ကလေးမြို့နယ်က သုံးဘီးဆိုင်ကယ် မောင်းသူ ၂ ဦးသေနတ်နဲ့ပစ်ခံရလို့ သေဆုံး

စက်တင်ဘာ ၊ ၉ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်စံပြကျေးရွာမှာနေတဲ့ သုံးဘီးဆိုင်ကယ် အငှားမောင်းတဲ့ လူ ၂ ဦးကို အမည်မသိ လူတစုက မနေ့ စက်တင်ဘာ ၈ ရက် မနက်အစောပိုင်းက သေနတ်နဲ့ပစ်ရပြီး သေဆုံးသွားတယ်လို့ ကလေးနယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ညက သေနတ်တွေနဲ့ လူတွေရောက်လာတယ် ၊ မင်းတို့က သတင်းပေးကောင်တွေလို့ ပြောပြီး သေနတ်နဲ့ပစ်သွားတာ၊ ၂ ယောက်စလုံးသေတယ် ” လို့ ရာဇဂြိုလ်ရွာခံ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်မှာ သေနတ်မှန် သေဆုံးသူ လူ ၂ ဦးကတော့ ကိုဝင်းဇော် အသက် ၄၅ နှစ် နဲ့ ကိုဝင်းတင် အသက်( ၄၁) နှစ် ဖြစ်ပါတယ်။
 
သူတို့ ၂ ယောက်ဟာ ညီအကိုအရင်းတွေဖြစ်ကြပြီး သုံးဘီးဆိုင်ကယ် အငှားမောင်းသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ထပ်မံအတည်ပြု မေးမြန်းဖို့ ကလေးမြို့နယ်ရဲတပ်ဖွဲ့ရုံးကို ဆက်သွယ်ခဲ့ပေမယ့် အခုချိန်အထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။
 
#voiceofmyanmar #VOM #ကလေး

Related posts

Leave a Comment

VOM News

FREE
VIEW