မုံရွာ၊ မုံရွေးရွာသား ၁၁ ​ယောက် ဖမ်းဆီးခံရ

စက်တင်ဘာ ၊ ၁၁ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ( VOM)   စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ မုံရွာ မန္တလေး ကားလမ်းဘေးက မုံရွေးရွာထဲကို စက်တင်ဘာ ၁၀ရက်ညက စစ်သားနဲ့ ရဲတွေက နေအိမ်တချို့ ဝင်ရောက်ရှာဖွေတာတွေလုပ်ပြီး ဖမ်းဆီးသွားတယ်လို့ မုံရွေးရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” မနေ့ည ၁၀ နောက်ပိုင်းမှာ ရွာထဲကို ဝင်လာပြီး အိမ်တွေကိုရှာတယ် ၊ နောက်ပြီး ရွာက ကိုမျိုးသက် အပါအဝင် လူ ၁၁ ယောက်ကို ဖမ်းသွားတယ် ၊ အဖမ်းခံရတဲ့ လူတွေနဲ့ပတ်သက်ပြီး အခုမှ ဘယ်သူတွေပါတယ်ဆိုတာ လုပ်နေကြတုန်း ” လို့ မုံရွေးရွာခံ တစ်ယောက်က ပြောပါတယ်။   အဲ့ဒီ မုံရွေးရွာဟာ မုံရွာမြို့နယ်ထဲက ကျေးရွာတွေအနက် ညသပိတ်…

Read More

ကန့်ဘလူနယ် တရော်ကိုင်းရွာအုပ်ချုပ်ရေးမှူး လယ်ထွန်စက်မောင်းနေရင်း သေနတ်ပစ်ခံရပြီး သေဆုံး

စက်တင်ဘာ ၁၁ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ရှေရှင်ကျေးရွာအုပ်စု ၊ တရော်ကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူဟာ ဒီကနေ့ မနက်ပိုင်းက ယာခင်းအတွင်း လယ်ထွန်စက်မောင်းနေချိန် သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ကန့်ဘလူမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ယာခင်းထဲမှာ နှမ်းကျဲဖို့ လယ်ထွန်းပြီး ရွာပြန်ဖို့ လယ်ထွန်စက်အပေါ် တက်တဲ့အချိန် သေနတ်နဲ့ပစ်ခံရတာ၊ လည်ပင်းမှာ ကျည် ၂ ချက်ထိတယ် ၊ ပြီးတော့ ဓားနဲ့ ခုတ်ထားတယ် ” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။   သေဆုံးသူ ဦးစိန်မင်း ဆိုသူဟာ အရင်အုပ်ချုပ်ရေးမှူးဟောင်းတစ်ယောက်ဖြစ်ပြီး အသက်အရွယ်အားဖြင့် ၅၀ နှစ်ဝန်းကျင် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။   ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရွှေဘိုမြို့နယ်၊…

Read More

ရုရှားနဲ့ အလုံးစုံစစ်ပွဲဖြစ်နိုင်ခြေရှိတယ်လို့ ယူကရိန်းသမ္မတပြော

ကိယက်ဗ်၊ စက်တင်ဘာ-၁၁-၂၀၂၁ မျိုးဆက် (VOM)   ယူကရိန်းဟာ အိမ်နီးချင်းရုရှားနိုင်ငံနဲ့ အလုံးစုံစစ်ပွဲဖြစ်နိုင်ခြေရှိတယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   နှစ်နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်နဲ့ အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ ဆန္ဒရှိတယ်လို့ သူကပြောပါတယ်။   ၂၀၁၄ ခုနှစ်မှာ ကရိုင်းမီးယားကျွန်းဆွယ်ကို တိုက်ခိုက်သိမ်းပိုက်ပြီး ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေကို ကျောထောက်နောက်ခံပြုထားတဲ့ ရုရှားနိုင်ငနဲ့ စစ်ဖြစ်နိုင်ခြေကို ယယ်လ်တာဥရောပမဟာဗျူဟာဆွေးနွေးပွဲ (ဝိုင်အီးအက်စ်) မှာ ယူကရိန်းသမ္မတက ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။   ဒါဟာ အဆိုးဆုံးဖြစ်ကောင်းဖြစ်လာနိုင်ကြောင်း ၊ ဒါပေမယ့် စစ်ပွဲကတော့ ကံအကြောင်းမလှစွာပင် ဖြစ်နိုင်ခြေရှိတယ်လို့ သမ္မတ ဇယ်လန်စကီးက ပြောပါတယ်။   အမေရိကန်နဲ့ ဆက်ဆံရေးကတော့ တိုးတက်ကောင်းမွန်ခဲ့ပေမယ့် နေတိုးမဟာမိတ်အဖွဲ့သို့၀င်ရောက်ဖို့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့အဖြေမရသေးတာကြောင့် စိတ်ပျက်မိတယ်လို့ ယူကရိန်းသမ္မတကဆိုပါတယ်။   ယူကရိန်းအရှေ့ပိုင်းမှာ…

Read More

ပုဂံရှိ ဆင်ကဘုရားအပေါ်က ခြင်္သေ့အပေါ်ပိုင်းပြိုကျမှုဖြစ်ပွား

စက်တင်ဘာ ၁၁-၂၀၂၁ CKC (VOM)   မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းက ဘုရားအမှတ် ၁၀၄၂ ၊ ဆင်ကဘုရား ရဲ့အပေါ် အနောက်တောင်ထောင့်က ခြင်္သေ့အပေါ်ပိုင်းပြိုကျမှု ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲကနေ သိရပါတယ်။   ” ဒီနေ့ စက်တင်ဘာ ၁၁ ရက်နေ့ ရွာတဲ့မိုးကြောင့် ပြိုကျခဲ့တာ၊ အပေါ်က ခြင်္သေ့ခေါ်မှာပေါ့။ အနောက်တောင်ဒေါင့်ရဲ့ခြင်္သေ့အပေါ်ပိုင်းပေါ့။မများပါဘူး။ပြိုတာတော့မဟုတ်ဘူး နည်းနည်းပဲ့ကျတာပေါ့။ကွင်းဆင်းကြည့်ပြီး တိုင်းပြီးပြီ မှတ်ပြီးပြီ ထိန်းဖို့လုပ်နေပါပြီ။ ရေစိမ့်တာလေးတော့ရှိတယ်။ဒီမှာမိုးကများနေတာ။ ” လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်ကပြောပါတယ်။   ဆင်ကဘုရားဟာ ပုဂံမြို့ ၊ ကျန်စစ်နယ်မြေ ၊ရွှေလောင်းရပ်ကွက်မှာ တည်ရှိတာဖြစ်တယ်လို့ သိရပါတယ်။   ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ကလည်း ပုဂံမှာ မိုးရွာသွန်းမှုများတာကြောင့် သံပျင်စွာဘုရားနံရံ ပြိုကျမှုဖြစ်ပွားခဲ့သလို…

Read More

နေပြည်တော်နယ်မြေမှာ ပထမဆုံး ပစ်ခတ်လုပ်ကြံမှုဖြစ်

နေပြည်တော်- စက်တင်ဘာ-၁၁-၂၀၂၁ KT(VOM)   စက်တင်ဘာလ ၁၀ ရက် ည ၇ နာရီခွဲအချိန်က ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ မောင်းရမ်းကျေးရွာမှာ ဒေါ်ခင်မာဌေးဆိုတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်နဲ့ သမီးဖြစ်သူ မစန္ဒာဖြိုးနေအိမ်ရှေ့၌ ကွမ်းယာနေစဉ် မော်တော်ဆိုင်ကယ်နဲ့ လူတစ်ဦးရောက်လာပြီး အမည်မသိသေနတ်အမျိုးအစားနဲ့ ပစ်ခတ်တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။   ဒီဖြစ်စဉ်ဖြစ်တဲ့ ပတ်ဝန်းကျင်က ဒေသခံတယောက်ပြောပြတာက   ” ဒေါ်ခင်မာဌေးမှာ ဗိုက် ၁ ချက် ၊ ဝဲနံအောက် ၁ ချက်၊ ဝဲလက်မောင်း ၁ ချက် ပစ်ခံရလို့ စိုးရိမ်ရတယ် ။ သမီးဖြစ်တဲ့ မစန္ဒီဖြိုးကနော့ ယာလက်မောင်း ၁ ချက်မှန်တာ မစိုးရိမ်ရဘူး သူတို့ကို စစ်ဆေးရုံသို့ပို့ ကုနေတယ်” လို့ပြောပါတယ်။   လုပ်​ကြံခံရသူ ဒေါ်ခင်မာဌေးဟာ တပ်မတော်ထောက်ခံတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးလည်းဖြစ်ကြောင်း အမည်မဖော်လိုတဲ့ မောင်းရမ်းရွာသားတစ်ဦးက…

Read More

မြောင်မြို့နယ် မြစ်ဆုံရွာအနီးက ပစ်ခတ်မှုတွေမှာ စစ်သား ၁ ဦး အပါအဝင် လူ ၂ ဦးသေဆုံး

စက်တင်ဘာ ၁၁ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊မြောင်မြို့နယ် ၊ မြစ်ဆုံကျေးရွာရဲ့ အနောက်ဘက် ယာခင်းတောထဲမှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာကြောင့် အဲ့ဒီ ပစ်ခတ်မှုမှာ လူသေဆုံးမှုတွေရှိတယ်လို့ မြောင်နယ်ခံတွေရဲ့ ပြောပြချက်ရ သိရပါတယ်။   ” ရွာဘက်ကိုရောက်လာတဲ့ စစ်သား ၁ ရာလောက်နဲ့ အမည်မသိ လက်နက်ကိုင် အဖွဲ့တွေနဲ့ ၁ နာရီ နီးပါး ပစ်ခတ်ကြတာ ” လို့ မြစ်ဆုံရွာခံ တစ်ယောက်က ပြောပါတယ်။   အဲ့ဒီ ပစ်ခတ်မှုမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ပြောက်ကျား ဘောင်းဘီရှည်နဲ့ လူ ၁ ယောက် သေဆုံးနေတာကို တွေ့ရပြီး ကျည်ဆံထိမှန်ထားတဲ့ စစ်သား ၁ ယောက်ကိုတော့ စစ်သားတွေက မြင်းခြံမြို့နယ်ထဲက ကိုင်းရွာဘက်ကို…

Read More

ထီးချိုင့်နယ်မှာ ပြည်ခိုင်ဖြိုးပါတီဝင်နေအိမ် သေနတ်နဲ့ ပစ်ခံရလို့ သားအဖ ၂ ယောက် သေဆုံး

စက်တင်ဘာ ၊ ၁၁ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ကသာခရိုင် ထီးချိုင့်မြို့နယ် ကမ်းနီကျေးရွာအုပ်စု ၊ ဝဲကြီးကျေးရွာက ပြည်ခိုင်ဖြိုးပါတီဝင်ရဲ့ နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် လူ ၂ ယောက် ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ ထီးချိုင့်နယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ဝဲကြီးရွာက ပြည်ခိုင်ဖြိုး ဦးအောင်မျိုးရဲ့ အိမ်မှာ သေနတ်နဲ့ အပစ်ခံရတဲ့ လူ ၂ ယောက်က ဦးအောင်မျိုးရဲ့ ယောက်ဖနံ့ တူမဖြစ်တယ် ၊ သူတို့အိမ်ရှေ့ကနေ လက်နက်တွေကိုင်ထားတဲ့ လူ ၃၀ လောက်ဖြတ်သွားတာကို အိမ်ရှေ့ထွက်ကြည့်နေတဲ့အချိန် သေနတ်နဲ့ ပစ်ခံရတာ ” လို့ ဝဲကြိးရွာခံတစ်ယောက်က ပြောပါတယ်။   ဒါ့အပြင် ကျည်ဆံထိမှန် သေဆုံးသူခဲ့သူ ၂ ယောက်ဟာ သားအဖတွေဖြစ်ကြပြီး…

Read More

ဇွန်လကစလို့ ရက်ပေါင်း ၁ ရာအတွင်း စစ်ကိုင်းတိုင်းထဲက ရပ်ကျေး အုပ်ချုပ်ရေးမှူး ၃ ရာဝန်းကျင် အလုပ်ထွက်စာတင်

စက်တင်ဘာ ၁၁ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်းမှာရှိတဲ့ ၃၇ မြို့နယ်ထဲက ရပ်ကွက် ၊ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ထမ်းဆောင်နေတဲ့ အုပ်ချုပ်ရေးမှူး အများစုဟာ တာဝန်ကနေ အနားယူဖို့ နုတ်ထွက်စာတွေ တင်ပြလာကြတာ​တွေရှိတယ်လို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အသိုင်းအဝိုင်းဆီက သိရပါတယ်။   ” ကလေးမြို့နယ် ၊ ဒီပဲယင်းမြို့နယ်နဲ့ မြောင်နယ်ဘက်တွေမှာဖြစ်ပြီး ကျန်မြို့နယ်တွေဘက်မှာလည်း တင်ပြတာတွေရှိတယ် ” လို့ တိုင်း ထွေအုပ်ရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။   အဲ့ဒီလို ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အလုပ်ထွက်စာ တင်ပြကြတာနဲ့ ပတ်သက်ပြီး ကလေးမြို့ခံ တစ်ယောက် ပြောတာက   ” ၈ ရက်နေ့ညက ပျဥ်းခုံကြီးရွာအုပ်ချုပ်ရေးမှူး နဲ့ မော်စီရွာ အုပ်ချုပ်ရေးမှူး ၂…

Read More

လှိုင်၊ကမာရွတ်၊မရမ်းကုန်း၊တောင်ဥက္ကလာမြို့နယ်က လူငယ် ၁၀ဦးကျော် ဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ ၁၁၊၂၀၂၁ KK(VOM)   ရန်ကုန်မြို့ရှိ လှိုင်၊ကမာရွတ်၊တောင်ဥက္ကလာနဲ့မရမ်းကုန်းမြို့နယ်တို့မှာ မနေ့စက်တင်ဘာ ၁၀ရက် ညပိုင်းက ဧည့်စာရင်းစစ်ဆေးရင်း လူငယ် ၁၀ဦးကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ အဲ့ဒီမြို့နယ်ဒေသခံတွေဆီက သိရပါတယ်။   လှိုင်မြို့နယ်၊ အေးရိပ်မွန်၉လမ်းမှာ နေထိုင်သူတစ်ဦးက ” လှိုင်မြို့နယ်၊ အမှတ် ၅ရပ်ကွက်၊ အေးရိပ်မွန်၉လမ်းမှာ မနေ့ညပိုင်းက စစ်တပ်နဲ့ရဲတွေဟာ လူငယ် ၆ဦးကို ဧည့်စာရင်းစစ်ဆေးတာဆိုပြီး ဖမ်းဆီးခဲ့တယ်”လို့ ပြောပါတယ်။   ကမာရွတ်မြို့နယ် ၈ရပ်ကွက် ခေမာသီလမ်းမှာလည်း စစ်တပ်နဲ့ရဲတွေဟာ အမျိုးသားတစ်ဦးကို လာရောက်ဖမ်းဆီးချိန် မတွေ့တဲ့အတွက် ဇနီးဖြစ်သူကို ဖမ်းဆီးသွားတယ်လို့ ၈ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။   တောင်ဥက္ကလာမြို့နယ်၊ ၁၄/၁ရပ်ကွက်၊ မြင်သာ ၉လမ်းမှာ စစ်တပ်နဲ့ရဲတွေ ကင်းပုန်းဝပ်နေစဥ် အမျိုးသားတစ်ဦးကိုတွေ့လို့ ကားပေါ်တင်ပြီး ဖမ်းဆီးသွားတယ်လို့ မြင်သာလမ်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။   အလားတူ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ ဇေယျာသုလမ်းမှာ…

Read More
VOM News

FREE
VIEW