တွံတေးနယ် ကံဘဲ့ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၉၊၂၀၂၁
KK(VOM)
 
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ကံဘဲ့ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဒီကနေ့ မနက်၉နာရီက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” တွံတေးမြို့နယ် ကံဘဲ့ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဒီကနေ့ မနက်ပိုင်းက ဦးစီးမှုး ဖုန်းဆက်ခေါ်လို့ သွားတဲ့အချိန် တွံတေး၊ဒလ၊ ကော့မှူးကန်ပတ်လမ်းဆုံမီးပွိုင့်အနီးမှာ အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့တယ်၊ လမ်းဆုံမှာ အပစ်ခံရတာ ကားပေါ်က ပစ်သွားတာ ဘယ်အဖွဲ့ကပစ်လဲ တော့မသိဘူး ပွဲချင်းပြီးသေတာ” လို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
 
သေဆုံးသူဟာ ကံဘဲ့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လှ၊ အသက် ၅၅နှစ် ဆိုသူဖြစ်ပြီး ဦးခေါင်း ယာဘက်နားထင် ကျည်ထိမှန်ခဲ့ပြီး သေဆုံးခဲ့ကာ ရုပ်အလောင်းကို တွံတေးဆေးရုံပို့ထားတယ်လို့ သိရပါတယ်။
 
လက်တလော အခင်းဖြစ်ပွားရာ ကံဘဲ့လမ်းဆုံနဲ့ကံဘဲ့ကျေးရွာအတွင်း စစ်တပ်နဲ့ရဲတွေက စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
#voiceofmyanmar #VOM #တွံတေး

Related posts

Leave a Comment

VOM News

FREE
VIEW