ဆင်ဖြူရှင် ချင်းတွင်း​မြစ်ကူးတံတား ဖြတ်သန်းခ ပိုက်ဆံကောက်တဲ့ဂိတ် မိုင်းခွဲခံရ

စက်တင်ဘာ ၊ ၈ -၂၀၂၁
ရွှေဘုန်းမြတ်စံ(VOM)
 
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-ပခုက္ကူသွားကားလမ်း ဆင်ဖြူရှင် ချင်းတွင်းမြစ်ကူးတံတားမှာရှိတဲ့ တံတားဖြတ်သန်းခ ပိုက်ဆံကောက်ခံတဲ့ ဂိတ်တဲအဆောက်အဦး မနေ့ စက်တင်ဘာ ၇ ရက် ညနေပိုင်းက မိုင်းခွဲခံရတယ်လို့ ချောင်းဦးမြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
 
” ဆင်ဖြူရှင်တံတား အရှေ့ဖက်ခြမ်း စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ဘက် လူသွားလမ်း ညာဘက်ခြမ်းမှာ ပေါက်ကွဲတာဖြစ်တယ် ၊ ထိခိုက်ပျက်စီးတာတွေ ရှိတယ် မရှိဘူးဆိုတာ သွားလာလို့ မရသေးတဲ့အတွက် မသိရသေးဘူး ” လို့ ချောင်းဦး ဒေသခံတစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် ချောင်းဦးမြို့နယ်ကောင်စီရုံးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ” တံတားနားမှာ ပေါက်ကွဲတယ်လို့တော့ ကြားတယ်၊ ကွင်းဆင်း သွားရောက်စစ်ဆေးဖို့ လုံခြုံရေး စိတ်ချရအောင် စီစဥ်နေတာကြောင့် အခြေအနေ အသေးစိပ် ပြောလို့မရသေးဘူး ” လို့ ပြောပါတယ်။
 
အဲ့ဒီ ပေါက်ကွဲတယ်ဆိုတဲ့နေရာဟာ တံတားဖြတ်သန်းခ ပိုက်ဆံကောက်ခံရေးဂိတ်နဲ့ တံတားလုံခြုံရေးတာဝန်ကျ ရဲဝန်ထမ်းတွေ နေထိုင်တဲ့ ဂိတ်တဲဖြစ်တဲ့အပြင် တခါတရံ ရှာဖွေစစ်ဆေးရေးအဖွဲ့စုံတွေ အခြေပြုတဲ့ နေရာနဲ့ အလွန်နီးကပ်နေတယ်လို့ သိရပါတယ် ။
 
ဆင်ဖြူရှင် ချင်းတွင်းမြစ်ကူးတံတားဟာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ် တို့ကို ချိတ်ဆက်ထားတဲ့ မုံရွာ-ပခုက္ကူ ကားလမ်းပေါ်မှာ တည်ရှိနေတာဖြစ်ပြီး မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း ၂ ခုကို မြစ်ကူးဖြတ်သန်းသွားလာရတဲ့ ၁ ခုတည်းသော တံတားကြီးဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ချောင်းဦး

Related posts

Leave a Comment

VOM News

FREE
VIEW