ဆိပ်ကြီးခနောင်တိုမှာ ဓားနဲ့ခုတ်ခံရတဲ့ရဲ သေဆုံးပြီးနောက် လုံခြုံရေးတင်းကျပ်ထား

ရန်ကုန်၊စက်တင်ဘာ ၆၊၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ ဓားနဲ့ခုတ်ခံရတဲ့ ရဲသေဆုးခဲ့လို့ အခင်းဖြစ်ပွားရာရပ်ကွက်နဲ့မြို့နယ်မှာ လုံခြုံရေးအင်အားတိုးမြှင့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” ဆမားဒူးဝါးရပ်ကွက် အပိုင်း ၆မှာ မနေ့မနက် ၁၁နာရီက ကင်းလှည့်နေတဲ့ ရဲတစ်ဦး ဓားနဲ့ခုတ်ခံရပြီး ဒဏ်ရာရရှိခဲ့လို့ ဆေးရုံပို့ဆောင်ကုသစဥ် သေဆုံးခဲ့ပြီးနောက်မှာ အခုလိုလုံခြုံရေးတိုးမြှင့်လိုက်တာဖြစ်တယ်၊ ခေါင်းကို ဓားနဲ့ခုတ်ခံရလို့ သေသွားတာ၊ ခုတ်တဲ့သူကလည်းထွက်ပြေးနေတယ်၊ စစ်တပ်နဲ့ရဲကတော့ အဲ့ဒီလူကိုတွေ့ရင် ပစ်ပြီးဖမ်းမယ့်ပုံပဲ၊ လာတဲ့ပုံစံကတော့ ဒေါသတွေထွက်နေတယ်”လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
 
သေဆုံးသူ ရဲဒုတပ်ကြပ်နဲ့ ဓားခုတ်သူရဲ့ကြားမှာ မကြေလည်တဲ့ပြဿနာတွေရှိခဲ့ပြီး ယခုဖြစ်စဥ်ဟာ နိူင်ငံရေးကြောင့်မဟုတ်ဘဲ ရန်ငြိုးကြောင့် ဓားနဲ့ခုတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက မှတ်ချက်ပေးပြောဆိုနေကြပါတယ်။
 
ဓားနဲ့ခုတ်ခံရသူ ရဲဒုတပ်ကြပ်တင်ထွန်းအောင်မှာ ဆိပ်ကြီးခနောင်တိုဆေးရုံကို ပို့ဆောင်ကုသစဥ် ညနေပိုင်းတွင် သေဆုံးခဲ့တာဖြစ်ပါတယ်။
 
ဓားနဲ့ခုတ်ခဲ့သွားတဲ့အမျိုးသားကို ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်းမှာ လူသတ်မှုနဲ့အမှုဖွင့်ထားပြီး လက်တလောမှာ စစ်တပ်နဲ့ရဲတွေကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW