ဂန့်ဂေါမြိုနယ် လယ်ကြီးအရှေ့ရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရ

သြဂုတ် ၂၅-၂၀၂၁
KK(VOM)
 
ဂန့်ဂေါမြို့နယ်၊ လယ်ကြီးအရှေ့ရွာက အုပ်ချုပ်ရေးမှူး ဦးဝင်းဆွေဟာ ဒီကနေ့ မနက် ၅နာရီလောက်မှာ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဒေသခံတစ်ဦးက”အိမ်မှာ လာပစ်သွားတာ၊ ဒဏ်ရာကတော့စိုးရိမ်ရတယ်၊ သေတော့မသေဘူး အခုဆေးရုံမှာလို့”လို့ ပြောပါတယ်။
 
သေနတ်ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာ၃ချက်ရရှိခဲ့တဲ့ လယ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ကလေးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
လယ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဒေသခံလူငယ်များကို ဖမ်းဆီးခံရအောင် သတင်းပေးခဲ့လို့ ပစခတ်ခံရတယ်လို့ ရပ်မိရပ်ဖတွေက မှတ်ချက်ပေးပါတယ်။
 
လက်တလောမှာတော့ လယ်ကြီးကျေးရွာမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ နေအိမ်တွေကို လိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
#voiceofmyanmar #VOM #ဂန့်ဂေါ

Related posts

Leave a Comment

VOM News

FREE
VIEW