ကန့်ဘလူနယ် တရော်ကိုင်းရွာအုပ်ချုပ်ရေးမှူး လယ်ထွန်စက်မောင်းနေရင်း သေနတ်ပစ်ခံရပြီး သေဆုံး

စက်တင်ဘာ ၁၁ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ရှေရှင်ကျေးရွာအုပ်စု ၊ တရော်ကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူဟာ ဒီကနေ့ မနက်ပိုင်းက ယာခင်းအတွင်း လယ်ထွန်စက်မောင်းနေချိန် သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ကန့်ဘလူမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ယာခင်းထဲမှာ နှမ်းကျဲဖို့ လယ်ထွန်းပြီး ရွာပြန်ဖို့ လယ်ထွန်စက်အပေါ် တက်တဲ့အချိန် သေနတ်နဲ့ပစ်ခံရတာ၊ လည်ပင်းမှာ ကျည် ၂ ချက်ထိတယ် ၊ ပြီးတော့ ဓားနဲ့ ခုတ်ထားတယ် ” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
 
သေဆုံးသူ ဦးစိန်မင်း ဆိုသူဟာ အရင်အုပ်ချုပ်ရေးမှူးဟောင်းတစ်ယောက်ဖြစ်ပြီး အသက်အရွယ်အားဖြင့် ၅၀ နှစ်ဝန်းကျင် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရွှေဘိုမြို့နယ်၊ ဘိုးတော်တောရွာက ရွာအုပ်စာရေး ထွေ/အုပ် ဝန်ထမ်းတစ်​ယောက်ဟာ ယာခင်းအတွင်း နှမ်းကျဲနေစဥ် သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရွှေဘို #ရွာအုပ်ချုပ်ရေးမှူး #သေနတ်ပစ်ခံရ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW