ရွှေဘိုမြို့နယ် ညောင်ကိုင်းရွာက ပြည်ခိုင်ဖြိုးပါတီဝင်ရဲ့နေအိမ်တွေ ​သေနတ်နဲ့ပစ်ခံရပြီး လူ ၃ ဦးသေဆုံး

စက်တင်ဘာ ၊ ၈ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာက ပြည်ခိုင်ဖြိုးပါတီဝင်တွေရဲ့ နေအိမ်တွေကို အမည်မသိအဖွဲ့က ဒီကနေ့မနက် အစောပိုင်း ၁ နာရီဝန်းကျင်ခန့်က သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက်
လူ ၃ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုနယ်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ဒီမနက် ၁ နာရီခွဲလောက်မှာ ရွာထဲကို သေနတ်နဲ့ လူတွေဝင်လာပြီး ပြည်ခိုင်ဖြိုးပါတီဝင်တွေရဲ့ အိမ်တွေကို တမင်ရွေးပြီး သေနတ်နဲ့ ပစ်တယ် ၊ ဦးနုဆိုတဲ့သူနဲ့ ဦးမြင့်ဝေတို့ ၂ ယောက်ကတော့ နေရာမှာတင် သေနတ်ဒဏ်ရာတွေနဲ့ သေသွားတယ် ၊ နောက်ပြီး ကျည်ဆံထိမှန် ဒဏ်ရာရတဲ့သူ လောလောဆယ် ၄ ဦးရှိတယ်လို့သိရတယ် ၊ အဲ့ဒီ ၄ ယောက်ထဲက အမျိုးသမီး ၁ ယောက်က ရွှေဘိုဆေးရုံကိုသွားရင်း ဆုံးပြန်တယ် ၊ အခုချိန်ထိတော့ သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရသူ ၃ ဦး ဖြစ်တယ် ” လို့ ရွှေဘို ဒေသခံတစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် ညောင်ကိုင်းရွာခံတွေဟာ ရွာထဲကနေရာအချို့မှာ မိုင်းထောင်ထားတာတွေရှိတယ်ဆိုပြီး အိမ်ထဲကနေ အိမ်အပြင်မထွက်ရဲကြဘဲဖြစ်နေကြတယ်လို့ ရွှေဘိုနယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
အဲ့ဒီ ညောင်ကိုင်းရွာ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ ရွှေဘိုခရိုင် ကောင်စီရုံးကို သိလိုတာတွေမေးမြန်းဖို့ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုချိန်အထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။
 
ဒါ့အပြင် မနေ့ စက်တင်ဘာ ၇ ရက် နေ့ခင်းပိုင်းက ရွှေဘိုမြို့ အနောက်ဘက် မြို့ဝင် ကိုဗစ်စစ်ဆေးရေးဂိတ်မှာ လိုင်စင်မဲ့ ကား ၁ စီးနဲ့အတူ လူ ၁ ဦး ဖမ်းဆီးခံခဲ့ရတာလည်း ရှိခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရွှေဘို

Related posts

Leave a Comment

VOM News

FREE
VIEW