေနတ်ပစ်ခံရကာ နေရာမှာတင် သေဆုံးသွားတယ်လို့ တီးတိန်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” တီးတိန်ဘဏ်မှာက တနလ်ာ ၊ ဗုဒ္ဓဟူး ၊ ၃ ရက်က အငြိမ်စား လစာထုတ်ပေးတဲ့နေ့ဖြစ်တယ် ၊ သေနတ်သမားတွေက ဆိုင်ကယ်နဲ့လာပြီး ဘဏ်ရှေ့မှာ လုံခြုံရေးလုပ်ပေးနေတဲ့ ရဲတွေကို ပစ်တာ ရဲ ၃ ဦး အဲ့ဒီနေရာမှာတင် သေတယ် ၊ သေနတ်သမားက ၄ ​ယောက်လို့ ကြားရတယ် ၊ ဘဏ်ဝန်ထမ်းတွေက နောက်ဖေးပေါက်ကနေ ထွက်ပြေးပြီး…

Read More

တရုတ်ပညာရေး သင်ရိုးမှာ သမ္မတရှီကျင်းပင်ရဲ့ အတွေးအခေါ်တွေ ထည့်သွင်းသင်ကြားတော့မယ်

ပေကျင်း၊ သြဂုတ်-၂၅-၂၀၂၁ မျိုးဆက် (VOM)   တရုတ်နိုင်ငံရဲ့ အမျိုးသားသင်ရိုးညွှန်းတမ်းမှာ သမ္မတရှီကျင်းပင်ရဲ့ အတွေးအခေါ်တွေကို ထည့်သွင်းသင်ကြားပေးသွားမယ်လို့ တရုတ်ပညာရေး၀န်ကြီးဌာနက သြဂုတ် ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။   တရုတ်သမ္မတရဲ့ နိုင်ငံရေးသဘောတရားတွေကို သင်ကြားပေးတာဟာ လူငယ်တွေကို မာ့က်စ်ဝါဒယုံကြည်ချက်တွေထူထောင်ဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ ပညာရေး၀န်ကြီးဌာနက ပြောပါတယ်။   ဒီလိုသင်ကြားခြင်းကို အခြေခံပညာမူလတန်းကျောင်းတွေကနေ တက္ကသိုလ်တွေထိ အကြုံး၀င်မှာဖြစ်ပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းနယ်ပယ်အသီးသီးမှာ အာဏာရတရုတ်ကွန်မြူနစ်ပါတီရဲ့အခန်းကဏ္ဍကိုခိုင်မာစေဖို့ မစ္စတာရှီရဲ့ နောက်ဆုံးအားထုတ်မှုဖြစ်ပါတယ်။   ဘက်စုံကိုယ်ကျင့်တရား၊ ဥာဏ၊ ကာယ၊ သဘောတရားတွေနဲ့အတူ ဆိုရှယ်လစ်စနစ်တည်ဆောက်သူတွေနဲ့ ဆက်ခံသူတွေကို မွေးမြူဖို့အတွက်ရည်ရွယ်ပြီး ဒီလိုသင်ကြားဖို့စီစဉ်တာလို့ ပညာရေး၀န်ကြီးဌာနကဆိုပါတယ်။   တရုတ်နိုင်ငံဟာ ၂၀၁၈ ခုနှစ်ကလည်း တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ အတွေးအခေါ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းခဲ့ပါတယ်။   Ref: BBC Photo:Getty Images #voiceofmyanmar #vom…

Read More

သရုပ်ဆောင်၊ လူရွှင်တော် ဆင်မ ဖမ်းဆီးခံရ

ရန်ကုန်၊သြဂုတ် ၂၅-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၁၈ရပ်ကွက်မှာ မနေ့ဩဂုတ်လ ၂၄ရက် ည ၈နာရီခန့်က သရုပ်ဆောင်လူရွှင်တော် ဇော်မင်းထိုက်(ခ)ဆင်မကို နေအိမ်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကသိရပါတယ်။   မနေ့ညနေပိုင်းက သာကေတမြို့နယ်နဲ့သဃ်န်းကျွန်းမြို့နယ်မှာ ဖမ်းဆီးမှုတွေပြုလုပ်အပြီး တောင်ဒဂုံမြို့နယ်ကို ဆက်လက်ဖမ်းဆီးရာမှာ ပါသွားခဲ့တာ ဖြစ်တယ်လို့ ၁၈ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။   ၁၈ရပ်ကွက်နေသူတစ်ဦးက”ဆင်မတစ်ယောက်တည်းမဟုတ်ဘူး တောင်ဒဂုံက အချို့ရပ်ကွက်တွေမှာ ဖမ်းဆီးခံရတဲ့သူတွေလည်းရှိတယ်”လို့ သူကရှင်းပြပါတယ်။   ဇူလိုင် ၁၃ရက်က လူမှုကွန်ရက်မှာ ပျံနှံ့ခဲ့တဲ့ ဖမ်းဆီးမည့် ရုပ်ရှင်အနုပညာရှင်စာရင်းမှာ ဆင်မလည်းပါဝင်တယ်လို့ သိရပါတယ်။   ဇာတ်ပို့သရုပ်ဆောင် လူရွှင်တော် ဆင်မဟာ နစက လက်ထက်မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကလည်း နှုတ်ထွက်ထားသူတယောက်လည်းဖြစ်ပါတယ်။   #voiceofmyanmar #VOM #ရန်ကုန်

Read More

ဂန့်ဂေါမြိုနယ် လယ်ကြီးအရှေ့ရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရ

သြဂုတ် ၂၅-၂၀၂၁ KK(VOM)   ဂန့်ဂေါမြို့နယ်၊ လယ်ကြီးအရှေ့ရွာက အုပ်ချုပ်ရေးမှူး ဦးဝင်းဆွေဟာ ဒီကနေ့ မနက် ၅နာရီလောက်မှာ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ဒေသခံတစ်ဦးက”အိမ်မှာ လာပစ်သွားတာ၊ ဒဏ်ရာကတော့စိုးရိမ်ရတယ်၊ သေတော့မသေဘူး အခုဆေးရုံမှာလို့”လို့ ပြောပါတယ်။   သေနတ်ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာ၃ချက်ရရှိခဲ့တဲ့ လယ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ကလေးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   လယ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဒေသခံလူငယ်များကို ဖမ်းဆီးခံရအောင် သတင်းပေးခဲ့လို့ ပစခတ်ခံရတယ်လို့ ရပ်မိရပ်ဖတွေက မှတ်ချက်ပေးပါတယ်။   လက်တလောမှာတော့ လယ်ကြီးကျေးရွာမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ နေအိမ်တွေကို လိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   #voiceofmyanmar #VOM #ဂန့်ဂေါ

Read More

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင်း ရေကြီးနေ

ဩဂုတ် ၂၅၊ ၂၀၂၁ Shy V(VOM)   မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင်း ဒီကနေ့ ဩဂုတ်လ ၂၅ ရက်နေ့က ရေကြီးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။   “ဒီမနက် ၁၀ ကနေ ၁၁ နာရီလောက်အထိ။ တောင်ပေါ်ကရေတွေ ဒီမနနက် အစောကတည်းက အရှိန်နဲ့ စီးလာတာ။ ရေတွေစုလာပြီး မနက် ၉:၄၅ နာရီ ခန့်ကတည်းက တောင်ရေက ကြီးလာနေပြီ။ အိမ်ထဲတွေမှာ ရေတွေ ရွှံ့တွေနဲ့ပြည့်ကုန်ပြီ။ ” လို့ ‌လိုင်ဇာဒေသခံတစ်ဦးက ပြောပါတယ်   လိုင်ဇာမြို့တွင်း အချို့နေရာတွေမှာ တောင်ကျရေကြီးလာပြီး မြို့လမ်းမထိရောက်လာတယ်လို့လည်း သိရပါတယ်။   ယခင်က မုန်လိုင်ခက်ချောင်း ရေကြီးတတ်ပေမယ့် အခုလိုမျိုး အခြေအနေထိ ကြီးလာတာမရှိခဲ့ဖူးဘူးလို့ ဆိုပါတယ်။   Photo -Simsa…

Read More

သင်္ကန်းကျွန်းမြို့နယ်က လူငယ်(၅)ဦး ဖမ်းဆီးခံရ

ရန်ကုန်၊သြဂုတ် ၂၅-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ စံပယ်ဖြူကွန်ဒိုမှာ မနေ့ည ၈နာရီက လူငယ်(၅)ဦး ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးချိန်မှာ လူငယ်တစ်ဦး တိုက်ပေါ်ကနေ ခုန်ချလို့ ဒဏ်ရာရရှိသွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။   ရပ်ကွက်နေပြည်သူတစ်ဦးက “စစ်တပ်က ဝင်လာတာအများကြီးပဲ၊ ကောင်လေးတစ်ယောက်အဖမ်းမခံဘဲ တိုက်ပေါ်က ခုန်ချလို့ ဒဏ်ရာရသွားတယ်လို့ကြားတယ် ၊ လူနာတင်ယာဥ်လည်း ဝင်သွားတယ်”လို့ သူကရှင်းပြပါတယ်။   မနေ့ညနေပိုင်းကလည်း သာကေတမြို့နယ်၊ (၈)ရပ်ကွက်၊ နဝရတ်(၁၀)လမ်းက တိုက်တစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူငယ်(၄)ဦး ဖမ်းဆီးခံခဲ့ရသေးတယ်လို့ ၈ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   အခုရက်ပိုင်းအတွင်း ရန်ကုန်ရှိ မြို့နယ်အသီးသီးက တက်ကြွလှု​ပ်ရှားသူတွေကို လိုက်လံဖမ်းဆီးချိန်မှာ ထိခိုက်ဒဏ်ရာရနဲ့ သေဆုံးသူအချို့လည်း ရှိခဲ့ပါတယ်။   #voiceofmyanmar #VOM #ရန်ကုန်

Read More

မုံရွာမြို့မှာ ပင်စင်လစာ လာထုတ်သူတွေကို အာဟာရနဲ့စားသောက်ကုန်တချို့ မျှဝေပေး

သြဂုတ် ၊ ၂၅ -၂၀၂၁ ကိုတိုးကြီး (VOM)   စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်မဂ်လာရပ်၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ကို အငြိမ်းစား လစာ လာရောက်ထုတ်ယူတဲ့ ပင်စင်စားသက်ကြီးတွေကို မုံရွာမြို့ကစေတနာရှင်တွေစုပေါင်းပြီးတော့ အာဟာရနဲ့ စားသောက်ကုန်တချို့ ဝေငှပေးခဲ့တယ်လို့ သိရပါတယ်။   ” ဘဏ်မှာ ပင်စင်လစာထုတ်ဖို့ မနက်၅ နာရီကနေ တန်းစီစောင့်နေရတဲ့ သက်ကြီးတွေအပေါ် စာနာမိတာရယ် မနက်စာ အဟာရဖြည့်ဖို့ သူတို့ အခက်အခဲရှိနေတာဆိုတော့ အခုလို လူအယောက် ၄ ရာစာအတွက် မျှဝေပေးဖြစ်တာ ” လို့ စေတနာရှင်တစ်ဦးဖြစ်သူ ဦးအောင်မြင့် (မုံရွာ အိမ်ငှား အကျိုးဆောင်)က ပြောပါတယ်။   လစဥ် ၂၀ ရက်နောက်ပိုင်းတွေမှာ မုံရွာစီးပွားရေး ဘဏ်ကို ပင်စင်လစာ လာရောက်ထုတ်ယူဖို့ လာရောက်တန်းစီတဲ့ သက်ကြီးရွယ်အိုတွေ ရာနဲ့ချီပြီးရှိတဲ့အတွက် မနက်စာ အာဟာရစားသောက်ဖို့…

Read More

လာအိုနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ ​ကျော် တာချီလိတ်မြို့ကို ပြန်လည်လွှဲ​​ပြောင်းပေး

ဩဂုတ် ၂၅-၂၀၂၁ Shy V (VOM)   လာအိုနိုင်ငံ၊ ဘိုကျောက်ပြည်နယ်၊ ရွှေတြိဂံအထူးစီးပွားရေးဇုံမှာ အလုပ်သွားရောက် လုပ်ကိုင်ခဲ့ကြပြီး ​ကပ်​ရောဂါ အ​ခြေအ​နေနဲ့ အခက်အခဲအမျိုးမျိုး​ကြောင့် ​နေရပ်ပြန်လိုတဲ့ မြန်မာရွှေ့​ပြောင်းအလုပ်သမား ၄၉၄ ဦးကို မနေ့ သြဂုတ်လ ၂၄ ရက်​နေ့ မနက်ပိုင်းက လာအိုနိုင်ငံတာဝန်ရှိသူတွေက လာအိုနိုင်ငံ၊ မိုင်းမော့ဆိပ်ကမ်ကနေ တာချီလိတ်မြို့၊ မိုင်းဖုန်း (က) ကျေးရွာ အုပ်စု၊ ဝမ်ပုံဆိပ်ကမ်းကို လွှဲပြောင်းပို့​ဆောင်​ပေးခဲ့​တယ်လို့ တာချီလိတ်ခရိုင် အ​ထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။   နေရပ်ကိုပြန်လိုတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၃၃၈ ဦး၊ အမျိုးသမီး ၁၅၆ ဦး၊ စုစု​ပေါင်း ၄၉၄ ဦး တို့ကို ၈ ကြိမ်​မြှောက် လွှဲပြောင်း လက်ခံခဲ့​တာဖြစ်လို့ သိရပါတယ်။   မြန်မာဘက်က သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ စနစ်တကျစိစစ်လက်ခံပြီး အဲ့ဒီ…

Read More
VOM News

FREE
VIEW