နတ်မောက်နဲ့ မြို့သစ်မြို့တို့မှာ ဗုံးပေါက်မှုတွေဖြစ်ပွားခဲ့

စက်တင်ဘာ ၇-၂၀၂၁ CKC(VOM)   မကွေးတိုင်းထဲက မြို့သစ်မြို့နဲ့ နတ်မောက်မြို့မှာ ဒီကနေ့ စက်တင်ဘာလ ၇ ရက်နေ့ မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   နတ်မောက်မြို့မှာ မနက် ၄ နာရီကျော်ခန့်က မြန်မာ့စီးပွားရေးဘဏ်ရှေ့လုံခြုံရေးရယူနေတဲ့ စစ်သားတွေ ဗုံးခွဲခံရတာဖြစ်ပြီး၊ နတ်မောက်မြို့နယ်ထဲက ကုလားရှင်ကျေးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး နေအိမ်မှာလည်း ဗုံးပေါက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။   မြို့သစ်မြို့၊ ညောင်ကုန်းကျေးရွာအနီးမှာရှိတဲ့ စစ်တပ်ပိုင် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၁၇ကို ဆက်သွယ်ထားတဲ့ ကေဘယ်တိုင် (၂)တိုင်လည်း ဗုံးခွဲခံခဲ့ရတယ်လို့ သိရပါတယ်။   ” ကျနော်တို့မြို့သစ်ဗုံးပေါက်မှုကတော့ တာဝါတိုင်တွေကတော့ အကုန်ပျက်စီးသွားတယ်သိရတယ်။ နောက်ပြီး နတ်မောက်မှာလည်း စီးပွားရေးဘဏ်အရှေ့စောင့်နေတဲ့ စစ်သားတွေနေရာမှာ ဗုံးပါက်တယ်သိရတယ် ။ပေါက်ကွဲမှုဖြစ်ပြီးတော့ စစ်တပ်က အဲ့ဒီနေရာကိုစစ်ဆေးမှုတွေလုပ်ကြတယ်”လို့ မြို့သစ်ဒေသခံတစ်ဦးက ပြောပြပါတယ် ။ နတ်မောက်မြို့မှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာသူ ရှိ၊မရှိဆိုတာကိုတော့…

Read More

မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသုံးသန်း တောင်ကိုရီးယားပေးမယ်

ဆိုးလ်၊ စက်တင်ဘာ-၇-၂၀၂၁ မျိုးဆက် (VOM)   ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုနဲ့အတူ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့အနေနဲ့ ဒေါ်လာ သုံးသန်းပေးမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး၀န်ကြီးဌာနက စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။   အဲဒီကူညီထောက်ပံ့မှုတွေကို တိုက်ရိုက်ပွင့်လင်းမြင်သာစွာနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကတစ်ဆင့် ပေးအပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   ဖေဖော်ဝါရီလမှာ နိုင်ငံရေးအပြောင်းလဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပွားနေစဉ်မှာ တောင်ကိုရီးယားက အခုလိုအထောက်အပံ့ပေးဖို့ စီစဉ်တာဖြစ်ပါတယ်။   မြန်မာစစ်ဘက်ကို အရေးယူပိတ်ဆို့ထားတဲ့ နိုင်ငံတကာရဲ့ လုပ်ဆောင်မှုများနဲ့အညီ တောင်ကိုရီးယားဟာလည်း မြန်မာစစ်ဘက်ကို စစ်ပစ္စည်းတွေတင်ပို့မှုကို ရပ်ဆိုင်းထားပါတယ်။   ဒါပေမယ့်လည်း မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီအတွေကို ဆက်လက်ပေးအပ်မယ်လို့ ပြောဆိုထားပါတယ်။   Ref:Korea Herald Photo:AFP #voiceofmyanmar #VOM #ဆိုးလ်

Read More

ဒလနဲ့ မရမ်းကုန်းမှာ ဗုံးပေါက်​ပြီး စျေးရောင်းနေသူနှစ်ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊စက်တင်ဘာ ၇၊ ၂၀၂၁ KK(VOM)   ရန်ကုန်တိုင်း ဒလမြို့နယ်နဲ့မရမ်းကုန်းမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ခဲ့လို့ ပြည်သူနှစ်ဦးဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်၊ (၁)ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်း၊ ဘုရင့်နောင် တံတားအောက်ယာဉ်ထိန်းရုံးမှာ ဒီကနေ့မနက် ၁၁နာရီက ဗုံးပေါက်ခဲ့ရာ ကွမ်းယာရောင်းနေသူနှစ်ဦး ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတင်ရထားတယ်လို့ ၁ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။   “တံတားအောက်မှာ ကွမ်းယာရောင်းနေတဲ့သူနှစ်ယောက်ပါ၊ ဗုံးပေါက်တဲ့အချိန် ဗုံးစထိမှန်လို့ ဆေးရုံတင်လိုက်ရတယ်”လို့ သူကပြောပါတယ်။   လက်လုပ်မိုင်းဗုံးကွဲလို့ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ကိုရဲထင်ကျော်နဲ့မတီတီလှိုင်တို့ဖြစ်ပြီး လှိုင်သာယာဆေးရုံကိုပို့ဆောင်ထားရတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။   ဒလမြို့နယ်၊ မြို့မ (၄) ရပ်ကွက်ဗိုလ်ချုပ်လမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာလည်း ဒီကနေ့မနက် ၅နာရီက ဗုံးပေါက်ခဲ့တယ်လို့ ဒလမြို့နယ်နေသူတစ်ဦးကပြောပါတယ်။   မနေ့ စက်တင်ဘာ ၆ရက် ည ၇:၃၀ ကလည်း လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ ဗဟိုလမ်းနဲ့…

Read More

ပြည်တွင်းဖြစ် ပဲ့ထိန်းဒုံးပျံသစ် တောင်ကိုးရီးယား စမ်းသပ်အောင်မြင်

ဆိုးလ်၊ စက်တင်ဘာ-၇-၂၀၂၁ မျိုးဆက် (VOM)   နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားရန်မှကာကွယ်ဖို့ ရေငုပ်သင်္ဘောမှ ပစ်ခတ်နိုင်တဲ့ ပြည်တွင်းဖြစ်ပဲ့ထိန်းဒုံးပျံတစ်မျိုးကို တောင်ကိုရီးယားက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။   ဒေါင်လိုက်ပစ်ခတ်နိုင်တဲ့ ပြွန်ခြောက်ခုတပ်ဆင်ထားတဲ့ တန်ချိန် ၃၀၀၀ ရှိပြည်တွင်းဖြစ် ရေငုပ်သင်္ဘောပေါ်ကနေ ပဲ့ထိန်းဒုံးပျံသစ်စမ်းသပ်မှုကို ပြီးခဲ့တဲ့သီတင်းပတ်မှာ တောင်ကိုရီးယားစစ်ဘက်က စမ်းသပ်ခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ကာကွယ်ရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး ယွန်ဟတ်သတင်းဌာနက စက်တင်ဘာ ၇ ရက်မှာ ဖော်ပြထားပါတယ်။   အဲဒီဒုံးပျံဟာ ကီလိုမီတာ ၅၀၀ ထိ ရောက်ရှိနိုင်တဲ့ ပြည်တွင်းဖြစ် Hyunmoo-2B ဒုံးပျံအမျိုးအစားတွေထဲက မျိုးကွဲတစ်ခုဖြစ်တယ်လို့ ယုံကြည်ရပြီး နောက်ထပ်စမ်းသပ်မှုတွေ ပြုလုပ်ပြီးရင်တော့ အများအပြားထုတ်လုပ်သွားမှာဖြစ်တယ်လို့ အဲဒီသတင်းဌာနကဆိုပါတယ်။   ဒီလိုထုတ်လုပ်နိုင်ခဲ့တာကြောင့် တောင်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေပစ်ခတ်တဲ့ ပဲ့ထိန်းဒုံးပျံတွေ ထုတ်လုပ်နိုင်တဲ့ နိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံဖြစ်လာပါတယ်။   လာမယ့်နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်တောင်းခံရာရာမှာလည်း ကာကွယ်ရေးနည်းပညာနဲ့ သုတေသနလုပ်ငန်းတွေအတွက်…

Read More

တောင်တွင်းကြီးမြို့နယ် ၁၀၃ခြေမြန်တပ်ရင်းအနီး ဗုံးပေါက်

စက်တင်ဘာ ၇-၂၀၂၁ KK(VOM)   တောင်တွင်းမြို့နယ် တပ်မ(၈၈)လက်အောက်ခံ၊ အမှတ် ၁၀၃ ခြေမြန်တပ်ရင်အနီးမှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။   အမှတ် ၁၀၃ခြေမြန်တပ်ရင်း ဒီကနေ့ ဗုံးပေါက်ကွဲမှုဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဇူလိုင် ၂၆ရက်ကလည်း တပ်ရဲ့အဝင်ဂိတ်မှာ ဗုံးပေါက်ခဲ့ဖူးတယ်လို့ တပ်ရင်းအနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။   “မနက်ပိုင်းက ဖြစ်တာပါ အသံတော့ကြားတယ် အကျယ်ကြီးပဲ၊ တောင်တွင်းကြီးမှာ ဗုံးက ခဏခဏပေါက်နေတာ၊ ၁၀၃တပ်ဆိုနှစ်ခါရှိပြီ သေတယ်လို့တော့မကြားဘူး”လို့ သူက ပြောပါတယ်။   တောင်တွင်းကြီးမြို့နယ်၊ အမှတ်၁၀၃ ခြေမြန်တပ်ရင်းအနီး ဗုံးပေါက်ကွဲခဲ့တာမှန်ပေမယ့် ထိခိုက်ဒဏ်ရာရရှိမှုနဲ့ပတ်သက်ပြီး VOMအနေနဲ့ ဆက်လက်စုံစမ်းနေပြီး သီခြားအတည်ပြုလို့မရသေးပါဘူး။   တောင်တွင်းကြီးမြို့နယ်ဟာ မေလကုန်ကစပြီး ဌာနဆိုင်ရာရုံးတွေ၊ မြို့စောင့်တပ်တွေ၊ ရဲဝန်ထမ်းအိမ်ယာတွေနဲ့ အုပ်ချုပ်ရေးမှူးနေအိမ်တွေမှာ ဗုံးပေါက်ခဲ့တာ ၁၀ကြိမ်ကျော်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။   VOMသတင်းဌာနက ပြုစုထားသောအချက်အလက်တွေအရ တောင်တွင်းကြီးမြို့နယ်ရဲ့…

Read More

ဘုန်းကြီး ၁ ပါး အပါအဝင် လူ ၅ ယောက်ကို အမည်မသိ လက်နက်ကိုင်ထားသူတွေက ဖမ်းဆီးသွား

စက်တင်ဘာ ၇ -၂၀၂၁ ရွှေဘုန်းမြတ်စံ(VOM)   စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ၊ မုဌောကျေးရွာအုပ်စု ၊ မုဌောကျေးရွာက ဘုန်းကြီး ၁ ပါး အပါအဝင် လူ ၅ ယောက်ဟာ မနေ့ စက်တင်ဘာ ၆ ရက် ညနေပိုင်းက မုံရွာမြို့ကနေ ဆေးကုပြီး ရွာကိုပြန်တဲ့လမ်းမှာ အမည်မသိ လက်နက်ကိုင်ထားသူတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကနီမြို့ခံရဲ့ ပြောပြချက်အရ သိရပါတယ်။   ” မုံရွာက ဆေးကုပြန်လာတဲ့ ဘုန်းကြီးကားပေါ်က ဘုန်းကြီးနဲ့ လူတွေကို ကနီမြို့နယ်၊ ချောင်းမကျေးရွာအုပ်စု သင့်ဝင်ရွာအနီး၊ ချောင်းမ-ကနီ ကားလမ်းနေရာမှာ မျက်နှာဖုံး mask တွေတပ်ထားပြီး လက်နက်တွေကိုင်ထားတဲ့ လူတွေက ဖမ်းခေါ်သွားတာ “လို့ ဇီးခြံလုပ်သားတစ်ယောက်က ပြောပါတယ်။   ဒါ့အပြင် မုဌောရွာခံ တစ်ယောက်က “ဥ္ပဇင်း ဥူးကေလာ၊…

Read More

ဒီပဲယင်းနယ်မှာ ဒုရဲအုပ်ရဲ့ မိဘ ၂ယောက်လုံးဓားခုတ်ခံရလို့ သေဆုံး

စက်တင်ဘာ ၊ ၇ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ၊ ညောင်လှကျေးရွာမှာ မနေ့ စက်တင်ဘာ ၆ ရက် မနက်အစောပိုင်းက ဒုရဲအုပ်၁ ဦးရဲ့ မိဘ ၂ ပါးကို အမည်မသိ လူတစုက နေအိမ်ထဲဝင်ပြီး ဓားနဲ့ ဝိုင်းခုတ်တဲ့အတွက် ၂ယေညက်စလုံး သေသွားတယ်လို့ ဒီပဲယင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ဗိုလ်လေး ချမ်းမြေ့သူရဲ့ အဖေနဲ့ မိထွေး ၂ ယောက်စလုံး အသတ်ခံလိုက်ရတာ ” လို့ ဒီပဲယင်း ဒေသခံ တစ်ယောက်က ပြောပါတယ်။   ပဲခူးတိုင်း တောင်ငူမြို့ နယ်မြေရဲစခန်းမှာ အလုပ်သင် တာဝန်ထမ်းဆောင်နေတဲ့ ဒုရဲအုပ် ချမ်းမြေ့သူရဲ မိဘ နှစ်ပါးဖြစ်တဲ့ ဦးခင်မောင်အေး…

Read More

မိုးညှင်းနယ် နန်းမားမှာ ပစ်ခတ်မှုတွေဖြစ်လို့ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် အပါအဝင် လူ ၂ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

စက်တင်ဘာ ၊ ၇ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ် ၊ နန်းမားမြို့ ၊ ညောင်ပင်သာရပ်ကွက် ၊ မိုးညှင်း နန်မား ကားလမ်းဘေးရှိ နေအိမ်တခုမှာ မနေ့ စက်တင်ဘာ ၆ ရက် ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားရာ ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင် အပါအဝင် လူ ၂ ဦး သေ ဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ နန်းမား ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ပြည်သူ့စစ် ကိုထွန်းထွန်း ရဲ့နေအိမ်မှာ မနေ့က ညနေ ၄ နာရီဝန်းကျင်လောက်က ပစ်ခတ်ခံရတာပါ ၊ ကိုထွန်းထွန်းရဲ့ အိမ်ကို ရောက်နေတဲ့ ပြည်သူ့စစ်ခေါင်ဆောင် ဦးချစ်ကိုနဲ့ အိမ်ရှင် ကိုထွန်းထွန်းက သေတယ် ၊…

Read More

ရေစကြိုက လျှပ်စစ်ဝန်ထမ်း ၃ ဦး လုပ်ငန်းခွင်မှာ အသတ်ခံရ

စက်တင်ဘာ ၇ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ၊ ရွှေလှံ ကျေးရွာနဲ့ ဆင်ခြေရာ ကျေးရွာကြားမှာ မနေ့ စက်တင်ဘာ ၆ ရက် ညနေပိုင်းက ရေစကြိုက လျှပ်စစ်ဝန်ထမ်း ၃ ဦး သတ်ဖြတ်ခံထားရတာကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ရေစကြို EPC ရုံးက မီတာဖတ် စာရေး ၃ ယောက်သတ်ခံထားရတာဖြစ်တယ် ၊ အဲ့ဒီ သေဆုံးနေတဲ့ ၃ ယောက်ထဲက ၁ ယောက်တော့ သိတယ် ၊ သူက ကိုကျော်ကို ဖြစ်တယ် ၊ ဆန္ဒပြပွဲတွေမှာ သူက အမြဲပါတတ်တော့ သိနေတယ် ၊ ကျန်တဲ့ လူ ၂ ယောက်ကိုတော့…

Read More
VOM News

FREE
VIEW