မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသုံးသန်း တောင်ကိုရီးယားပေးမယ်

ဆိုးလ်၊ စက်တင်ဘာ-၇-၂၀၂၁
မျိုးဆက် (VOM)
 
ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုနဲ့အတူ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့အနေနဲ့ ဒေါ်လာ သုံးသန်းပေးမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး၀န်ကြီးဌာနက စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
 
အဲဒီကူညီထောက်ပံ့မှုတွေကို တိုက်ရိုက်ပွင့်လင်းမြင်သာစွာနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကတစ်ဆင့် ပေးအပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဖေဖော်ဝါရီလမှာ နိုင်ငံရေးအပြောင်းလဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပွားနေစဉ်မှာ တောင်ကိုရီးယားက အခုလိုအထောက်အပံ့ပေးဖို့ စီစဉ်တာဖြစ်ပါတယ်။
 
မြန်မာစစ်ဘက်ကို အရေးယူပိတ်ဆို့ထားတဲ့ နိုင်ငံတကာရဲ့ လုပ်ဆောင်မှုများနဲ့အညီ တောင်ကိုရီးယားဟာလည်း မြန်မာစစ်ဘက်ကို စစ်ပစ္စည်းတွေတင်ပို့မှုကို ရပ်ဆိုင်းထားပါတယ်။
 
ဒါပေမယ့်လည်း မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီအတွေကို ဆက်လက်ပေးအပ်မယ်လို့ ပြောဆိုထားပါတယ်။
 
Ref:Korea Herald
Photo:AFP
#voiceofmyanmar #VOM #ဆိုးလ

Related posts

Leave a Comment

VOM News

FREE
VIEW