မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင်း ရေကြီးနေ

ဩဂုတ် ၂၅၊ ၂၀၂၁
Shy V(VOM)
 
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင်း ဒီကနေ့ ဩဂုတ်လ ၂၅ ရက်နေ့က ရေကြီးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
 
“ဒီမနက် ၁၀ ကနေ ၁၁ နာရီလောက်အထိ။ တောင်ပေါ်ကရေတွေ ဒီမနနက် အစောကတည်းက အရှိန်နဲ့ စီးလာတာ။ ရေတွေစုလာပြီး မနက် ၉:၄၅ နာရီ ခန့်ကတည်းက တောင်ရေက ကြီးလာနေပြီ။ အိမ်ထဲတွေမှာ ရေတွေ ရွှံ့တွေနဲ့ပြည့်ကုန်ပြီ။ ” လို့ ‌လိုင်ဇာဒေသခံတစ်ဦးက ပြောပါတယ်
 
လိုင်ဇာမြို့တွင်း အချို့နေရာတွေမှာ တောင်ကျရေကြီးလာပြီး မြို့လမ်းမထိရောက်လာတယ်လို့လည်း သိရပါတယ်။
 
ယခင်က မုန်လိုင်ခက်ချောင်း ရေကြီးတတ်ပေမယ့် အခုလိုမျိုး အခြေအနေထိ ကြီးလာတာမရှိခဲ့ဖူးဘူးလို့ ဆိုပါတယ်။
 
Photo -Simsa Kasa
#voiceofmyanmar #VOM #လိုင်ဇာ

Related posts

Leave a Comment

VOM News

FREE
VIEW