ပြည်မြို့မှာ နေ့လယ်ကဖမ်းဆီးခံရသူတွေထဲက အမျိုးသားတစ်ဦး သေဆုံးသွား

ပြည်၊ စက်တင်ဘာ ၆-၂၀၂၁ CKC(VOM) ပြည်မြို့မှာ ဒီနေ့ စက်တင်ဘာလ ၆ ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးခံလိုက်ရတဲ့ ကိုဇော်လင်းထက်ဆိုသူဟာ ပြည်မြို့ ကုတင် ၁၀၀ တပ်မတော်ဆေးရုံမှာ သေဆုံးသွားပြီဖြစ်တယ်လို့ အဲ့ဒီရပ်ကွက်နေ ပြည်သူတွေဆီကသိရပါတယ်။ နေ့လယ် ၃ နာရီကျော်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ရုံးလမ်း ၊ကျောင်းကြီးအိုးတန်းရပ်ကွက်က ညီအစ်ကိုနှစ်ဦးထဲက အကြီးဖြစ်သူ ကိုဇော်လင်းထက် အသက် ၃၀ နှစ်သေဆုံးခြင်းဖြစ်တယ်လို့ သိရပါတယ်။ “သူ့တို့ အဖေကြီး ငိုနေတာ အကျယ်ကြီးပဲ ၊ ဖုန်းဆက်တယ်တဲ့ သေပီဆိုပြီး အဲ့ဒီလိုကြားတယ်၊ အဖေကြီးက အကျယ်ကြီး အော်ငိုနေတာ၊ သားရယ် သားရယ် အဖေ ဘယ်လို ဖြေဆည်ရမှာလဲဆိုပြီး ငိုနေတာ ၊အဖေကြီးငိုတော့ လမ်းထဲက လူအကုန် ထွက်ကြည့်ကြတာ၊ ငိုတာ အကြာကြီးနဲ့ အသံအကျယ်ကြီး တလမ်းလုံး ကြားရတယ်၊ အကြီးကောင်လို့ကြားတယ် “လို့…

Read More

ဖောင်းဆိုင် ကချင်ရွာမှာ အရပ်သားတစ်ဦး လက်နက်ကြီးကျည် ထိမှန် ဒဏ်ရာရ

စက်တင်ဘာ ၆၊ ၂၀၂၁ Shy V ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်၊ ဖောင်းဆိုင်အုပ်စု၊ ဖောင်းဆိုင် ကချင်ကျေးရွာအတွင်းမှာ မနေ့ စက်တင်ဘာ ၆ရက်နေ့ နေ့လယ်ပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားတစ်ဦး ထိမှန်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ်။ အမြှောက်ကျည် ကျလာတာ။ အမျိုးသားတစ်ယောက် လက်ထိသွားတယ်။ အသက် ၃၄ နှစ်အရွယ် ဦးတီခေါင်ဒေါင် (T. Hkawng Dau)။ တခြားထိတာတော့ မရှိဘူး၊ သံလွင်မြစ်အရှေ့ဖက်ခြမ်းကနေ ပစ်ခတ်လိုက်တာဖြစ်တယ် ” လို့ ရွာခံတစ်ဦးက ပြောပါတယ်။ စက်တင်ဘာလ ၃ ရက် တစ်နေ့ထဲ နစကတပ်ဘက်ကနေ MNDAA တပ်စခန်းရှိရာကို လက်နက်ကြီးနဲ့ အကြိမ်ရေများစွာ ပစ်ခတ်ခဲ့ပြီး ညနေ ၁၅ နာရီ ၂၀ မိနစ်ခန့်မှာ လက်နက်ကြီးပစ်ကူယူပြီး ခြေလျင်တပ်နဲ့ နှစ်ကြိမ် ထိုးစစ်ဆင်…

Read More

မန္တလေးမြို့ ၆၂လမ်းမပေါ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ရဲတစ်ဦးပြင်းထန်ဒဏ်ရာရ

မန္တလေး၊ စက်တင်ဘာ ၆-၂၀၂၁ Ko Hik(VOM)   မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂လမ်းနဲ့ ၄၃လမ်းထောင့်မှာ ဒီကနေ့ညနေပိုင်းက ဗုံးပေါက်ကွဲဖြစ်ပွားခဲ့ပြီး ရဲတပ်သား(၁)ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ထိတာက ရဲတပ်သား၊ ဘယ်ခြေထောက် ပေါင်ရင်းကနေ ကြေမွသွားတဲ့ ဒဏ်ရာရတယ်၊ ခုတော့ ဖြစ်တဲ့နေရာကို စစ်ဆေးနေတယ်”လို့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။   ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ လှည့်ကင်းလှည့်တဲ့ ရဲတွေရောက်ရှိနေချိန် ဆိုင်ကယ်နဲ့အမျိုးသား(၁)ဦးက လက်လုပ်ဗုံးနဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။   လမ်းသွားလမ်းလာပြည်သူတစ်ဦးကလည်း “အဲ့ဒီနေရာမှာ စစ်သားရော ရဲတွေရော စစ်နေတာ၊ တချို့ရဲတွေက ဆိုင်ကယ်တွေနဲ့ ပတ်နေတာ”လို့ ပြောပါတယ်။   ဗုံးထိသွားတဲ့ ရဲတပ်သားကို တပ်ဆေးရုံပို့ထားတယ်လို့ သိရပြီး ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ စစ်တပ်က လာရောက် စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။   ပြီးခဲ့တဲ့ ဩဂုတ်လ…

Read More

ပြည်မြို့က ဗုံးပေါက်မှုမှာ စစ်သား ၄ ဦး ဒဏ်ရာရပြီး ၂ဦးစိုးရိမ်ရ ၊ အမျိုးသား ၅ ဦးဖမ်းဆီးခံရ

စက်တင်ဘာ ၆-၂၀၂၁ CKC(VOM)   ပြည်မြို့မှာ ဒီကနေ့ နေ့လယ်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်အတွင်း စစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ပြည်မြို့ဒေသခံက ပြောပြပါတယ် ။   ပြည်မြို့တော်ခန်းမရှေ့မှာပေါက်တဲ့ ဒုတိယမြောက် ဗုံးပေါက်ကွဲမှုမှာ စစ်သားတချို့ ဒဏ်ရာရခဲ့တာဖြစ်ကြောင်း ၊ အဲ့ဒီပေါက်ကွဲမှုတွေအပြီးမှာ မြို့ခံအမျိုးသား ၅ ဦးကို စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေကပြောပါတယ်။   ” စစ်သား ၄ ဦးထိတယ် ၊၂ဦးကတော့အခြေအနေမကောင်းဘူးလို့ ကြားတယ်။ နောက်ထပ်ပေါက်တဲ့ဗုံးပေါက်မှုမှာ ထိတာလို့သိရတယ်။ အခုဒဏ်ရာရသူတွေကို ဆေးရုံမှာကုနေတယ်ကြားတယ် ။ ပန်းခြံအရှေ့ ဆိုင်ကယ်စီးတဲ့ ၂ ယောက်ကိုလည်း မသင်္ကာလို့ဆိုပြီး ခေါ်သွားတာတွေ့တယ်။ အခုမြို့ထဲမှာတော့ တောက်လျှောက် စစ်သားတွေရှိတယ်။ မြို့ထဲလမ်းမပေါ် သွားလာသူမရှိတော့ဘူး။ “လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။   ဖမ်းဆီးခံလိုက်ရသူတွေထဲမှာ…

Read More

ရန်ဖြစ်နေတာကို ဝင်ဖျန်ဖြေပေးတဲ့ ယာဥ်ထိန်းရဲ သေနတ်နဲ့ပစ်ခံရလို့ သေဆုံး

စက်တင်ဘာ ၆ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့မှာ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်အချင်းချင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားလို့ မနေ့ စက်တင်ဘာ ၅ ရက် ညပိုင်းက ယာဥ်ထိန်းရဲတစ်ဦး ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ လောက်ကိုင်မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။   ” မနေ့ညက တပ်ဖွဲ့စုရုံးဝန်းထဲမှာ ယာဥ်ထိန်းရဲ အချင်းချင်း စကားများရန်ဖြစ်နေတာကို ကိုလှမင်းအောင်က ကြားဝင်ဖျန်ဖြေပေးတာ ၊ အဲ့ဒါကို ကျေနပ်မှုမရှိလို့ ယာဥ်ထိန်းရဲ ကုလားကြီး ( လောက်ကိုင် ဒေသအခေါ် နာမည်ပြောင်)က သေနတ်နဲ့ ကိုလှမင်းမောင်ကို ၁ ချက်ပစ်လိုက်တာ၊ အဲ့ဒါကြောင့် ကိုလှမင်းအောင် ကျည်ထိပြီး သေသွားတာ ” လို့ လောက်ကိုင်ဒေသခံ တစ်ဦးကပြောပါတယ် ။   သေဆုံးသူ ကိုလှမင်းအောင် အသက် ၄၀ နှစ်ရဲ့ ရုပ်အလောင်းကို ကရုဏာဟဒယလူမှုကူညီရေး…

Read More

အမျိုးသားရေးဆရာတော်ဦးဝီရသူ အမှုရုပ်သိမ်းလို့ လွတ်မြောက်လာ

စက်တင်ဘာ ၆-၂၀၂၁ KK(VOM)   နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၁၂၄(က)နဲ့တရားစွဲဆိုခံထားရတဲ့ အမျိုးသားရေးဆရာတော်ဦးဝီရသူကို တရားရုံးကနေ အမှုရုပ်သိမ်းပေးပြီးနောက် ဒီကနေ့ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ အမည်မဖော်လိုသူရဲတစ်ဦးက VOM ကိုပြောပါတယ်။   “သူကိုစွဲထားတဲ့အမှုကို ရုပ်သိမ်းလိုက်ပြီဆိုတော့ ဒီကနေ့ညနေမှာပြန်လွှတ်လိုက်ပါပြီ၊ ကျန်တာတော့ မသိပါဘူး”လို့ သူကရှင်းပြပါတယ်။   ပြီးခဲ့တဲ့ သြဂုတ်လ ၂ရက်က ကိုဗစ် ၁၉ကူးစက်ခံထားရတဲ့အတွက် မင်းဓမ္မMCC ကိုဗစ်စင်တာကို ပို့ဆောင်ကုသပေးနေပေမယ့် ဒီကနေ့နေ့ ပြန်လွှတ်လာချိန်မှာတော့ ကျန်းမာရေးကောင်းမွန်တယ်လို့ အမျိုးသားရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။   “ဆရာတော်က အပြင်ရောက်နေပါပြီ၊ ကျန်းမာရေးလည်း ကောင်းမွန်တယ်၊ ဒီကနေ့ညနေမှာ ပြန်လွှတ်လာတာပါ”သူကအတည်ပြုပြောဆိုပါတယ်။   ဆရာတော်ဦးဝီရသူဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလ ပိုင်းက နိုင်ငံတော်အကြီးအကဲတွေနဲ့ တာဝန်ရှိသူတွေကို မဖွယ်မရာစကားလုံးတွေပြောဆိုခြင်းကြောင့် အနောက်ပိုင်းခရိုင် ဒု-အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ ပုဒ်မ ၁၂၄(က)နဲ့တရားစွဲဆိုခဲ့ပြီး ၂၀၂၀ခုနှစ် နိုဝင်ဘာ ၂ရက်နေ့က ဒဂုံမြို့နယ်ရဲစခန်းမှာ…

Read More

ပုလဲ-ဂန့်ဂေါ-ကလေး ကားလမ်းမှာ မိုင်းပေါက်ကွဲလို့ ခရီးသည်တင်ကား ထိခိုက်မိပြီး လူ ၁ ဦး ဒဏ်ရာရ

စက်တင်ဘာ ၆ -၂၀၂၁ ရွှေဘုန်းမြတ်စံ ( VOM)   စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့အနောက်ဘက် သပြေကုန်းရွာနဲ့ ဦးနှောက်ရွာအကြား မယ်ဇလီတန်းနေရာ မုံရွာ-ပုလဲ-ဂန့်ဂေါ-ကလေး ကားလမ်းပေါ်မှာ ဒီကနေ့ ညနေပိုင်း ၂ နာရီ ၄၅ မိနစ် ဝန်းကျင်က လမ်းဘေးထောင်ထားတဲ့ မိုင်းတွေကို ခရီးသည်တင်ကားတစ်စီးက နင်းမိပြီး ပေါက်ကွဲတာကြောင့် ကားပေါ်ပါ လူ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။   ” ပေါက်ကွဲသံတွေတော့ ဒီညနေ ၃ နာရီလောက်က ကြားလိုက်ရတယ် ၊ ကားလမ်းဘက်ကဆိုတော့ တိုက်ပွဲဖြစ်တယ်ထင်ပြီး ရွာကလူတွေ အကုန်လုံး နီးစပ်ရာကို ပြေးကြတာ၊ နောက်မှ မှန်လုံကားက မိုင်းနင်းမိတယ်ဆိုတာ သိရတာ ” လို့ သပြေကုန်းရွာခံတစ်ယောက်က ပြောပါတယ်။   မိုင်းပေါက်ကွဲတဲ့ ကိစ္စနဲ့ပတ်သက်လို့…

Read More

ပြည်မြို့မှာ ကာကွယ်ဆေးထိုးနေတဲ့ ခန်းမရှေ့ ဗုံးပေါက်ပြီး ပစ်ခတ်မှုဖြစ်

စက်တင်ဘာ ၆-၂၀၂၁ CKC(VOM)   ပြည်မြို့မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတဲ့ မြို့တော်ခန်းမရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပစ်ခတ်မှုတွေလည်းဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေ ပြောပြချက်အရသိရပါတယ်။   ဒီကနေ့ နေ့လယ်၂ နာရီကျော်လောက်မှာ အမည်မသိအမျိုးသားနှစ်ဦးက ပြည်မြို့၊ မူယာပင်ပန်းခြံ ၊မြို့တော်ခန်းမအရှေ့မှာ စောင့်နေတဲ့ စစ်သားနဲ့ရဲတွေကို သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ ၃ နာရီကျော်လောက်မှာလည်း ပန်းခြံအရှေ့က စစ်ကားကို ဗုံးခွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။   ” ပထမတခါက ဆိုင်ကယ်နဲ့ကောင်လေးနှစ်ယောက်က လာပစ်တာ၊ပန်းခြံရှေ့စောင့်နေတဲ့ စစ်သားနဲ့ရဲတွေကိုလာပစ်တာ။ ဗုံးလည်းပေါက်တယ် ။သေနတ်ပစ်သံတွေဆက်တိုက်ကြားရတယ်။ အဲ့ဒါပြီးတော့ ၃ နာရီကျော်လောက်မှာ ဗုံးထပ်ပေါက်တယ်။ ဆိုင်ကယ်နဲ့ပဲလာပြီး ထပ်ပစ်တာလို့သိရတယ်။စစ်ကားကိုပစ်တာ ။ မထိဘူးလို့တော့ကြားတယ် ။တရပ်ကွက်လုံး အိမ်ထဲတံခါးပိတ်နေရတယ်။ သေနတ်ပစ်တာတွေဆက်တိုက်ပဲ ” လို့ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။   ဒုတိယအကြိမ်ပေါက်တဲ့ ဗုံးကြောင့် အစောင့်ကျနေသူတွေ ထိခိုက်မှုရှိတယ်လို့သိရပေမယ့် VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။   ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်ပြီးနောက်မှာတော့…

Read More

အိန္ဒိယရဲ့ စိုက်ပျိုးရေးဥပဒေအပေါ် လယ်သမားတွေရဲ့ဆန္ဒပြမှု တကျော့ပြန်ဖြစ်ပွားနေ

ဒေလီ၊ စက်တင်ဘာ-၆-၂၀၂၁ မျိုးဆက် (VOM)   အိန္ဒိယနိုင်ငံမှာ ပြဌာန်းလိုက်တဲ့ စိုက်ပျိုးရေးဥပဒေသစ်အပေါ် ဆန့်ကျင်ဆန္ဒပြဖို့အတွက် ဥတာပရာဒေ့ရ်ှပြည်နယ်မှာ လယ်သမားသောင်းပေါင်းများစွာဟာ စက်တင်ဘာ ၅ ရက်မှာ စုဝေးခဲ့ကြပါတယ်။   ဆန္ဒပြလယ်သမားအရေအတွက်ဟာ သန်းတစ်၀က်ရှိတယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြောဆိုထားပြီး သတင်းဌာနတွေကတော့ ဆန္ဒပြသူနဲ့ ထောက်ခံသူဦးရေ ငါးသောင်းထက်မနည်းရှိတယ်လို့ ပြောပါတယ်။   အငြင်းပွားဖွယ် စိုက်ပျိုးရေးဥပဒေသစ်ကို ပြည်နယ်အာဏာပိုင်တွေက ဖျက်သိမ်းပေးဖို့ ဆန္ဒပြလယ်သမားတွေ က လိုလားနေကြပြီး အခုဆန္ဒပြပွဲဟာ လွန်ခဲ့တဲ့နှစ် နို၀င်ဘာလမှာ ကန့်ကွက်မှုတွေ စတင်လုပ်ဆောင်ကတည်းက အကြီးဆုံးဆန္ဒပြပွဲဖြစ်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။   လယ်သမားတွေအတွက် သူတို့ရဲ့ထုတ်ကုန်တွေကို ရောင်းချနိုင်မယ့် စည်းမျဉ်းတွေကို ဖြေလျှော့ပေးထားတဲ့ အဲဒီဥပဒေကြောင့် လယ်သမားတွေပိုမိုလွတ်လပ်စွာ ရောင်း၀ယ်ဖောက်ကားနိုင်မယ်လို့ အိန္ဒိယအစိုးရက ပြောဆိုထားပါတယ်။   အဲဒီဥပဒေနဲ့ပတ်သက်ပြီး စက်တင်ဘာ ၂၇ ရက်မှာ နိုင်ငံတစ်၀န်း ဆန္ဒပြမှုတွေလုပ်ကြဖို့ ဆန္ဒပြလယ်သမားတွေက…

Read More

ကောလင်းမြို့နယ်မှာ စစ်မှုထမ်းဟောင်း ၁ ဦး အပါအဝင် တစ်ရက်ထဲ လူ ၄ ဦး အသတ်ခံရ

စက်တင်ဘာ ၊ ၆ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် ၊ ကောလင်းမြို့နယ်ထဲက ကျေးရွာတွေမှာ မနေ့ စက်တင်ဘာ ၅ ရက်နေ့ တစ်ရက်ထဲမှာပဲ လူ ၄ ယောက် အသတ်ခံရတယ်လို့ ကောလင်းဒေခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။   ” မနေ့ (စက်တင်ဘာ ၅)က ကောလင်းနယ်ထဲက ခံသာရွာသား ကိုဖိုးလွင် ၊ မုတ်ဝရွာက စစ်မှုထမ်းဟောင်း ကိုမြသောင်း ၊ ချပ်ကုန်းရွာက ကိုမြင့်အောင်နဲ့ သူ့ရဲ့သား ကိုရှိုင်း ခေါ် ငရှိုင်း အဲ့ဒီ လူ ၄ ယောက် သတ်ခံရတယ်လို့ ကြားတာပါ ” လို့ ကောလင်းမြို့ခံတစ်ယောက်က ပြောပါတယ်။   အဲ့ဒီ လူသတ်မှုဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ ကောလင်းမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာနေထိုင်တဲ့ ဒေသခံတစ်ယောက်က…

Read More
VOM News

FREE
VIEW