သင်္ကန်းကျွန်းမြို့နယ်က လူငယ်(၅)ဦး ဖမ်းဆီးခံရ

ရန်ကုန်၊သြဂုတ် ၂၅-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ စံပယ်ဖြူကွန်ဒိုမှာ မနေ့ည ၈နာရီက လူငယ်(၅)ဦး ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးချိန်မှာ လူငယ်တစ်ဦး တိုက်ပေါ်ကနေ ခုန်ချလို့ ဒဏ်ရာရရှိသွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
 
ရပ်ကွက်နေပြည်သူတစ်ဦးက “စစ်တပ်က ဝင်လာတာအများကြီးပဲ၊ ကောင်လေးတစ်ယောက်အဖမ်းမခံဘဲ တိုက်ပေါ်က ခုန်ချလို့ ဒဏ်ရာရသွားတယ်လို့ကြားတယ် ၊ လူနာတင်ယာဥ်လည်း ဝင်သွားတယ်”လို့ သူကရှင်းပြပါတယ်။
 
မနေ့ညနေပိုင်းကလည်း သာကေတမြို့နယ်၊ (၈)ရပ်ကွက်၊ နဝရတ်(၁၀)လမ်းက တိုက်တစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူငယ်(၄)ဦး ဖမ်းဆီးခံခဲ့ရသေးတယ်လို့ ၈ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
 
အခုရက်ပိုင်းအတွင်း ရန်ကုန်ရှိ မြို့နယ်အသီးသီးက တက်ကြွလှု​ပ်ရှားသူတွေကို လိုက်လံဖမ်းဆီးချိန်မှာ ထိခိုက်ဒဏ်ရာရနဲ့ သေဆုံးသူအချို့လည်း ရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW