အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာ့အရေးအားထုတ်မှု အပြည့်အဝထောက်ခံမယ်လို့ ဂျပန်ကတိပြု

တိုကျို၊ စက်တင်ဘာ-၉-၂၀၂၁
မျိုးဆက် (VOM)
 
မြန်မာနိုင်ငံမှာဖြစ်ပွာနေတဲ့ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof ရဲ့အားထုတ်မှုတွေကို ဂျပန်နိုင်ငံက အပြည့်အဝထောက်ခံတယ်လို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီး တိုရှီမစ်ဆုမိုတီဂီက စက်တင်ဘာ ၈ ရက်မှာကတိပြုပြောဆိုလိုက်ပါတယ်။
 
အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof ဟာမြန်မာနိုင်ငံကို ဖြစ်နိုင်သမျှ အစောဆုံးသွားရောက်ဖို့ဆန္ဒပြင်းပြနေတယ်လို့ မိုတီဂီနဲ့ မိနစ် ၃၀ ကြာ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးရာမှာ ပြောကြားခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာနက ဆိုပါတယ်။
 
အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ နိုင်ငံရေးမှာပါ၀င်ပတ်သက်သူတွေအားလုံးနဲ့ တတ်နိုင်သမျှ တွေ့ဆုံဆွေးနွေးဖို့ အရေးကြီးကြောင်းနဲ့ သူ့ရဲ့ လုပ်ငန်းစဉ်တွေအောင်မြင်ဖို့ တတ်နိုင်တာအားလုံး ဂျပန်နိုင်ငံကကူညီသွားမယ်လို့ နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
စက်တင်ဘာလလယ်ကစပြီး မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ချောချောမွေ့မွေ့ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးအနေနဲ့ လေးလကြာအပစ်အခတ်ရပ်စဲဖို့ကို အာဆီယံအထူးကိယ်စားလှယ်က တောင်းဆိုထားပါတယ်။
 
ဒါ့အပြင် မြန်မာနိုင်ငံကိုသွားရောက်မယ့်သူ့ရဲ့ ခရီးစဉ်အတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေးတောင်းဆိုထားတာကတော့ မသေချာသေးဘူးလို့ Erywan Yusof ကပြောဆိုပါတယ်။
 
Ref: Japan Times
Photo: Reuters
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW