တရုတ်ပညာရေး သင်ရိုးမှာ သမ္မတရှီကျင်းပင်ရဲ့ အတွေးအခေါ်တွေ ထည့်သွင်းသင်ကြားတော့မယ်

ပေကျင်း၊ သြဂုတ်-၂၅-၂၀၂၁
မျိုးဆက် (VOM)
 
တရုတ်နိုင်ငံရဲ့ အမျိုးသားသင်ရိုးညွှန်းတမ်းမှာ သမ္မတရှီကျင်းပင်ရဲ့ အတွေးအခေါ်တွေကို ထည့်သွင်းသင်ကြားပေးသွားမယ်လို့ တရုတ်ပညာရေး၀န်ကြီးဌာနက သြဂုတ် ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
 
တရုတ်သမ္မတရဲ့ နိုင်ငံရေးသဘောတရားတွေကို သင်ကြားပေးတာဟာ လူငယ်တွေကို မာ့က်စ်ဝါဒယုံကြည်ချက်တွေထူထောင်ဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ ပညာရေး၀န်ကြီးဌာနက ပြောပါတယ်။
 
ဒီလိုသင်ကြားခြင်းကို အခြေခံပညာမူလတန်းကျောင်းတွေကနေ တက္ကသိုလ်တွေထိ အကြုံး၀င်မှာဖြစ်ပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းနယ်ပယ်အသီးသီးမှာ အာဏာရတရုတ်ကွန်မြူနစ်ပါတီရဲ့အခန်းကဏ္ဍကိုခိုင်မာစေဖို့ မစ္စတာရှီရဲ့ နောက်ဆုံးအားထုတ်မှုဖြစ်ပါတယ်။
 
ဘက်စုံကိုယ်ကျင့်တရား၊ ဥာဏ၊ ကာယ၊ သဘောတရားတွေနဲ့အတူ ဆိုရှယ်လစ်စနစ်တည်ဆောက်သူတွေနဲ့ ဆက်ခံသူတွေကို မွေးမြူဖို့အတွက်ရည်ရွယ်ပြီး ဒီလိုသင်ကြားဖို့စီစဉ်တာလို့ ပညာရေး၀န်ကြီးဌာနကဆိုပါတယ်။
 
တရုတ်နိုင်ငံဟာ ၂၀၁၈ ခုနှစ်ကလည်း တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ အတွေးအခေါ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းခဲ့ပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #vom #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW