ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဒုသမ္မတနေရာအတွက် ရွေးကောက်ပွဲ၀င်မယ်

မနီလာ၊ စက်တင်ဘာ-၉-၂၀၂၁
မျိုးဆက် (VOM)
 
ဖိလစ်ပိုင်နိုင်ငံရဲ့ လက်ရှိသမ္မတဒူတာတေးဟာ လာမယ့်နှစ်ရွေးကောက်ပွဲတွင် ဒုတိယသမ္မတနေရာက ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပါတီရဲ့ အမည်စာရင်းတင်သွင်းမှုကို စက်တင်ဘာ ၉ ရက်မှာ လက်ခံလိုပါတယ်။
 
ဖိလစ်ပိုင်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဒူတာတေးဟာ သမ္မတသက်တမ်းနောက်တစ်ကြိမ် ထမ်းဆောင်ခွင့်မရှိတော့ပါဘူး။
 
ဒါပေမယ့် ဒုသမ္မတနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ဖို့ လုပ်ဆောင်တာဟာ နိုင်ငံ့အာဏာကို ဆက်လက်ထိန်းချုပ်ဖို့လို့ အတိုက်အခံတွေက စွပ်စွဲထားပါတယ်။
 
ဒါပေမာ့်သမ္မတဒူတာတေးကတော့ သူဟာ တိုင်းပြည်ကိုချစ်တဲ့စိတ်ကြောင့် ဒုတိယသမ္မတနေရာက ၀င်ရောက် အရွေးချယ်ခံခြင်းဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
 
သမ္မတနေရာ ၀င်ရောက်ယှဉ်ပြိုင်မယ့် မိတ်ဖက်အဖြစ် နိုင်ငံရေး အတွေ့အကြုံနည်းသူကို ဒူတာတေးက ရွေးချယ်မယ်လို့ ထင်ကြေးတွေလည်း ထွက်ပေါ်နေပါတယ်။
 
သမ္မတဒူတာတေးဟာ နိုင်ငံအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို အကြီးအကျယ်လုပ်ဆောင်ခဲ့ပြီး သူ့ရဲ့သမ္မတသက်တမ်း ခြောက်လအတွင်းမှာလုပ်ခဲ့တဲ့ မူးယစ်စစ်ပွဲအတွင်း လူ ၇၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #မနီလာ

Related posts

Leave a Comment

VOM News

FREE
VIEW