အာဖဂန်မှာ အမေရိကန်ရဲ့ ကယ်ဆယ်ရေးအစီအစဉ်တွေ ယခုလကုန်မှာ အဆုံးသတ်တော့မယ်

၀ါရှင်တန်၊ သြဂုတ်-၂၅-၂၀၂၁
မျိုးဆက် (VOM)
 
အာဖဂန်မှအမေရိကန်တပ်ဖွဲ့၀င်တွေရုပ်သိမ်းမယ့် နောက်ဆုံးနေ့ရက်ကို သက်တမ်းတိုးဖို့ မဟာမိတ်နိုင်ငံတွေက တိုက်တွန်းမှုတွေရှိနေပေ့မယ့် ကယ်ဆယ်ရေးအစီအစဉ်ကို သြဂုတ် ၃၁ ရက်နောက်ဆုံးထားပြီး လုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
မ်ိမိတို့ရဲ့လုပ်ငန်းစဉ်တွေ မြန်မြန်ပြီးလေကောင်းလေလို့ ဂျိုးဘိုင်ဒင်ကပြောပါတယ်။
 
လက်ရှိကယ်ဆယ်ရေးအစီအစဉ်တွေအပေါ် သက်ရောက်ခြင်းမရှိပေမယ့်လည်း အာဖဂန်ရှိအမေရိကန်တပ်ဖွဲ့၀င်တွေကို ယခင်ကတည်းက ရုပ်သိမ်းမှုများပြုလုပ်နေခဲ့တာဖြစ်ပါတယ်။
 
အာဖဂန်တာလီဘန်တို့ထိန်းချုပ်ပြီးကိုးရက်ကြာမြင့်ချိန်မှာတော့ မြို့တော် ကဘူးမှလူပေါင်း ၇၀၇၀၀ ဦးကို အမေရိကန်က လေယာဉ်တွေနဲ့ ကယ်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။
 
ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ နောက်ဆုံးနေ့ရက်နဲ့ ပတ်သက်ပြီး သက်တမ်းတိုးတာကို လက်မခံဘူးလို့ တာလီဘန်အဖွဲ့က သတိပေးထားပါတယ်။
 
မိမိတို့လူတွေကို ကယ်ထုတ်ရေးမှာကူညီဖို့ တာလီဘန်များကလုပ်ဆောင်နေပြီး သူတို့ရဲ့လုပ်ရပ်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းက အကဲဖြတ်သွားမှာဖြစ်တယ်လို့သမ္မတဂျိုးဘိုင်ဒင်က ပြောပါတယ်။
 
အာဖဂန်ကို တာလီဘန်တို့ထိန်းချုပ်လိုက်ပြီးနောက် အိုင်အက်စ်အဖွဲ့ရဲ့ခြိမ်းခြောက်မှုတွေ တိုးပွားလာတာကြောင့် လေယာဉ်တွေနဲ့ကယ်ထုတ်ရေးအစီအစဉ်မှာ များမကြာမီပြီးဆုံးတော့မှာဖြစ်တယ်လို့ သူကပြောဆိုပါတယ်။
 
Ref : BBC
Photo: Getty Images
#voiceofmyanmar #vom #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW