တွံတေးနယ် ကံဘဲ့ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၉၊၂၀၂၁ KK(VOM)   ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ကံဘဲ့ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဒီကနေ့ မနက်၉နာရီက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” တွံတေးမြို့နယ် ကံဘဲ့ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဒီကနေ့ မနက်ပိုင်းက ဦးစီးမှုး ဖုန်းဆက်ခေါ်လို့ သွားတဲ့အချိန် တွံတေး၊ဒလ၊ ကော့မှူးကန်ပတ်လမ်းဆုံမီးပွိုင့်အနီးမှာ အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့တယ်၊ လမ်းဆုံမှာ အပစ်ခံရတာ ကားပေါ်က ပစ်သွားတာ ဘယ်အဖွဲ့ကပစ်လဲ တော့မသိဘူး ပွဲချင်းပြီးသေတာ” လို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။   သေဆုံးသူဟာ ကံဘဲ့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လှ၊ အသက် ၅၅နှစ် ဆိုသူဖြစ်ပြီး ဦးခေါင်း ယာဘက်နားထင် ကျည်ထိမှန်ခဲ့ပြီး သေဆုံးခဲ့ကာ ရုပ်အလောင်းကို တွံတေးဆေးရုံပို့ထားတယ်လို့ သိရပါတယ်။   လက်တလော အခင်းဖြစ်ပွားရာ ကံဘဲ့လမ်းဆုံနဲ့ကံဘဲ့ကျေးရွာအတွင်း စစ်တပ်နဲ့ရဲတွေက စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။…

Read More

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာ့အရေးအားထုတ်မှု အပြည့်အဝထောက်ခံမယ်လို့ ဂျပန်ကတိပြု

တိုကျို၊ စက်တင်ဘာ-၉-၂၀၂၁ မျိုးဆက် (VOM)   မြန်မာနိုင်ငံမှာဖြစ်ပွာနေတဲ့ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof ရဲ့အားထုတ်မှုတွေကို ဂျပန်နိုင်ငံက အပြည့်အဝထောက်ခံတယ်လို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီး တိုရှီမစ်ဆုမိုတီဂီက စက်တင်ဘာ ၈ ရက်မှာကတိပြုပြောဆိုလိုက်ပါတယ်။   အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof ဟာမြန်မာနိုင်ငံကို ဖြစ်နိုင်သမျှ အစောဆုံးသွားရောက်ဖို့ဆန္ဒပြင်းပြနေတယ်လို့ မိုတီဂီနဲ့ မိနစ် ၃၀ ကြာ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးရာမှာ ပြောကြားခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာနက ဆိုပါတယ်။   အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ နိုင်ငံရေးမှာပါ၀င်ပတ်သက်သူတွေအားလုံးနဲ့ တတ်နိုင်သမျှ တွေ့ဆုံဆွေးနွေးဖို့ အရေးကြီးကြောင်းနဲ့ သူ့ရဲ့ လုပ်ငန်းစဉ်တွေအောင်မြင်ဖို့ တတ်နိုင်တာအားလုံး ဂျပန်နိုင်ငံကကူညီသွားမယ်လို့ နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   စက်တင်ဘာလလယ်ကစပြီး မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ချောချောမွေ့မွေ့ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးအနေနဲ့ လေးလကြာအပစ်အခတ်ရပ်စဲဖို့ကို အာဆီယံအထူးကိယ်စားလှယ်က တောင်းဆိုထားပါတယ်။  …

Read More

လှိုင်မြို့နယ်မှာ ဧည့်စာရင်းစစ်ရင်း ဖမ်းဆီးခံရသူ ၁၀၀ကျော်ကို အကုန်ပြန်လွှတ်

ရန်ကုန်၊စက်တင်ဘာ ၉-၂၀၂၁ KK+CKC(VOM)   ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၃ရပ်ကွက်မှာ မနေ့စက်တင်ဘာ ၈ရက်နေ့ ညပိုင်းက ဧည့်စာရင်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တဲ့လူဦးရေ၁၀၀ကျော်ကို ဒီကနေ့ မနက်ပိုင်းကပဲ အကုန်ပြန်လွှတ်ပေးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေကနေ သိရပါတယ်။   ၁၃ရပ်ကွက်အတွင်း ဧည့်စာရင်းနဲ့ဖမ်းဆီးခံရသူ စုစုပေါင်း ၁၂၂ ယောက်ရှိပြီး လှိုင်မြို့နယ်မြို့မရဲစခန်းက ဒီကနေ့ မနက် ၁၀နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ အသောကလမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။   “ပိုက်ဆံမပေးရပါဘူး ဒီအတိုင်းပဲ ပြန်လွှတ်တာ၊ ဖုန်းတွေမှတ်ပုံတင်တွေလည်း အကုန်ပြန်ပေးတယ်၊ အကုန်ပြန်လွှတ်ပါပြီ”လို့ သူကပြောပါတယ်။   လှိုင်မြို့မရဲစခန်းက ပြန်လွတ်လာသူတွေဟာ မနေ့ညက လှိုင်မြို့နယ် ၁၃ရပ်ကွက် အသောကလမ်းနဲ့မဟာဆွေလမ်းမှာ ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပါတယ်။   ” ၁၂၀ကျော်ပါဗျ၊ ဟုတ်ကဲ့အကုန်လုံးပြန်လွတ်လာပြီလို့သိရပါတယ်။ ဖမ်းတာကတော့ ဧည့်စာရင်းမတိုင်လို့ရယ် ၊ ဧည့်စာရင်းတိုင်ထားတာ ရက်လွန်သွားလို့ရယ် ၊ အဲ့တာတွေကြောင့်ပါ ”…

Read More

ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဒုသမ္မတနေရာအတွက် ရွေးကောက်ပွဲ၀င်မယ်

မနီလာ၊ စက်တင်ဘာ-၉-၂၀၂၁ မျိုးဆက် (VOM)   ဖိလစ်ပိုင်နိုင်ငံရဲ့ လက်ရှိသမ္မတဒူတာတေးဟာ လာမယ့်နှစ်ရွေးကောက်ပွဲတွင် ဒုတိယသမ္မတနေရာက ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပါတီရဲ့ အမည်စာရင်းတင်သွင်းမှုကို စက်တင်ဘာ ၉ ရက်မှာ လက်ခံလိုပါတယ်။   ဖိလစ်ပိုင်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဒူတာတေးဟာ သမ္မတသက်တမ်းနောက်တစ်ကြိမ် ထမ်းဆောင်ခွင့်မရှိတော့ပါဘူး။   ဒါပေမယ့် ဒုသမ္မတနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ဖို့ လုပ်ဆောင်တာဟာ နိုင်ငံ့အာဏာကို ဆက်လက်ထိန်းချုပ်ဖို့လို့ အတိုက်အခံတွေက စွပ်စွဲထားပါတယ်။   ဒါပေမာ့်သမ္မတဒူတာတေးကတော့ သူဟာ တိုင်းပြည်ကိုချစ်တဲ့စိတ်ကြောင့် ဒုတိယသမ္မတနေရာက ၀င်ရောက် အရွေးချယ်ခံခြင်းဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။   သမ္မတနေရာ ၀င်ရောက်ယှဉ်ပြိုင်မယ့် မိတ်ဖက်အဖြစ် နိုင်ငံရေး အတွေ့အကြုံနည်းသူကို ဒူတာတေးက ရွေးချယ်မယ်လို့ ထင်ကြေးတွေလည်း ထွက်ပေါ်နေပါတယ်။   သမ္မတဒူတာတေးဟာ နိုင်ငံအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို အကြီးအကျယ်လုပ်ဆောင်ခဲ့ပြီး သူ့ရဲ့သမ္မတသက်တမ်း ခြောက်လအတွင်းမှာလုပ်ခဲ့တဲ့ မူးယစ်စစ်ပွဲအတွင်း လူ ၇၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့…

Read More

ရွှေပန်းကုံးနယ်မြေရဲစခန်းကို လူတွေလာဝိုင်းလို့ ပစ်ခတ်မှုဖြစ်ပွားပြီး လူ၂ ဦး သေဆုံး၊ ရဲ ၁ ဦး ဒဏ်ရာရ

စက်တင်ဘာ ၉ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မုံရွာ-အရာတော်-ရွှေဘိုကားလမ်း ရွှေပန်းကုံးစံပြကျေးရွာမှာရှိတဲ့ ရွှေပန်းကုံးနယ်မြေရဲစခန်းကို ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က လူ ၂ ရာကျော်က လာဝိုင်းလို့ ၂ ဖက် ပစ်ခတ်မှုတွေဖြစ်ပွားတာကြောင့် လူသေဆုံးတာနဲ့ ဒဏ်ရာရတာတွေရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” မနက်က ရဲစခန်းကို လူ ၃ ရာလောက်က ဝိုင်းပြီးတိုက်ကျတယ် ၊ ရဲတွေကပြန်ပစ်တော့ လူအုပ်စုဘက်က ၂ ယောက်သေတယ် အလောင်းကို ပြန်မဆွဲနိုင်ခဲ့ဘူး ” လို့ ရွှေပန်းကုံး ရွာခံတစ်ယောက်က ပြောပါတယ်။   အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲနဲ့ နီးစပ်သူတစ်ယောက်က” ဝက်လက်နယ်ဘက်ကနဲ့ အရာတော်နယ်ဘက်က လူတွေပေါင်းပြီး အင်အား ၂…

Read More

အာဖဂန်မှ ထွက်ပြေးမိတဲ့အတွက် ပြည်သူတွေကို သမ္မတဟောင်းဂါနီ တောင်းပန်

ဒူဘိုင်း၊ စက်တင်ဘာ-၉-၂၀၂၁ မျိုးဆက် (VOM)   အာဖဂန်သမ္မတဟောင်း ဂါနီဟာ ယူအေအီးနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီူ အာဖဂန်ပြည်သူတွေကို စက်တင်ဘာ ၈ ရက်မှာ တောင်းပန်လိုက်ပါတယ်။   ကဘူးမြို့ကနေ ထွက်ခွာရတာဟာ မိမိဘ၀ရဲ့ အခက်ခဲဆုံး ဆုံးဖြတ်ချက်ဖြစ်ပြီး အခြားနည်းလမ်းတွေမရှိခဲ့ဘူးလို့ သမ္မတဟောင်းဂါနီက ပြောပါတယ်။   သြဂုတ် ၁၅ ရက်မှာ မြို့တော်ကဘူးကို တာလီဘန်အဖွဲ့့ သိမ်းယူလိုက်ချိန်မှာ သမ္မတဂါနီဟာ မြို့တော်ကနေ ရုတ်တရက်ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။   ပြည်သူတွေကို စွန့်ခွာသွားဖို့ ရည်ရွယ်ချက်မရှိပေမယ့်လည်း ဒါဟာ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်လို့ ဂါနီကဆိုပါတယ်။   အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့ နိုင်ငံမှထွက်ခွာရုံမှတပါး အခြားရွေးချယ် စရာနည်းလမ်းမရှိခဲ့ဘူးလို့သူကပြောပါတယ်။ အာဖဂန်နစ္စတန်ကို ဒီမိုကရေစီရရှိရေး၊ သာယာဝပြောရေးနဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်စေဖို့ နှစ်ပေါင်း ၂၀ လုံးအချိန်ပေးလုပ်ဆောင်ခဲ့တယ်လို့ သမ္မတဟောင်း ဂါနီက ပြောပါတယ်။   လက်ရှိမှာတော့ တာလီဘန်အဖွဲ့ဟာ အာဖဂန်အစိုးရသစ်ကို…

Read More

ရွှေဘိုနယ်မှာ ထွေ/အုပ်ဝန်ထမ်း ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

စက်တင်ဘာ ၊ ၉ -၂၀၂၁ ရွှေဘုန်းမြတ်စံ(VOM)   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်က ထွေ/အုပ်ဝန်ထမ်း ၁ ဦးဟာ မနေ့ စက်တင်ဘာ ၈ ရက် မနက် အစောပိုင်းက သေနတ်နဲ့ ပစ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ရွှေဘိုထွေ/အုပ် အသိုင်းအဝိုင်းကနေ သိရပါတယ်။   အသက် ၅၀ နှစ်အရွယ် ထွေအုပ်စာရေး ဦးကျော်ဝင်းနိုင်ဆိုသူဟာ ရွှေဘိုမြို့နယ်၊ ဘိုးတော်တောကျေးရွာမှာ ရွာစာရေးတာဝန်ထမ်းဆောင်နေရင်း မနေ့ မနက် ၆ နာရီက ဘိုးတော်တောရွာရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ယာခင်းတောကို နှမ်းစိုက်ဖို့သွားတဲ့အချိန် သေနတ်နဲ့ ၃ ချက်ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။   ” ရွာအုပ်စာရေး ကိုကျော်ဝင်းနိုင်က နှမ်းကျဲဖို့ ယာခင်းတောသွားတာ၊ သူ့ရဲ့ တဝမ်းကွဲ ယောက်ဖနဲ့ဖြစ်တယ် ၊ သေနတ်သမားတွေက အသက် ၃၀…

Read More

ကလေးမြို့နယ်က သုံးဘီးဆိုင်ကယ် မောင်းသူ ၂ ဦးသေနတ်နဲ့ပစ်ခံရလို့ သေဆုံး

စက်တင်ဘာ ၊ ၉ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်စံပြကျေးရွာမှာနေတဲ့ သုံးဘီးဆိုင်ကယ် အငှားမောင်းတဲ့ လူ ၂ ဦးကို အမည်မသိ လူတစုက မနေ့ စက်တင်ဘာ ၈ ရက် မနက်အစောပိုင်းက သေနတ်နဲ့ပစ်ရပြီး သေဆုံးသွားတယ်လို့ ကလေးနယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ညက သေနတ်တွေနဲ့ လူတွေရောက်လာတယ် ၊ မင်းတို့က သတင်းပေးကောင်တွေလို့ ပြောပြီး သေနတ်နဲ့ပစ်သွားတာ၊ ၂ ယောက်စလုံးသေတယ် ” လို့ ရာဇဂြိုလ်ရွာခံ တစ်ယောက်က ပြောပါတယ်။   အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်မှာ သေနတ်မှန် သေဆုံးသူ လူ ၂ ဦးကတော့ ကိုဝင်းဇော် အသက် ၄၅ နှစ် နဲ့…

Read More

နဘား စစ်ဆေးဂိတ်တာဝန်ကျ ယာဥ်ထိန်းရဲတွေ သေနတ်နဲ့ပစ်ခံရလို့ ဒုရဲအုပ် ၁ ဦး သေဆုံး၊၁ ဦး ပျောက်ဆုံးနေ

စက်တင်ဘာ ၊၉ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ နဘားပူးပေါင်းစစ်ဆေးဂိတ်မှာ တာဝန်ထမ်းဆောင်ပြီး ကသာ ယာဥ်ထိန်းစခန်းကို ပြန်လာတာတဲ့ ယာဥ်ထိန်းရဲ ၃ ဦးဟာ မနေ့ စက်တင်ဘာ ၈ ရက် ည ၇ နာရီဝန်းကျင်က လမ်းမှာ သေနတ်နဲ့ပစ်ခံရတဲ့အတွက် ၁ ဦးသေဆုံးပြီး ၊ ၁ ဦးပျောက်ဆုံးကာ ၁ ဦးလွတ်မြောက်လာတယ်လို့ ကသာမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ဖြစ်တာက ကသာမြို့ရဲ့ အနောက်မြောက်ဘက် ၅ မိုင်လောက်ဝေးတဲ့ မံစီလမ်းခွဲနေရာမှာ ၊ ဖြစ်တဲအချိန်က ညနေ ၆ နာရီခွဲနဲ့ ၇ နာရီ အကြား ဖြစ်တယ် ” လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ ယာဥ်ထိန်းရဲရဲ့ မိတ်ဆွေ…

Read More

လှိုင်မြို့နယ်မှာ ဧည့်စာရင်းစစ်ရင်းနဲ့ လူဦးရေတစ်ရာနီးပါးဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ ၉-၂၀၂၁ KK + CKC (VOM)   ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၃ရပ်ကွက်၊ အသောကလမ်းနဲ့ မဟာဆွေလမ်းမှာ မနေ့ည ၁၁နာရီအချိန်က ဧည့်စာရင်းစစ်ဆေးရင်း လူဦးရေ၁၀၀နီးပါး ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီး၆၀ဦးကို ပြန်လွှတ်ပေးကာ အမျိုးသားတွေကို ဆက်လက်ဖမ်းဆီးထားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။   အသောကလမ်းမှာ နေထိုင်သူတစ်ဦးက “ဧည့်စာရင်းစစ်မလို့ဆိုပြီး တံခါးဖွင့်ခိုင်းတယ် မဖွင့်ပေးလို့မရဘူး၊ အိမ်ရှိလူကုန်ထွက်ပြရတာ မှတ်ပုံတင်ပါပြရတာတိုက်ပြီးစစ်တယ်၊ သန်းခေါင်စာရင်းရှိတဲ့သူရော ဧည့်စာရင်းမတိုင်တဲ့သူရော ဖမ်းတာ၊ ဧည့်စာရင်းကြောင့် ဖမ်းတာမဟုတ်ဘူး”လို့ ရှင်းပြပါတယ်။   ၁၃ရပ်ကွက်အတွင်းသို့ မနေ့ည ၁၁နာရီကျော်က စစ်ကားသုံးစီး ရဲကားသုံးစီး အိမ်စီးကားတွေနဲ့ ရောက် ရှိလာပြီး ဧည့်စာရင်းစစ်တယ်ဆိုတာ ဖမ်းဆီးခဲ့ခြင်းဖြစ်သလို ဖမ်းဆီးသူတွေကို ကားပေါ်တင်ခေါ်သွားတယ်လို့ မဟာဆွေလမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။   ဖမ်းဆီးခံရသူစုစုပေါင်း ၁၀၀ဝန်းကျင်ခန့်ရှိပြီး ဧည့်စာရင်းကြောင့်မဟုတ်ဘဲ ဖမ်းဆီးတဲ့အတွက် မိသားစုဝင်တွေက စိတ်ပူနေကြတယ်လို့…

Read More
VOM News

FREE
VIEW