သရုပ်ဆောင်၊ လူရွှင်တော် ဆင်မ ဖမ်းဆီးခံရ

ရန်ကုန်၊သြဂုတ် ၂၅-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၁၈ရပ်ကွက်မှာ မနေ့ဩဂုတ်လ ၂၄ရက် ည ၈နာရီခန့်က သရုပ်ဆောင်လူရွှင်တော် ဇော်မင်းထိုက်(ခ)ဆင်မကို နေအိမ်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကသိရပါတယ်။
 
မနေ့ညနေပိုင်းက သာကေတမြို့နယ်နဲ့သဃ်န်းကျွန်းမြို့နယ်မှာ ဖမ်းဆီးမှုတွေပြုလုပ်အပြီး တောင်ဒဂုံမြို့နယ်ကို ဆက်လက်ဖမ်းဆီးရာမှာ ပါသွားခဲ့တာ ဖြစ်တယ်လို့ ၁၈ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
 
၁၈ရပ်ကွက်နေသူတစ်ဦးက”ဆင်မတစ်ယောက်တည်းမဟုတ်ဘူး တောင်ဒဂုံက အချို့ရပ်ကွက်တွေမှာ ဖမ်းဆီးခံရတဲ့သူတွေလည်းရှိတယ်”လို့ သူကရှင်းပြပါတယ်။
 
ဇူလိုင် ၁၃ရက်က လူမှုကွန်ရက်မှာ ပျံနှံ့ခဲ့တဲ့ ဖမ်းဆီးမည့် ရုပ်ရှင်အနုပညာရှင်စာရင်းမှာ ဆင်မလည်းပါဝင်တယ်လို့ သိရပါတယ်။
 
ဇာတ်ပို့သရုပ်ဆောင် လူရွှင်တော် ဆင်မဟာ နစက လက်ထက်မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကလည်း နှုတ်ထွက်ထားသူတယောက်လည်းဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW