ရေဦးမြို့က အုပ်ချုပ်ရေးမှူးတစ်ဦး ဓားနဲ့ခုတ်ခံရပြီး သေဆုံး

စက်တင်ဘာ ၆-၂၀၂၁
CKC(VOM)
 
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ၊ ချောင်းရှည်အုပ်စုအုပ်ချုပ်ရေးမှူးကို လူတစ်စုက ဝိုင်းရိုက်ပြီး ဓားနဲ့ခုတ်ခဲ့တာကြောင့် မနေ့ စက်တင်ဘာ ၅ရက် ညနေပိုင်းက သေဆုံးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ် ။
 
“သူက ချောင်းရှည်အုပ်စုပေါ့။အုပ်ချုပ်ရေးမှူးပေါ့။ မနေ့ကညနေ ၆ နာရီခွဲပတ်ချာလည်ပေါ့။ ရွာဘက်ကလှမ်းအကြောင်းကြားတာတော့ သူ့အိမ်ထဲကိုဝင်ပြီးရိုက်တယ် ။ရိုက်တော့ထွက်ပြေးတယ် ထွက်ပြေးတဲ့ အနေအထားမှာ နောက်ကလိုက်ပြီးတော့ မိတဲ့နေရာမှာပဲ ဓားနဲ့ခုတ်လိုက်လို့ သေသွားတယ်ကြားတယ်။အင်တိုင်းရွာနဲ့ သပြေကုန်းကြားပေါ့ ။ လျှပ်တပျက်အတွင်းဖြစ်သွားတာပေါ့။ ” လို့ သတင်းရင်းမြစ်ကပြောပြပါတယ် ။
 
အသတ်ခံခဲ့ရသူ ဦးသောင်းဦးဟာ အသက် ၅၀ ဝန်းကျင်အရွယ်ရှိပြီး န.စ.က လက်ထက်ခန့်အပ်ခံထားရတဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးလည်းဖြစ်တယ်လို့သိရပါတယ်။
 
အဲ့ဒီအုပ်ချုပ်ရေးမှူးဟာ သြဂုတ်လထဲမှာပဲ နူတ်ထွက်စာတင်ထားသူဖြစ်တယ်လို့လည်း သိရပါတယ်။
 
အုပ်ချုပ်ရေးမှူး အသတ်ခံရတဲ့အပေါ် မည်သည့်အဖွဲ့အစည်းက လုပ်သလဲဆိုတာ မသိရှိရသေးကြောင်းနဲ့ လက်ရှိမှာတော့ န.စ.က ဘက်ကလည်း ရွာကိုလာရောက်စစ်ဆေးတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။
 
ဒါပေမယ့် အင်တိုင်းကျေးရွာက ဒေသခံတွေကတော့ စစ်တပ်က လာရောက်မှာကို စိုးရိမ်တဲ့အတွက် ကြိုတင်ပြီး ဘေးလွတ်ရာကိုရှောင်တိမ်းနေကြတယ်လို့ သိရပါတယ် ။
 
#voiceofmyanmar #VOM #ရေဦး #အုပ်စုအုပ်ချုပ်ရေးမှူး #ဓားခုတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW