အိန္ဒိယရဲ့ စိုက်ပျိုးရေးဥပဒေအပေါ် လယ်သမားတွေရဲ့ဆန္ဒပြမှု တကျော့ပြန်ဖြစ်ပွားနေ

ဒေလီ၊ စက်တင်ဘာ-၆-၂၀၂၁
မျိုးဆက် (VOM)
 
အိန္ဒိယနိုင်ငံမှာ ပြဌာန်းလိုက်တဲ့ စိုက်ပျိုးရေးဥပဒေသစ်အပေါ် ဆန့်ကျင်ဆန္ဒပြဖို့အတွက် ဥတာပရာဒေ့ရ်ှပြည်နယ်မှာ လယ်သမားသောင်းပေါင်းများစွာဟာ စက်တင်ဘာ ၅ ရက်မှာ စုဝေးခဲ့ကြပါတယ်။
 
ဆန္ဒပြလယ်သမားအရေအတွက်ဟာ သန်းတစ်၀က်ရှိတယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြောဆိုထားပြီး သတင်းဌာနတွေကတော့ ဆန္ဒပြသူနဲ့ ထောက်ခံသူဦးရေ ငါးသောင်းထက်မနည်းရှိတယ်လို့ ပြောပါတယ်။
 
အငြင်းပွားဖွယ် စိုက်ပျိုးရေးဥပဒေသစ်ကို ပြည်နယ်အာဏာပိုင်တွေက ဖျက်သိမ်းပေးဖို့ ဆန္ဒပြလယ်သမားတွေ က လိုလားနေကြပြီး အခုဆန္ဒပြပွဲဟာ လွန်ခဲ့တဲ့နှစ် နို၀င်ဘာလမှာ ကန့်ကွက်မှုတွေ စတင်လုပ်ဆောင်ကတည်းက အကြီးဆုံးဆန္ဒပြပွဲဖြစ်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။
 
လယ်သမားတွေအတွက် သူတို့ရဲ့ထုတ်ကုန်တွေကို ရောင်းချနိုင်မယ့် စည်းမျဉ်းတွေကို ဖြေလျှော့ပေးထားတဲ့ အဲဒီဥပဒေကြောင့် လယ်သမားတွေပိုမိုလွတ်လပ်စွာ ရောင်း၀ယ်ဖောက်ကားနိုင်မယ်လို့ အိန္ဒိယအစိုးရက ပြောဆိုထားပါတယ်။
 
အဲဒီဥပဒေနဲ့ပတ်သက်ပြီး စက်တင်ဘာ ၂၇ ရက်မှာ နိုင်ငံတစ်၀န်း ဆန္ဒပြမှုတွေလုပ်ကြဖို့ ဆန္ဒပြလယ်သမားတွေက တိုက်တွန်းပြောဆိုထားပါတယ်။
 
Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW