လှိုင်မြို့နယ်မှာ ဧည့်စာရင်းစစ်ရင်း ဖမ်းဆီးခံရသူ ၁၀၀ကျော်ကို အကုန်ပြန်လွှတ်

ရန်ကုန်၊စက်တင်ဘာ ၉-၂၀၂၁
KK+CKC(VOM)
 
ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၃ရပ်ကွက်မှာ မနေ့စက်တင်ဘာ ၈ရက်နေ့ ညပိုင်းက ဧည့်စာရင်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တဲ့လူဦးရေ၁၀၀ကျော်ကို ဒီကနေ့ မနက်ပိုင်းကပဲ အကုန်ပြန်လွှတ်ပေးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေကနေ သိရပါတယ်။
 
၁၃ရပ်ကွက်အတွင်း ဧည့်စာရင်းနဲ့ဖမ်းဆီးခံရသူ စုစုပေါင်း ၁၂၂ ယောက်ရှိပြီး လှိုင်မြို့နယ်မြို့မရဲစခန်းက ဒီကနေ့ မနက် ၁၀နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ အသောကလမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
 
“ပိုက်ဆံမပေးရပါဘူး ဒီအတိုင်းပဲ ပြန်လွှတ်တာ၊ ဖုန်းတွေမှတ်ပုံတင်တွေလည်း အကုန်ပြန်ပေးတယ်၊ အကုန်ပြန်လွှတ်ပါပြီ”လို့ သူကပြောပါတယ်။
 
လှိုင်မြို့မရဲစခန်းက ပြန်လွတ်လာသူတွေဟာ မနေ့ညက လှိုင်မြို့နယ် ၁၃ရပ်ကွက် အသောကလမ်းနဲ့မဟာဆွေလမ်းမှာ ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပါတယ်။
 
” ၁၂၀ကျော်ပါဗျ၊ ဟုတ်ကဲ့အကုန်လုံးပြန်လွတ်လာပြီလို့သိရပါတယ်။ ဖမ်းတာကတော့ ဧည့်စာရင်းမတိုင်လို့ရယ် ၊ ဧည့်စာရင်းတိုင်ထားတာ ရက်လွန်သွားလို့ရယ် ၊ အဲ့တာတွေကြောင့်ပါ ” လို့ လိူင်မြို့နယ်နေသူတစ်ဦးကပြောပါတယ်။
 
ဒါ့အပြင် မနေ့ညပိုင်းက ရွှေပြည်သာ ၁၈ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်တဲ့ကိစွနဲ့ပတ်သက်ပြီး ရပ်ကွက်အတွင်းဧည့်စာရင်းစစ်ကာ ဖမ်းဆီးခံရသူသုံးဦးလည်း ပြန်လည်လွှတ်မြောက်လာတယ်လို့ ၁၈ရပ်ကွက်
နေသူတစ်ဦးက ပြောပါတယ်။
 
လှိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ဌာနဆိုင်ရာရုံးတွေ၊ စစ်တပ်ပိုင်စက်ရုံတွေနဲ့ အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့သေဆုံးခဲ့သူအချို့လည်းရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW