ရန်ကုန်မြို့က မြို့နယ်အတော်များများမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး လူနှစ်ဦး ဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ၊ ၈-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ အလုံမြို့နယ်၊ အေးရှားဝါးလ်ဆိပ်ကမ်းမှာ ဒီကနေ့ မနက် ၈နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်မှုတစ်စုံတစ်ရာမရှိဘူးလို့ ဆိပ်ကမ်းမှာအလုပ်လုပ်နေသူတစ်ဦးက ပြောပါတယ်။
 
မြောက်ဥက္ကလာပမြို့နယ်မှာလည်း မနေ့ စက်တင်ဘာ ၇ရက် မနက်ပိုင်းကနေ ညပိုင်းအချိန်ထိ ဋရပ်ကွက်၊၂ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး၊ဃရပ်ကွက်၊မြောက်ဥက္ကလာပဆေးရုံတို့မှာ ဗုံးသုံးကြိမ်ပေါက်ကွဲခဲ့ပြီး လူနှစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဋရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
 
“မနေ့ည ၆နာရီက သုန္နာလမ်းက ဗုံးပေါက်ကွဲမှုမှာ ဆိုင်ကယ်နဲ့လူနှစ်ဦးဖမ်းခံရတယ် ၊ မသင်္ကာဘူးဆိုပြီး စစ်တပ်နဲ့ရဲတွေက ဖမ်းသွားတာပါ”လို့ သူကရှင်းပြပါတယ်။
 
တွံတေးမြို့နယ်၊ ရွှေဆံတော်ရပ်ကွက်၊ ရွှေဆံတော် (၅) လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုလည်း မနေ့ည ၇နာရီက လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် ထိခိုက်မှုတစ်စုံတစ်ရာမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
အလားတူပင် မနေ့ည ၈နာရီက သာကေတမြို့နယ်၊၂/တောင်ရပ်ကွက်၊မြင်တော်သာလမ်းနဲ့ ဇောတရုံလမ်းထောင့်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ၂/တောင်ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
 
မနေ့ စင်တင်ဘာ ၇ရက်က ရန်ကုန်မြို့မှာ မနက်ပိုင်းကနေ ညအချိန်ထိ ဒလ၊တွံတေး၊မရမ်းကုန်း၊မြောက်ဥက္ကလာ၊သင်္ဃန်းကျွန်းနဲ့သာကေတတို့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိကာ နှစ်ဦးဖမ်းဆီးခံခဲ့ရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်
ပုံစာ-ရန်ကုန်ရှိ မြို့နယ်တစ်ခုမှာ ဗုံးပေါက်ကွဲပြီးနောက် စစ်ဆေးနေပုံ

Related posts

Leave a Comment

VOM News

FREE
VIEW