မိုးညှင်းနယ် နန်းမားမှာ ပစ်ခတ်မှုတွေဖြစ်လို့ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် အပါအဝင် လူ ၂ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

စက်တင်ဘာ ၊ ၇ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ် ၊ နန်းမားမြို့ ၊ ညောင်ပင်သာရပ်ကွက် ၊ မိုးညှင်း နန်မား ကားလမ်းဘေးရှိ နေအိမ်တခုမှာ မနေ့ စက်တင်ဘာ ၆ ရက် ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားရာ ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင် အပါအဝင် လူ ၂ ဦး သေ ဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ နန်းမား ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ပြည်သူ့စစ် ကိုထွန်းထွန်း ရဲ့နေအိမ်မှာ မနေ့က ညနေ ၄ နာရီဝန်းကျင်လောက်က ပစ်ခတ်ခံရတာပါ ၊ ကိုထွန်းထွန်းရဲ့ အိမ်ကို ရောက်နေတဲ့ ပြည်သူ့စစ်ခေါင်ဆောင် ဦးချစ်ကိုနဲ့ အိမ်ရှင် ကိုထွန်းထွန်းက သေတယ် ၊ အိမ်ရှင် ကိုထွန်းထွန်း မိန်းမနဲ့ ကိုစိုးလွင် တို့ ၂ ဦးက ကျည်ထိပြီး ဒဏ်ရာရတယ် ” လို့ နန်းမား ၊ ညောင်ပင်သာရပ်ကွက်နေ ဒေသခံ တစ်ယောက်က ပြောပါတယ်။
 
မိုးညှင်း ခစက ရုံး တာဝန်ရှိသူ တစ်ဦး ပြောတာက ” ပြီးခဲ့တဲ့ ဇွန် ၊ ဇူလိုင် ၊ သြဂုတ် ၃ လ အတွင်းမှာ မိုးညှင်းခရိုင်ထဲက ဖားကန့် နဲ့ တာမခန်ဘက်မှာ အခြေပြုတဲ့ ပြည်သူ့စစ် အဖွဲ့က လူတချို့ လုပ်ကြံခံရလို့ သေဆုံးတာ လူ ၅ ထက်မနည်း ရှိတယ် ” လို့ ပြောပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်မနက်ကလည်း စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် မုတ်ဝရွာက စစ်မှုထမ်းဟောင်း ဦးမြသောင်း ဆိုသူဟာ ရွာလယ်လမ်းမပေါ်မှာ သေနတ်သမား ၂ ယောက်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါသေးတယ်။
 
#voiceofmyanmar #vom #မိုးညှင်း #နန်းမား #ပြည်သူ့စစ်
ပုံစာ ၊ သေဆုံးသူ ပြည်သူ့စစ်ခေါင်းဆောင် ဦးချစ်ကို

Related posts

Leave a Comment

VOM News

FREE
VIEW