အင်ဒိုနီးရှားမှာ အကျဉ်းထောင်မီးလောင်မှုကြောင့် လူ ၄၁ ဦးသေဆုံး

ဂျကာတာ၊ စက်တင်ဘာ-၈-၂၀၂၁
မျိုးဆက် (VOM0
 
အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာဆင်ခြေဖုံးမှာရှိတဲ့ အကျဉ်းထောင်တစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် လူ ၄၁ ဦးထက်မနည်းသေဆုံးသွားတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။
 
အဲဒီမီးလောင်ကျွမ်းမှုဟာ တန်ဂရန်းအကျဉ်းထောင်မှာ စက်တင်ဘာ ၈ ရက်နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ဖြစ်ပြီး မီးလောင်ကျွမ်းချိန်မှာတော့ အကျဉ်းသားအများစုဟာ အိပ်ပျှော်နေကြတယ်လို့ ဆိုပါတယ်။
 
မီးလောင်ကျွမ်းခဲ့တဲ့ အဆောင်စီမှာ အကျဉ်းသား ၄၀ ကျော်သာ နေထိုင်ဖို့အကျယ်အ၀န်းရှိပေမယ့် မီးလောင်ချိန်မှာ အကျဉ်းသား ၁၂၂ ဦးထိနေထိုင်နေကြတယ်လို့ သိရပါတယ်။
 
အဲဒီအဆောင်ဟာ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ တရားခံတွေကို ထားရှိရာနေရာလည်ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် အကျဉ်းသားဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ပြီး အချို့ကတော့ အရေးပေါ်ခန်းတွေမှာ ကုသမှုခံယူနေကြရပါတယ်။
 
မီးလောင်မှုဖြစ်ပွားရခြင်းဟာ ဝါယာရှော့ခ်မှစတင်ဖြစ်ပွားတယ်လို့ သံသယရှိပေမယ့်လည်း ဒီကိစ္စကို အတည်မပြုနိုင်သေးဘဲ စုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်သွားမယ်လို့ အင်ဒိုနီးရှားအကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။
 
Ref : BBC
Photo:Getty Images
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW