အင်ဒိုနီးရှားမှာ အကျဉ်းထောင်မီးလောင်မှုကြောင့် လူ ၄၁ ဦးသေဆုံး

ဂျကာတာ၊ စက်တင်ဘာ-၈-၂၀၂၁ မျိုးဆက် (VOM0   အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာဆင်ခြေဖုံးမှာရှိတဲ့ အကျဉ်းထောင်တစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် လူ ၄၁ ဦးထက်မနည်းသေဆုံးသွားတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။   အဲဒီမီးလောင်ကျွမ်းမှုဟာ တန်ဂရန်းအကျဉ်းထောင်မှာ စက်တင်ဘာ ၈ ရက်နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ဖြစ်ပြီး မီးလောင်ကျွမ်းချိန်မှာတော့ အကျဉ်းသားအများစုဟာ အိပ်ပျှော်နေကြတယ်လို့ ဆိုပါတယ်။   မီးလောင်ကျွမ်းခဲ့တဲ့ အဆောင်စီမှာ အကျဉ်းသား ၄၀ ကျော်သာ နေထိုင်ဖို့အကျယ်အ၀န်းရှိပေမယ့် မီးလောင်ချိန်မှာ အကျဉ်းသား ၁၂၂ ဦးထိနေထိုင်နေကြတယ်လို့ သိရပါတယ်။   အဲဒီအဆောင်ဟာ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ တရားခံတွေကို ထားရှိရာနေရာလည်ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် အကျဉ်းသားဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ပြီး အချို့ကတော့ အရေးပေါ်ခန်းတွေမှာ ကုသမှုခံယူနေကြရပါတယ်။   မီးလောင်မှုဖြစ်ပွားရခြင်းဟာ ဝါယာရှော့ခ်မှစတင်ဖြစ်ပွားတယ်လို့ သံသယရှိပေမယ့်လည်း ဒီကိစ္စကို အတည်မပြုနိုင်သေးဘဲ စုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်သွားမယ်လို့ အင်ဒိုနီးရှားအကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။   Ref…

Read More

ရွှေဘိုမြို့နယ် ညောင်ကိုင်းရွာက ပြည်ခိုင်ဖြိုးပါတီဝင်ရဲ့နေအိမ်တွေ ​သေနတ်နဲ့ပစ်ခံရပြီး လူ ၃ ဦးသေဆုံး

စက်တင်ဘာ ၊ ၈ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာက ပြည်ခိုင်ဖြိုးပါတီဝင်တွေရဲ့ နေအိမ်တွေကို အမည်မသိအဖွဲ့က ဒီကနေ့မနက် အစောပိုင်း ၁ နာရီဝန်းကျင်ခန့်က သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် လူ ၃ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုနယ်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ဒီမနက် ၁ နာရီခွဲလောက်မှာ ရွာထဲကို သေနတ်နဲ့ လူတွေဝင်လာပြီး ပြည်ခိုင်ဖြိုးပါတီဝင်တွေရဲ့ အိမ်တွေကို တမင်ရွေးပြီး သေနတ်နဲ့ ပစ်တယ် ၊ ဦးနုဆိုတဲ့သူနဲ့ ဦးမြင့်ဝေတို့ ၂ ယောက်ကတော့ နေရာမှာတင် သေနတ်ဒဏ်ရာတွေနဲ့ သေသွားတယ် ၊ နောက်ပြီး ကျည်ဆံထိမှန် ဒဏ်ရာရတဲ့သူ လောလောဆယ် ၄ ဦးရှိတယ်လို့သိရတယ် ၊ အဲ့ဒီ ၄ ယောက်ထဲက…

Read More

ဆင်ဖြူရှင် ချင်းတွင်း​မြစ်ကူးတံတား ဖြတ်သန်းခ ပိုက်ဆံကောက်တဲ့ဂိတ် မိုင်းခွဲခံရ

စက်တင်ဘာ ၊ ၈ -၂၀၂၁ ရွှေဘုန်းမြတ်စံ(VOM)   စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-ပခုက္ကူသွားကားလမ်း ဆင်ဖြူရှင် ချင်းတွင်းမြစ်ကူးတံတားမှာရှိတဲ့ တံတားဖြတ်သန်းခ ပိုက်ဆံကောက်ခံတဲ့ ဂိတ်တဲအဆောက်အဦး မနေ့ စက်တင်ဘာ ၇ ရက် ညနေပိုင်းက မိုင်းခွဲခံရတယ်လို့ ချောင်းဦးမြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။   ” ဆင်ဖြူရှင်တံတား အရှေ့ဖက်ခြမ်း စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ဘက် လူသွားလမ်း ညာဘက်ခြမ်းမှာ ပေါက်ကွဲတာဖြစ်တယ် ၊ ထိခိုက်ပျက်စီးတာတွေ ရှိတယ် မရှိဘူးဆိုတာ သွားလာလို့ မရသေးတဲ့အတွက် မသိရသေးဘူး ” လို့ ချောင်းဦး ဒေသခံတစ်ယောက်က ပြောပါတယ်။   ဒါ့အပြင် ချောင်းဦးမြို့နယ်ကောင်စီရုံးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ” တံတားနားမှာ ပေါက်ကွဲတယ်လို့တော့ ကြားတယ်၊ ကွင်းဆင်း သွားရောက်စစ်ဆေးဖို့ လုံခြုံရေး စိတ်ချရအောင် စီစဥ်နေတာကြောင့် အခြေအနေ အသေးစိပ် ပြောလို့မရသေးဘူး…

Read More

ခန္တီးရဲတပ်ဖွဲ့က ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ပျောက်ဆုံးနေ

စက်တင်ဘာ ၈ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ၊ ခန္တီးမြို့နယ် ၊ နန်စီပွန်ဒေသ မှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ပျောက်ဆုံးနေတဲ့အတွက် မနေ့ စက်တင်ဘာ ၇ ရက်က အမှုဖွင့်အရေးယူထားတယ်လို့ ခန္တီး ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။   ” နန်စီပွန်ဒေသမှာ လုံခြုံရေးကျနေတဲ့ အမှတ် ၁၆ ရဲတပ်ရင်း ရှေ့တန်းစခန်းက ရဲတပ်သား တစ်ယောက်ဟာ ကင်းတာဝန်ကျနေတဲ့အချိန် သူ့ထုတ်ပေးထားတဲ့ သေနတ် ၊ ကျည်ဆံ၊ ကျည်အိမ် အဲ့ဒါတွေယူပြီး ထွက်ပြေးသွားလို့ ပျောက်နေတာပါ ” လို့ နန်စီပွန်ဒေသ ကျောက်မျက်တူးဖော်ရေး လုံခြုံရေးအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။   ဒါ့အပြင် ရွှေပြည်သာ ရဲကင်းစခန်းနဲ့ နီးစပ်သူ တစ်ယောက်က” ဗိုလ်လေး…

Read More

ရန်ကုန်မြို့က မြို့နယ်အတော်များများမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး လူနှစ်ဦး ဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ၊ ၈-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ အလုံမြို့နယ်၊ အေးရှားဝါးလ်ဆိပ်ကမ်းမှာ ဒီကနေ့ မနက် ၈နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်မှုတစ်စုံတစ်ရာမရှိဘူးလို့ ဆိပ်ကမ်းမှာအလုပ်လုပ်နေသူတစ်ဦးက ပြောပါတယ်။   မြောက်ဥက္ကလာပမြို့နယ်မှာလည်း မနေ့ စက်တင်ဘာ ၇ရက် မနက်ပိုင်းကနေ ညပိုင်းအချိန်ထိ ဋရပ်ကွက်၊၂ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး၊ဃရပ်ကွက်၊မြောက်ဥက္ကလာပဆေးရုံတို့မှာ ဗုံးသုံးကြိမ်ပေါက်ကွဲခဲ့ပြီး လူနှစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဋရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။   “မနေ့ည ၆နာရီက သုန္နာလမ်းက ဗုံးပေါက်ကွဲမှုမှာ ဆိုင်ကယ်နဲ့လူနှစ်ဦးဖမ်းခံရတယ် ၊ မသင်္ကာဘူးဆိုပြီး စစ်တပ်နဲ့ရဲတွေက ဖမ်းသွားတာပါ”လို့ သူကရှင်းပြပါတယ်။   တွံတေးမြို့နယ်၊ ရွှေဆံတော်ရပ်ကွက်၊ ရွှေဆံတော် (၅) လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုလည်း မနေ့ည ၇နာရီက လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် ထိခိုက်မှုတစ်စုံတစ်ရာမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။   အလားတူပင် မနေ့ည ၈နာရီက သာကေတမြို့နယ်၊၂/တောင်ရပ်ကွက်၊မြင်တော်သာလမ်းနဲ့ ဇောတရုံလမ်းထောင့်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ၂/တောင်ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။…

Read More

ပေါင်းတည်က ရာအိမ်မှူးအိမ် ဗုံးပေါက်ပြီး ၂ ဦးသေ၊ ၅ ဦးဒဏ်ရာရ

စက်တင်ဘာ ၈-၂၀၂၁ CKC (VOM)   ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ ကံငယ်အုပ်စု၊ ကံငယ်ရွာမှာ မနေ့ စက်တင်ဘာ ၇ရက်နေ့ ညပိုင်းက ရာအိမ်မှူးနေအိမ်ထဲကို ဗုံးပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် လူ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကံငယ်ရွာဒေသခံတွေဆီက သိရပါတယ်။   ” ည က ဆွေမျိုးတွေ ၊မိသားစုတွေ TV ကြည့်နေချိန် နေအိမ်ပြတင်းပေါက်ကနေ အပေါက်ခံရပြီး ပေါက်ကွဲတယ်။ တဦးက နေရာမှာပဲ ပွဲချင်းပြီး သေတယ်။ ၆ ဦး ဆေးရုံရောက်တယ်။ ဆေးရုံမှာ နောက်ထပ်တစ်ဦးထပ်သေတယ်”လို့ ဒေသခံကပြောပြပါတယ်။   သေဆုံးသွားသူ ၂ ဦးဟာ အမျိုးသမီးတွေဖြစ်တယ်လို့ သိရပြီး ဘယ်သူတွေလာရောက်ပစ်ခတ်သွားတယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။   လက်ရှိမှာတော့ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူ ရာအိမ်မှူး အပါအဝင် ဒဏ်ရာရသူတွေကို ပေါင်းတည်ပြည်သူ့ဆေးရုံမှာ…

Read More

မန္တလေး ဒုမြို့တော်ဝန် ကွယ်လွန်

မန္တလေး၊ စက်တင်ဘာ ၈-၂၀၂၁ Voice Of Myanmar မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်ဖြစ်သူ ဦးစောဟန်ဟာ ဒီကနေ့မနက်ပိုင်းက ဦးနှောက်သွေးကြောပေါက်ရောဂါနဲ့ သေဆုံးသွားပြီဖြစ်တယ်လို့ နီးစပ်သူအသိုင်းအဝိုင်းက အတည်ပြုပြောပါတယ်။ “ဟုတယ် မနက် ၆နာရီခွဲလောက်က ဆုံးတာပါ၊ ဦးနှောက်ထဲ သွေးရောက်ပြီး ဆုံးသွားတာလို့သိပါတယ်။”လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းခန့်ကတည်းက နေမကောင်းဖြစ်လို့ မန္တလေးမြို့က မင်္ဂလာဆေးရုံမှာ ဆေးကုသမှုခံယူနေရတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ အဲ့ဒီဆေးရုံမှာပဲ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဦးစောဟန်ဟာ နစကကောင်စီရဲ့မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်ဖွဲ့စည်းရာမှာ ပြန်လည်ပါဝင်ခဲ့ပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့က ဒုမြို့တော်ဝန်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။ NLDပါတီ အစိုးရအဖြစ်အုပ်ချုပ်စဉ်ကာလတုန်းကလည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်အဖြစ် လုပ်ဆောင်ခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။ Photo-SawHan (FB) #voiceofmyanmar #VOM #မန္တလေး #ဒုမြို့တော်ဝန် #ကွယ်လွန်

Read More

ဒီးမော့ဆိုရဲစခန်းကို ကရင်နီတပ် နဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက်ခဲ့ပေမယ့် သိမ်းနိုင်ခဲ့ခြင်းမရှိသေးဘူးလို့ သိရ

စက်တင်ဘာ ၈-၂၀၂၁ CKC(VOM)   ကယားပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်ရဲစခန်းကို မနေ့ စက်တင်ဘာ ၇ရက်နေ့ညပိုင်းက ကရင်နီတပ်မတော်၊ KNDF နဲ့ မဟာမိတ်တပ်တွေက ဝင်ရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။   ” ဟုတ်ပါတယ်။စခန်းကိုတော့ မသိမ်းနိုင်သေးဘူးလို့သိရပါတယ်၊ အသေးစိတ်ကို Kndf page ရဲ့ကြေညာချက်ကို စောင့်ကြည့်ပေးပါ၊ အခုတော့ငြိမ်နေပါတယ်။ ” လို့ တိုက်ပွဲအခြေအနေအပေါ်မေးမြန်းမှုကို ည ၁၀ နာရီဝန်းကျင်မှာ KNDF ဘက်က ပြောထားပါတယ်။   ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ တိုက်ပွဲကပြင်းထန်ခဲ့ပြီး ထိခိုက်ကျဆုံးမှု အခြေအနေတွေကို မသိရသေးဘူးလို့ KNDF ဘက်ကပြောဆိုပြီး ၊ န.စ.က ဘက်ကိုမေးမြန်းရာမှာတော့ ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။   အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီးမော့ဆိုရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ” ညက ၆ နာရီခွဲလောက်ကစတယ်။ အကြီးနဲ့ဘေးပတ်လည်ကနေ လာပစ်တယ် ၊…

Read More
VOM News

FREE
VIEW