ရန်ကုန်မြို့က ယာဥ်ထိန်းရုံးနဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေမှာ ဗုံးတွေတွေ့

ရန်ကုန်၊စက်တင်ဘာ ၆-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့ရှိ ဗဟန်း၊ အလုံ၊ စမ်းချောင်းနဲ့ကြည့်မြင်တိုင်မြို့နယ်တို့က ယာဥ်ထိန်းရုံးတွေနဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ လက်လုပ်မိုင်းနဲ့ဗုံးတွေတွေ့ရှိလို့ စစ်တပ်နဲ့ရဲတွေက ဒီကနေ့မနက်ပိုင်းကစတင်ပြီး လိုက်လံဖယ်ရှားနေတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
 
” မြန်မာပလာဇာမီးပွိုင့်မှာ ကားပေါ်ကဆင်းလာပြီး မီးပွိုင့်ထိန်းချုပ်ခုံကို အထုတ်ချလို့ စစ်တပ်က သေနတ်နဲ့ပစ်တာ ထွက်ပြေးသွားတယ်၊ အထုတ်ကိုဖြေကြည့်တော့ လက်လုပ်မိုင်းတွေဖြစ်နေတယ်”လို့ ပလာဇာအနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။
 
စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းပေါ် Spiritဆိုင်ရှေ့လမ်းလယ်ကျွန်းရှိ CCTV တိုင်ခြေရင်းမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတစ်လုံးကို ဒီကနေ့မနက် ၇နာရီကတွေ့ရှိခဲ့ပြီး စစ်တပ်နဲ့ရဲတွေက လာရောက်ဖယ်ရှားခဲ့တယ်လို့ မုန့်တောင်ရပ်ကွက်နေသူတစ်ဦးက ပြောပါ
တယ်။
 
အလုံမြို့နယ်၊ အလုံလမ်းနဲ့ပြည်လမ်းထောင့်ရှိ ယာဥ်ထိန်းရုံး ထိန်းချုပ်ခုံမှာလည်း ဒီကနေ့မနက် ၆နာရီခွဲက ဗုံးတစ်လုံးတွေ့လို့ စစ်တပ်က လာရောက်ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။
 
ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့သစ်ပင်အောက်မှာလည်း အထုတ်တစ်ထုတ်အတွင်းကနေ လက်လုပ်မိုင်းတစ်လုံးကိုတွေ့ရှိခဲ့တယ်လို့ ကမ်းနားလမ်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
 
လက်တလော ရန်ကုန်မြို့မှာ ဗုံးများတွေ့ရှိခဲ့ပြီးနောက် စစ်ဆေးမှုတွေတင်းကျပ်နေတယ်လို့ ရန်ကုန်မှာ အလုပ်သွားရောက်လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
 
မနေ့ညကလည်း မရမ်းကုန်းမြို့နယ် ၂ရပ်ကွက်ရှိ ဘောဂသီဒ္ဓိကွန်ဒိုမှာ ဗုံးပေါက်ကွဲပြီး ညစောင့်လုံခြုံရေးဝန်ထမ်း(၂)ဦးသေဆုံးခဲ့ပါသေးတယ်။
 
ပုံစာ- အရင်ရက်ပိုင်းက ရန်ကုန်မှာ ဗုံးပေါက်ကွဲပြီးနောက် စစ်ဆေးနေသည့်မြင်ကွင်း
#voiceofmyanmar #VOM #ရန်ကုန် #နေရာအချို့ #ဗုံးများတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW