ပြည်တွင်းဖြစ် ပဲ့ထိန်းဒုံးပျံသစ် တောင်ကိုးရီးယား စမ်းသပ်အောင်မြင်

ဆိုးလ်၊ စက်တင်ဘာ-၇-၂၀၂၁
မျိုးဆက် (VOM)
 
နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားရန်မှကာကွယ်ဖို့ ရေငုပ်သင်္ဘောမှ ပစ်ခတ်နိုင်တဲ့ ပြည်တွင်းဖြစ်ပဲ့ထိန်းဒုံးပျံတစ်မျိုးကို တောင်ကိုရီးယားက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။
 
ဒေါင်လိုက်ပစ်ခတ်နိုင်တဲ့ ပြွန်ခြောက်ခုတပ်ဆင်ထားတဲ့ တန်ချိန် ၃၀၀၀ ရှိပြည်တွင်းဖြစ် ရေငုပ်သင်္ဘောပေါ်ကနေ ပဲ့ထိန်းဒုံးပျံသစ်စမ်းသပ်မှုကို ပြီးခဲ့တဲ့သီတင်းပတ်မှာ တောင်ကိုရီးယားစစ်ဘက်က စမ်းသပ်ခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ကာကွယ်ရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး ယွန်ဟတ်သတင်းဌာနက စက်တင်ဘာ ၇ ရက်မှာ ဖော်ပြထားပါတယ်။
 
အဲဒီဒုံးပျံဟာ ကီလိုမီတာ ၅၀၀ ထိ ရောက်ရှိနိုင်တဲ့ ပြည်တွင်းဖြစ် Hyunmoo-2B ဒုံးပျံအမျိုးအစားတွေထဲက မျိုးကွဲတစ်ခုဖြစ်တယ်လို့ ယုံကြည်ရပြီး နောက်ထပ်စမ်းသပ်မှုတွေ ပြုလုပ်ပြီးရင်တော့ အများအပြားထုတ်လုပ်သွားမှာဖြစ်တယ်လို့ အဲဒီသတင်းဌာနကဆိုပါတယ်။
 
ဒီလိုထုတ်လုပ်နိုင်ခဲ့တာကြောင့် တောင်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေပစ်ခတ်တဲ့ ပဲ့ထိန်းဒုံးပျံတွေ ထုတ်လုပ်နိုင်တဲ့ နိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံဖြစ်လာပါတယ်။
 
လာမယ့်နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်တောင်းခံရာရာမှာလည်း ကာကွယ်ရေးနည်းပညာနဲ့ သုတေသနလုပ်ငန်းတွေအတွက် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံအသုံးပြုခွင့်ကို တောင်ကိုရီးယား ကာကွယ်ရေး၀န်ကြီးဌာနက ရရှိထားပါတယ်။
 
မြောက်ကိုရီးယားကလည်း အလားတူပဲ့ထိန်းဒုံးပျံထုတ်လုပ်ဖို့ ယခင်ကာလများကတည်းက လုပ်ဆောင်နေပြီး ဇန်နဝါရီလအတွင်းက ပြုလုပ်တဲ့ စစ်ရေးပြပွဲတစ်ခုမှာတော့ အဲဒီ ဒုံးပျံအမျိုးအစားကို ပြသခဲ့ပါတယ်။
 
Ref : CNA
Photo: AFP
#voiceofmyanmar #VOM #ဆိုးလ

Related posts

Leave a Comment

VOM News

FREE
VIEW