နတ်မောက်နဲ့ မြို့သစ်မြို့တို့မှာ ဗုံးပေါက်မှုတွေဖြစ်ပွားခဲ့

စက်တင်ဘာ ၇-၂၀၂၁
CKC(VOM)
 
မကွေးတိုင်းထဲက မြို့သစ်မြို့နဲ့ နတ်မောက်မြို့မှာ ဒီကနေ့ စက်တင်ဘာလ ၇ ရက်နေ့ မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
နတ်မောက်မြို့မှာ မနက် ၄ နာရီကျော်ခန့်က မြန်မာ့စီးပွားရေးဘဏ်ရှေ့လုံခြုံရေးရယူနေတဲ့ စစ်သားတွေ ဗုံးခွဲခံရတာဖြစ်ပြီး၊ နတ်မောက်မြို့နယ်ထဲက ကုလားရှင်ကျေးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး နေအိမ်မှာလည်း ဗုံးပေါက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
မြို့သစ်မြို့၊ ညောင်ကုန်းကျေးရွာအနီးမှာရှိတဲ့ စစ်တပ်ပိုင် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၁၇ကို ဆက်သွယ်ထားတဲ့ ကေဘယ်တိုင် (၂)တိုင်လည်း ဗုံးခွဲခံခဲ့ရတယ်လို့ သိရပါတယ်။
 
” ကျနော်တို့မြို့သစ်ဗုံးပေါက်မှုကတော့ တာဝါတိုင်တွေကတော့ အကုန်ပျက်စီးသွားတယ်သိရတယ်။ နောက်ပြီး နတ်မောက်မှာလည်း စီးပွားရေးဘဏ်အရှေ့စောင့်နေတဲ့ စစ်သားတွေနေရာမှာ ဗုံးပါက်တယ်သိရတယ် ။ပေါက်ကွဲမှုဖြစ်ပြီးတော့ စစ်တပ်က အဲ့ဒီနေရာကိုစစ်ဆေးမှုတွေလုပ်ကြတယ်”လို့ မြို့သစ်ဒေသခံတစ်ဦးက ပြောပြပါတယ် ။
နတ်မောက်မြို့မှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာသူ ရှိ၊မရှိဆိုတာကိုတော့ အသေအချာ မပြောနိုင်သေးဘူးလို့ နတ်မောက် ဒေသခံအချို့က ပြောဆိုပါတယ်။
 
ဒီကနေ့မနက်ဖြစ်ပွားခဲ့တဲ့ နတ်မောက်နဲ့ မြို့သစ်က ဗုံးပေါက်ကွဲမှုတွေကိုတော့ ဗိဿနိုးနယ်မြေ PDF အဖွဲ့က သူတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။
 
#voiceofmyanmar #VOM #မကွေး

Related posts

Leave a Comment

VOM News

FREE
VIEW