စစ်ကိုင်းတိုင်းမှာ တာဝါတိုင် ၁ ဒါဇင်နီးပါး ပျက်စီးနေပြီး ပြင်ဆင်နိုင်ခြင်း မရှိသေး

စက်တင်ဘာ ၉ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၃၇ မြို့နယ်မှာရှိတဲ့ ဆက်သွယ်ရေးလုပ်ငန်းသုံး မိုက်ကရိုဝေ့ဗ် တာဝါတိုင်တွေ ဖျက်စီးခံရတာဟာ ၁ ဒါဇင်နီးပါးရှိပြီး အဲ့ဒီ ပျက်စီးသွားတဲ့ တာဝါတိုင်တွေကို ပြန်လည် ပြင်ဆင်နိုင်ခြင်း မရှိသေးဘူးလို့ စစ်ကိုင်းတိုင်း ဆက်သွယ်ရေးဌာန အသိုင်းအဝိုင်းဆီက သိရပါတယ်။
 
” အစားထိုးပြင်ဆင်ရမယ့် လိုအပ်တဲ့ ပစ္စည်း အခက်အခဲ ရှိတာနဲ့ ပျက်စီးနေရာတွေ သွားရောက်ပြင်ဆင်ဖို့ လုံခြုံရေး စိတ်မချရတဲ့ အခက်အခဲတွေကြောင့် မပြင်ဆင်နိုင်သေးတာ ” လို့ တယ်လီကွန်း ကုမ္မဏီ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
 
ပျက်စီးသွားတဲ့ မိုက်ကရိုဝေ့ဗ် တာဝါတိုင်တွေမှာ အစားထိုးတပ်ဆင် ပြုပြင်ရမယ့် ပစ္စည်းတွေဟာ ပြည်ပကနေ မှာယူတင်သွင်းပြီးမှ လုပ်ရမှာဖြစ်တဲ့အတွက် လတ်တလော ပြင်ဆင်ပေးနိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။
 
ဒါ့အပြင် တာဝါတိုင်မှာ တပ်ဆင်ထားတဲ့ဆက်သွယ်ရေး ပစ္စည်း ချို့ယွင်းတာတွေ အစားထိုးတပ်ဆင် ပြုပြင်ဖို့အတွက် ပညာရှင်တွေနဲ့ အလုပ်သမားတွေရဲ့ အသက်အန္တရာယ် လုံခြုံရေး စိတ်မချရသေးတဲ့အတွက် ပြင်ဆင်ပေးဖို့လည်းခက်ခဲနေတာ ဖြစ်ပါတယ်။
 
” တာဝါတိုင်တွေဆိုတာ ရာသီဥတုနဲ့ သဘာဝဘေးန္တရာယ်ကို အရင်ဆုံး တွက်ချက် တိုင်းတာပြီးမှ တည်ဆောက်ကြရတာပါ ၊ အခုပျက်စီး ချို့ယွင်းတယ်ဆိုတာက လူ့တွေရဲ့ ပယောဂကြောင့် ဖြစ်တဲ့အတွက် အဲ့ဒီ ပျက်စီးတာတွေက ပြုပြင်ရနိုင်တဲ့ အခြေအနေ မရှိဘူး ၊ အသစ်တပ်ဆင်ရမယ့် အခြေအနေဖြစ်တယ် ” လို့ ဆက်သွယ်ရေး အင်ဂျင်နီယာ တစ်ယောက်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ မေလကစလို့ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်နဲ့ ကနီမြို့နယ်အကြားက တာဝါတိုင်တချို့ မီးရှို့ဖျက်စီးခံရပြီး နောက် ယင်းမာပင် ၊ ပုလဲ ၊ ဘုတလင် ၊ တန့်ဆည်စတဲ့ နယ်ဘက်က တာဝါတိုင်တွေ ပျက်စီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
” မီးရှို့တယ် ၊ မိုင်းဖောက်ခွဲတယ် ၊ လျှပ်စစ်ဓာတ်အားပေးစနစ် ပျက်ယွင်းသွားအောင် ဆိုလာတွေ ဘက်ထရီတွေနဲ့ အင်ရျင်မီးစက်တွေ ဖျက်စီးတယ် ၊ အဲ့ဒီလို လုပ်တာကြောင့် လျှပ်စီး ရှော့ခ်တွေ မိန်းဆာကစ်တွေထဲ စီးဝင်ပြီး ချိတ်ဆက်မှု အာရုဏ်ခံ စနစ်တွေပြတ်တောက်ကုန်တာ ဖြစ်တယ်” လို့ မိုက်ကရိုဝေ့ဗ် ဆက်ကြောင်း ပညာရှင် တစ်ယောက်က ပြောပါတယ် ။
 
#voiceofmyanmar #VOM #တာဝါတိုင်

Related posts

Leave a Comment

VOM News

FREE
VIEW